Sales Hotline : 09448001653       Download App



မြန်မာစာမေးခွန်းပုံစံသစ် ၆ (ခ) အတွက် အဆိုဆွေးနွေးမေးခွန်း လမ်းညွှန်ချက်

မြန်မာစာမေးခွန်းပုံစံသစ် ၆ (ခ) အတွက် အဆိုဆွေးနွေးမေးခွန်း လမ်းညွှန်ချက်

တက္ကသိုလ်ဝင်တန်းအရွယ် ကျောင်းသူကျောင်းသားများနှင့် သင့်လျော်မည့် အကြောင်းအရာ အဆိုတစ်ခုကို ပေးထားမည် ဖြစ်ပြီး ထောက်ခံသည့်ဘက်ကဖြစ်စေ ကန့်ကွက်သည့်ဘက်ကဖြစ်စေ ရပ်တည်ပြီး မိမိအတွေးအခေါ် အယူအဆကို ရေးသားတင်ပြရန် ဖြစ်ကြောင်း၊ ကျောင်းသူကျောင်းသားတို့၏ အသက်အရွယ် အတွေ့အကြုံအရသာ ရေးသားတင်ပြမှုမျိုး ဖြစ်သင့်ပါတယ်။

ဤမေးခွန်းအတွက် သတိပြုရမည့်အချက်မှာ စာဟန်ဖြင့်သာ ရေးသားရမည်ဖြစ်ပြီး ထောက်ခံသည်ဖြစ်စေ၊ ကန့်ကွက်သည်ဖြစ်စေ တစ်ဖက်ဖက်က ရပ်တည်ရမည် ဖြစ်ကြောင်း၊

ဖြေဆိုရမည့် ပမာဏမှာလည်း စာစီစာကုံးနှင့် မတိမ်းမယိမ်းသာ ဖြစ်သင့်ကြောင်း။

ယခုပြောင်းလဲထားသည့် မေးခွန်းပုံစံတွင် ကဗျာမေးခွန်းရှည်၊ စကားပြေမေးခွန်းရှည်၊ ရေသည်ပြဇာတ်မေးခွန်းရှည်၊ စာစီစာကုံး၊ အဆိုဆွေးနွေး မေးခွန်း အားလုံးသည် ၁၀ မှတ်တန် မေးခွန်းချည်းသာ ဖြစ်သဖြင့် ဖြေဆိုသည့်ပမာဏမှာ မတိမ်းမယိမ်းသာ ဖြစ်သင့်ကြောင်း။

အထူးသဖြင့် ယခင်က မေးခွန်း၆ တွင် စာစီစာကုံး တစ်မျိုးသာ ဖြေရသည့်အတွက် တစ်မျိုးသာ စဉ်းစားရပါတယ်။

ယခုပြောင်းလဲသည့်ပုံစံ နံပါတ်၆ တွင် နှစ်မျိုးဖြေရမည် ဖြစ်ရာ နှစ်ခါစဉ်းစားရမည် ဖြစ်ရပါလိမ့်မယ်။

ယခင်ကကဲ့သို့ များများ ရေးနိုင်ရန် မျှော်လင့်၍မရကြောင်း၊ ဝါကျဖွဲ့ထုံးမှန်မှန် ကျစ်ကျစ်လျစ်လျစ် ပြေပြေပြစ်ပြစ် ရေးသားနိုင်ရန်သာ လိုအပ်ပါသည်။

ဆရာဆရာမများအနေဖြင့် နံပါတ်၆ မေးခွန်းအတွက် အသင့်ရေးအဖြေများကို အလွတ်ကျက်ရန် အားမပေးဘဲ အရေးအသားအလေ့အကျင့်နှင့် တွေးအားရင့်သန်လာအောင် လေ့ကျင့်သင်ကြား ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source:မြန်မာစာပါမောက္ခ ဆရာကြီး ဒေါက်တာအောင်မြင့်ဦး

News Read 4271 times