Sales Hotline : 09448001653       Download App



၂၀၁၈ ဂျပန်နိုင်ငံလေ့လာရေးအစီအစဉ်သို့ ဘက်စုံထူးချွန်သူများ စေလွှတ်မည့်စာရင်း

၂၀၁၈ ဂျပန်နိုင်ငံလေ့လာရေးအစီအစဉ်သို့ ဘက်စုံထူးချွန်သူများ စေလွှတ်မည့်စာရင်း

 မြန်မာ-ဂျပန်အသင်း(MJA)၏ ပညာရည်ထူးချွန်ဆု(ဂျပန်နိုင်ငံလေ့လာရေးခရီးစဉ် ၂၀၁၈)အတွက် ဘက်စုံထူးချွန်ဆု ၁ဝ ဦးအားရွေးချယ်ပြီး ဂျပန်နိုင်ငံသို့ ၈ ညအိပ်၊ ၉ ရက်ကြာ လေ့လာရေးခရီစဉ် ဉ် (Honnie Stay အပါအဝင်) ကို အောက်တိုဘာလဆန်းတွင် စေလွှတ်သွားမည်ဖြစ်ရာ ပညာရည်ထူးချွန်ဆုအတွက် အဆိုပြုလွှာများပြန်လည် ပေးပို့ခဲ့သည့်အနက်မှ  သတ်မှတ်အဆင့် အရည်အချင်းပြည့်မီသူ နိုင်ငံခြားဘာသာတက္ကသိုလ်မှ ၃၀ နှင့် ၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများမှ ၄၅ ဦးပေါင်း ၇၅ ဦး

မန္တလေးမြို့နှင့် ရန်ကုန် မြို့တို့တွင် လူတွေ့စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အသင်း၏ ရွေးချယ်ရေးကော်မတီသည် ဘက်စုံထူးချွန်သူ ၁၀ ဦးအား အတည်ပြု ရွေးချယ်ခဲ့ကြောင်းနှင့် ၄င်းတို့မှာ

ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် (YUFL)

(၁) မအေးမြနန္ဒာ (တတိယနှစ် ဂျပန်ဘာသာ)

(၂) မအိအိခိုင် (တတိယနှစ်၊ ဂျပန်ဘာသာ)

(၃) မမေဖြူစင် (တတိယနှစ်၊ ဂျပန်ဘာသာ)

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် (MUFL)

(၄) မယဉ်မေဦး (တတိယနှစ်၊ ဂျပန်ဘာသာ)

(၅) မအေမီကျော် (တတိယနှစ်၊ ဂျပန်ဘာသာ)

(၆) မသဠာပြည့်ဖြိုးသန့် (တတိယနှစ်၊ ဂျပန်ဘာသာ)

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်သူများမှ

(၇) မသင်းမြနွေး (အထက-၁ ဒဂုံ၊ ရန်ကုန်)

(၈) မမိုးစမ်းညို   (ကပက-မျိုးညွှန့်၊ မန္တလေး)

(၉) မဖူးပွင့်ငွေစင် (အထက-၂၊ ကမာရွတ်၊ ရန်ကုန်)   

(၁၀) မထက်ထက်နိုင်ဝင်း (ကပက-ကြယ်တံခွန်၊ ဟင်္သာတ)

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်သူများမှ

(၁၁) မအိန္ဒြာမိုးဦး (ကပက-CAE နေပြည်တော်)

(၁၂) မောင်ဝေဟန် (အထက-၄၊ တောင်ကြီး၊ ရှမ်းပြည်နယ်)

(၁၃) မောင်အောင်ကောင်းထက် (ကပက-စိုးစံနေပြည်တော်)

(၁၄) မစုစန္ဒာထွန်း (ကက-ကန်စွန်းအင်း၊ မြိတ် တနင်္သာရီတိုင်းဒေသကြီး)

(၁၅) မသန်းသန်းဆင့် (ကပက-ရာပြည့်၊ မြစ်ကြီးနား၊ ကချင်ပြည်နယ်)

(၁၆) မောင်ဇော်လူထက် (အထက-၂၊ စစ်တွေ၊ ရခိုင်ပြည်နယ်)

(၁၇) မသီရိစိုးစံ (အထက-၁၊ ရေနံချောင်း၊ မကွေး

(၁၈) မနော်စင်မြဇူး (အထက-၂၊ ဘားအံ၊ ကရင်ပြည်နယ်)

ရွေးချယ်ခံရသည့် ကျောင်းသား/သူများသည် မြန်မာနိုင်ငံကူးလက်မှတ် လုပ်ရေး၊ ဂျပန်ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရေး အပါအဝင် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန်အတွက်  မြန်မာ-ဂျပန်အသင်းရုံး(ရန်ကုန်) ဖုန်း ၀၉-၄၂၁၁၆၂၃၃၁ သို့ အမြန်ဆုံးဆက်သွယ်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။


source: myanmar alinn

News Read 2155 times