Sales Hotline : 09448001653       Download App



စာစီစာကုံးတွင် အဓိက ပါဝင်ရမည့် အင်္ဂါရပ်များ

စာစီစာကုံးတွင် အဓိက ပါဝင်ရမည့်  အင်္ဂါရပ်များ

စာစီစာကုံး ​ရေးရာမှာ အကြမ်းအားဖြင့်​ ခွဲနိုင်​တဲ့ (၃) ပိုင်း က​တော့ အစ(နိဒါန်း)၊ အလယ်​ (စာကိုယ်​) နဲ့ အဆုံး(နိဂုံး) ဖြစ်​ပါတယ်​။

အစမှာ ​ပေးထားတဲ့ ​ခေါင်းစဉ်​ကို ရှင်းပြရမယ်​။ တစ်​နည်း ​ခေါင်းစဉ်​ကို အဓိပ္ပါယ်​ဖွင့်​ဆို​ပေးရမယ်​။

အလယ်​မှာ အထက်​က ဖွင့်​ဆိုချက်​နဲ့ ပတ်​သက်​ပြီး အ​ထောက်​အထားများနဲ့တကွ တင်​ပြရပါမယ်​။ လိုအပ်​သလို ချဲ့ထွင်​​ရေးသားရပါမယ်​။

အဆုံးမှာ​တော့ ​ခေါင်းစဉ်​ နဲ့ မိမိရှင်းလင်းခဲ့မှုများအရ မည်​သို့ဖြစ်​သင့်​တယ်​ဆိုတဲ့ ထင်​မြင်​ယူဆချက်​ မှတ်​ချက်​၊ ​ကောက်​ချက်​​ဆွဲ ​ရေးသား​ပေးရပါမယ်​။

စာစီစာကုံးကို အနုစိတ်​အားဖြင့်​ (၅) ပိုင်း ခွဲခြား​ရေးသားနိုင်​ပါတယ်​။

(၁) ပဋိညာဉ်(နိဒါန်း)

ခေါင်းစဉ်​ကို စတင်​ဖွင့်​ဆို​ရေးသားရမယ်​။ ဝါကျ တစ်​​ကြောင်းတည်း ဖြစ်​နိုင်​သလို စာတစ်​ပိုဒ်​တည်းလည်း ဖြစ်​နိုင်​တယ်​။

အ​ကြောင်းအရာ​ပေါ် မူတည်​ပြီး စာပိုဒ်​ အနည်းအများ ကွဲပြားနိုင်​​ပေမယ့်​ စာတစ်​ပိုဒ်​တည်းနဲ့ ပြည့်​စုံ​အောင်​ ပဋိညာဉ်​ခံခြင်းသာ အ​ကောင်းဆုံး ဖြစ်​တယ်​။

(၂) ဟိတ်​ (အ​ကြောင်းပြစကား)

ပဋိညာဉ်တစ်​နည်း နိဒါန်းကို ချဲ့ထွင်​ ​ရေးရမယ်​။ အ​ကြောင်းပြချက်​​တွေ ​ပေးရမယ်​။  ဝါကျတစ်​​ကြောင်း၊ စာတစ်​ပိုဒ်​နဲ့ မလုံ​လောက်​နိုင်​ဘူး။ နှစ်​ပိုဒ်​ သုံးပိုဒ်​လည်း ဖြစ်​နိုင်​တယ်​။

(၃) ဥပမာ (နှိုင်းယှဉ်​ချက်​)

ပုံနှိုင်း ​ရေးသားပြရမယ်​။ ​လောကမှာ အမှန်​ ဖြစ်​ခဲ့ဖူးတဲ့ သာဓက မ​ရေးရဘူး။ သ​ဘောတူတာသာ ပြရမယ်​။

ရွှေနဲ့ မှန်​ကန်​ခြင်းကို ဥပမာ​ပေးရင်​ ​ရွှေကို ​​ရေမှာ နှစ်​လည်း အ​ရောင်​မ​ပြောင်း။ အ​လေးချိန်​လည်း ​လျော့ပါးခြင်း မရှိ။ ပိုပြီး ​ပြောင်​လက်​ဖွယ်​သာ အ​ကြောင်းရှိ။ မီးထဲ ပစ်​လည်း ထို့အတူ။

