Sales Hotline : 09448001653       Download App



ကျောင်းသားများ သိပ္ပံဘာသာရပ်ကို စိတ်ဝင်စားမှုရှိအောင် ဒီလိုသင်ပါ

ကျောင်းသားများ သိပ္ပံဘာသာရပ်ကို စိတ်ဝင်စားမှုရှိအောင် ဒီလိုသင်ပါ

အဲ့ဒီလိုမိတ်ဆက်ပေးတဲ့အခါမှာလည်း သင်ထောက်ကူပစ္စည်းတွေ (vinyl)၊ ပြီးတော့ ကျောင်းသားတွေအနေနဲ့ ဖြစ်စဉ်တစ်ခုခုကို လေ့လာဆန်းစစ်မှုပြုရင်း entertainment ပါရရှိနိုင်တဲ့ လက်တွေ့ဆောင်ရွက်မှုတွေနဲ့ သင်ကြားပေးတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ဒီလိုသင်ကြားမှုမျိုးက ကလေးတွေ သူတို့ရဲ့ကျောင်းစာကို ပိုစိတ်ဝင်စားမှုရှိလာစေပါတယ်။

ဒီမှာဖော်ပြပေးထားတာကတော့ မူလတန်းဆရာမတွေ သိပ္ပံဘာသာရပ်ကို အတန်းထဲမှာ အသုံးပြုနိုင်တဲ့ သင်ကြားပို့ချမှု အိုင်ဒီယာတချို့ပဲ ဖြစ်ပါတယ်။

လက်တွေ့စမ်းသပ်မှုများ

မူလတန်းအဆင့်မှာ အထူးပြုရမှာတစ်ခုက ကလေးတွေကို သိပ္ပံနည်းကျနည်းလမ်းတွေ သင်ကြားပေးခြင်းပဲ ဖြစ်ပါတယ်။

အဲ့ဒါတွေကတော့ ပြသနာ (problem)၊ အဆိုပြုမှု (hypothesis)၊ လက်တွေ့စမ်းသပ်မှု (experiment)၊ ပြန်လည်သုံးသပ်မှုနဲ့ (evaluation)၊ ကောက်ချက်ချမှု (conclusion) တို့ပဲဖြစ်ပါတယ်။

ပြောရရင် သိပ္ပံနည်းကျနည်းလမ်းဆိုတာကတော့ ဖြစ်စဉ်တစ်ခုကို သေချာလေ့လာဆန်းစစ်ပြီး လက်တွေ့စမ်းသပ်ခြင်းအားဖြင့် သင်ယူတာပဲဖြစ်ပါတယ်။

ဆရာမတွေအနေနဲ့ အတန်းထဲမှာ ကျောင်းသားတွေနဲ့ အတူတူပြုလုပ်နိုင်တဲ့ လက်တွေ့ဆောင်ရွက်ချက်တွေ အများကြီးရှိပါတယ်။

မူလတန်းပြဆရာမတွေကတော့ လွယ်ကူရိုးရှင်းတဲ့စမ်းသပ်မှုတွေပဲ ပြုလုပ်သင့်ပါတယ်။ အများသိကြတဲ့ သိပ္ပံစမ်းသပ်မှုတချို့ကတော့ ရေပေါ် ပေါ်နိုင်မြုပ်နိုင်တဲ့ အရာဝတ္ထုတွေကို ခွဲခြားခြင်း၊ အတန်းတွင်း မီးတောင်တစ်ခုတည်ဆောက်ခြင်း ဒါမှမဟုတ်လည်း တည်ငြိမ်လျှပ်စစ်စွမ်းအင်ကို ခွဲခြမ်းစိတ်ဖြာခြင်းတို့ပဲ ဖြစ်ပါတယ်။

ဆရာမတွေအနေနဲ့ သိပ္ပံနည်းကျနည်းလမ်းတွေနဲ့ လက်တွေ့စမ်းသပ်မှုပြုတဲ့အခါ တစ်ဆင့်ချင်းစီလိုက်လုပ်ဖို့လိုပြီး အဆိုပြုချက်တစ်ခုကို ဖော်ထုတ်တဲ့အခါနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ပြသနာ သို့မဟုတ် မေးခွန်းတွေကို ဖြေရှင်းတဲ့အခါမှာ ကူညီပေးခြင်းအားဖြင့် ကျောင်းသားတွေကို တတ်နိုင်သမျှပါဝင်လာအောင် ပြုလုပ်သင့်ပါတယ်။

သူတို့တွေ ပါဝင်မှုများလာတာနဲ့အမျှ စမ်းသပ်မှုပြီးသွားတဲ့အခါ ရရှိလာတဲ့ရလဒ်တွေကို မှတ်မိနေမှာပဲ ဖြစ်ပါတယ်။

ဆရာတွေအနေနဲ့လည်း ကျောင်းသားတွေကို သူတို့လုပ်လိုက်တဲ့အဆင့်တိုင်းကို ရေးမှတ်ထားစေသင့်ပါတယ်။

ဒီလိုလုပ်ခြင်းက သူတို့ကိုယ်ပိုင် အတွေးအမြင်တွေနဲ့ ပေါင်းစပ်ဖော်ထုတ်ခြင်းနဲ့  ကိုယ်ပိုင်ကောက်ချက်ချခြင်းတွေကို ပြုလုပ်လာဖို့ အားပေးပါတယ်။ အဖွဲ့နဲ့ဆိုရင်တော့ ရွယ်တူကလေးတွေလုပ်ထားတာကိုပဲ လိုက်လုပ်တာမျိုး ဖြစ်တတ်ပါတယ်။

