Sales Hotline : 09448001653       Download App



တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်ခွင့်ရစာရင်းများ နိုဝင်ဘာ ၁၅ ရက် ကြေညာမည်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်ခွင့်ရစာရင်းများ နိုဝင်ဘာ ၁၅ ရက် ကြေညာမည်

“တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ကဆောင်ရွက်တဲ့ တက္ကသိုလ်ဝင်ခွင့်ရစာရင်းတွေကို ခါတိုင်းနှစ်တွေလိုပဲ နိုဝင်ဘာ ၁၅ ရက်မှာ ကြေညာမှာပါ။

ဝက်ဘ်ဆိုက်တင်မယ်။ ဝင်ခွင့်ရတဲ့တက္ကသိုလ်မှာလည်း ကပ်မယ်။

ပညာရေးဝန်ကြီးဌာန http://www.moe.gov.mm/ ဝက်ဘ်ဆိုက်မှာလည်း ကြေညာပေးမယ်။

စာတိုက်ကလည်း ကြေညာမယ်။ ဒါပေမဲ့ အဲဒါကို စောင့်ရင်တော့နောက်ကျမယ်ပေါ့။ ကိုယ်လျှောက်တဲ့တက္ကသိုလ်မှာ သွားကြည့်ရင်ရပြီ။

နိုဝင်ဘာ၁၅ ရက်နောက်ပိုင်းဆိုကြည့်လို့ရပြီ။ တက္ကသိုလ်ဝင်ခွင့်ကိုသီးသန့်ခေါ်တဲ့တက္ကသိုလ်ကျောင်း၁၁ ခုက အရင်ကြေညာမှာပေါ့။

သူတို့က အမှတ်ကန့်သတ်တာကိုး။ အဲဒါပြီးတော့ဒီဘက်က တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က ကြေညာမှာပေါ့”ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောဆိုသည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့သို့ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်အတွက် ဇွန် ၂၆ရက်မှစတင်ကာ
(၁) မြစ်ကြီးနားတက္ကသိုလ်၊

(၂) လွိုင်ကော်တက္ကသိုလ်၊

(၃) ဘားအံတက္ကသိုလ်၊

(၄) ဟားခါးတက္ကသိုလ်၊

(၅) မုံရွာတက္ကသိုလ်၊

(၆) စစ်ကိုင်းတက္ကသိုလ်၊

(၇) ထားဝယ်တက္ကသိုလ်၊

(၈) တောင်ငူတက္ကသိုလ်၊

(၉) ပြည်တက္ကသိုလ်၊

(၁၀) ပဲခူးတက္ကသိုလ်၊

(၁၁) မကွေးတက္ကသိုလ်၊

(၁၂) ပခုက္ကူတက္ကသိုလ်၊

(၁၃) မန္တလေးအဝေးသင်တက္ကသိုလ်၊

(၁၄) မိတ္ထီလာတက္ကသိုလ်၊

(၁၅) မော်လမြိုင်တက္ကသိုလ်၊

(၁၆) စစ်တွေတက္ကသိုလ်၊

(၁၇) တောင်ကုတ် ဒီဂရီကောလိပ်၊

(၁၈) ရန်ကုန်အဝေးသင်တက္ကသိုလ်၊

(၁၉) တောင်ကြီးတက္ကသိုလ်၊

(၂၀) လားရှိုးတက္ကသိုလ်၊

(၂၁) ကျိုင်းတုံတက္ကသိုလ်၊

(၂၂) ပုသိမ်တက္ကသိုလ်နှင့်

(၂၃) ဟသာင်္တတက္ကသိုလ် တို့တွင် တက္ကသိုလ် ၂၃ ခုတွင် လျှောက်လွှာများ လက်ခံခဲ့ခြင်းဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: The Standard Time Daily

News Read 8670 times