ပရောဂျက်အစီအစဉ်များ

ကျောင်းသားတွေကို ဒီ့ထက်ပိုပြီး သိပ္ပံမှာ စိတ်အားထက်ထက်သန်သန်နဲ့ ပါဝင်လာစေနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ သူတို့တစ်ယောက်ချင်းစီကို သိပ္ပံပရောဂျက်တစ်ခုဖန်တီးစေပြီး အတန်းတွင်းသိပ္ပံပြပွဲလေးမှာ ဖြစ်စဉ်တစ်ခုခုကို လက်တွေ့ပြသ (demonstrate) စေတာမျိုးပဲ ဖြစ်ပါတယ်။

ဆရာမတွေအနေနဲ့လည်း ကျောင်းသားတွေ သူတို့ရွေးထားတဲ့ ပရောဂျက်မစခင်မှာ အရင်ခွင့်ပြုချက်ပေးတာမျိုး ပြုလုပ်သင့်ပါတယ်။ သိပ္ပံပြပွဲဥပမာတချို့ကတော့ နေအဖွဲ့အစည်းပုံစံငယ်၊ အပင်များ အစာချက်လုပ်ခြင်း၊ ဒါမှမဟုတ် ခုနကပြောသွားသလို ချော်ရည်တွေစီးဆင်းမှုနဲ့ မီးတောင်ပေါက်ကွဲမှုတွေကိုပြတဲ့ ပုံစံငယ်လေးကို တည်ဆောက်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ဆရာမတွေက ကျောင်းသားမိဘတွေကိုလည်း ဒီလိုပရောဂျက်တွေမှာ ပါဝင်ကူညီပေးဖို့ တိုက်တွန်းသင့်ပါတယ်။

သိပ္ပံပြပွဲနေ့မှာ ကျောင်းသားတွေလုပ်လာတဲ့ ပုံစံငယ်လေးတွေပြိုင်ပြီးဆုပေးတဲ့ ပျော်ရွှင်ဖွယ်လှုပ်ရှားမှုလေးလည်း လုပ်ပေးနိုင်ပါတယ်။ ပြီးတော့ ကျောင်းသားတစ်ယောက်ချင်းစီကိုလည်း သူတို့လုပ်လာတဲ့ ပရောဂျက်တွေကို ပြပွဲမှာ ရှင်းပြဖို့ အားပေးသင့်ပါတယ်။  

သဘာဝပတ်ဝန်းကျင်

သိပ္ပံနဲ့ ပတ်သတ်တာတွေ ပတ်ဝန်းကျင်မှာ အများကြီးရှိပြီး ကလေးတွေကလည်း အပြင်ထွက်ရတာကြိုက်ကြပါတယ်။

အဲ့ဒီတော့ သဘာဝပတ်ဝန်းကျင်မှာရှိတဲ့ သိပ္ပံရင်းမြစ်တွေကိုပြသတဲ့ စာသင်ခန်းပြင်ပ အစီအစဉ်လေးတစ်ခုလောက်တော့ ဘာလို့မလုပ်နိုင်ရမှာလဲ။

ဥပမာ ဆရာမတွေက သူတို့ကျောင်းသားတွေကို သဘာဝဥယာဉ်တစ်ခုခုကို လေ့လာရေးခရီးခေါ်သွားတာမျိုးလုပ်ပြီး ပရော်ဖက်ရှင်နယ်တစ်ယောက်ကို အပင်တွေ တိရိစ္ဆာန်တွေနဲ့ပတ်သတ်တဲ့ သဘာဝဖြစ်စဉ်အကြောင်း ရှင်းပြစေတာမျိုး ပြုလုပ်နိုင်ပါတယ်။

တခြားအိုင်ဒီယာကတော့ ကျောင်းသားတွေနဲ့ သစ်ပင်တောတောင်ရှိတဲ့နေရာကို တောင်တက်ခရီးတိုခေါ်သွားပြီး  နေရောင်ရတဲ့အပင်တွေက ဘယ်လို နေရောင်သိပ်မရတဲ့နေရာက ဘယ်လိုတွေပါဆိုပြီး နှိုင်းယှဉ်ပြတာမျိုး၊ ဒါမှမဟုတ်လည်း ရေအိုင်ထဲက သက်ရှိတွေကို (ငါး၊ ဖား၊ ဖားလောင်း) နမူနာပြပြီး သင်ကြားတာမျိုး ပြုလုပ်နိုင်ပါတယ်။

ဟုတ်ပါတယ် သဘာဝသိပ္ပံသင်ကြားမှုက စာသင်ခန်းပြင်ပြမှာ ဖြစ်စရာမလိုပါဘူး။ ဆရာမတွေအနေနဲ့ ဖားလောင်းလေးတွေကို အတန်းထဲမှာထားပြီး သူတို့တွေ ဖားအဖြစ် အသွင်ပြောင်းတာကို လေ့လာစေတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

ပိုးဖလံနဲ့ လိပ်ပြာလည်း အတူတူပဲဖြစ်ပါတယ်။ ပြီးတော့ နေရာလေးတစ်နေရာလောက်ပေးပြီး (စားပွဲပေါ်မှာပဲဖြစ်ဖြစ်) အပင်တွေအစေ့တွေ စိုက်ထားပြီး အချိန်ကြာလာတာနဲ့အမျှ ကြီးထွားဖွံဖြိုးလာပုံတွေကို လေ့လာစောင့်ကြည့်တာမျိုးလည်း သိပ္ပံသင်ခန်းစာအတွက် ပြင်ဆင်နိုင်ပါတယ်။  

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: CU Portland Blog

Tips Read 2062 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176