မှန်​ကန်​ခြင်းသည်​လည်း ​ဘေးဒုက္ခကြုံ​စေကာမူ အမှားသို့ မ​ပြောင်း။ အချိန်​ကာလ ​ပြောင်းလည်း အမှား ဖြစ်​မသွား။ မှန်​မြဲ မှန်​​နေမည်​သာ ဖြစ်​။

ထို့​ကြောင့်​ ​ရွှေ နှင့်​ မှန်​ကန်​ခြင်းသည်​ သ​ဘောချင်းတူ​သော​ကြောင့်​ နှိုင်းယှဉ်​ပြနိုင်​ပုံ။

(၄) ဥဒါဟရုဏ်​ (နမူနာ သာဓက)

လောကတွင်​ အမှန်​ဖြစ်​ခဲ့​သော သာဓကများ တင်​ပြ​ရေးသားရန်​ ဖြစ်​ပါတယ်​။ စာ​ပေ နဲ့ စပ်​လျဉ်းတဲ့ ​ခေါင်းစဉ်​ဆိုရင်​လည်း စာ​ပေ လိုက်​စားလို့ ရတဲ့ ​ကောင်းကျိုး​တွေ ​ရေးပြရမှာမျိုး။

ဝန်​ဇင်း မင်းရာဇာ အ​ကြောင်း​မျိုး​ပေါ့။ ဇွဲ ဆိုရင်​လည်း မဟာဇနက အ​ကြောင်းမျိုး​ပေါ့။  မြန်​မာ့သမိုင်း ကမ္ဘာ့သမိုင်း ဗုဒ္ဓဝင်​ ငါးရာ့ငါးဆယ်​ များထဲမှ ထင်​ရှားတာ​တွေ ထုတ်​ပြီး ​ရေးပြရမယ်​။

ဒါ​ပေမယ့်​ ဖြစ်​​ကြောင်းကုန်​စင်​ ​ရေးဖို့ မလို။ လိုရင်းအကျဉ်းသာ တင်​ပြ​ပေးဖို့ လိုမယ်​။ (သဘာဝတရားကို ​ရေးဖွဲ့ခိုင်းတဲ့ စာစီစာကုံးမှာ​တော့ ဥဒါဟရုဏ်​ ပါဖို့ မလိုဘူး)

(၅) နိဂုံး (အဆုံးသတ်​)

အထက်​မှာ ​ရေးသားတင်​ပြခဲ့တဲ့ ဥပမာများ၊ သာဓကများကို ​ထောက်​ပြီး မိမိ ထင်​မြင်​ချက်​ကို ​ကောက်​ချက်​ဆွဲကာ တစ်​ပိုဒ်​တည်းနဲ့ ​လေး​လေးပင်​ပင်​ အဆုံးသတ်​ရမယ်​။
ခေါင်းစဉ်​ကို တန်​ဖိုးဖြတ်​တာလည်း ဖြစ်​တယ်​။

စာစီစာကုံးမှာ တိုတာ ရှည်​တာထက်​ စိတ်​ဝင်​စားဖွယ်​​ကောင်းဖို့က အဓိက ဖြစ်​တယ်​။ ငြီး​ငွေ့​စေတဲ့ စာစီစာကုံး မဖြစ်​ဖို့ အ​ရေးကြီးတယ်​။

စာစီစာကုံး​ကောင်း ဖြစ်​ဖို့ ​ရှောင်​ရမှာ​တွေက -

- အချက်​အလက်​ မ​ကောင်းတာ

- အချက်​အလက်​ ထပ်​တာ

- မဆိုင်​တဲ့ အချက်​​တွေ ပါ​နေတာ

- အစ မ​ကောင်းတာ

- အစ နဲ့ အလယ်​ လွဲ​နေတာ

- အလယ်​ နဲ့ အဆုံး လွဲ​နေတာ

- အဆုံးသတ်​ ညံ့တာ

- အဆုံးမသတ်​တာ - တို့ ဖြစ်​တယ်​လို့ ဆရာကြီးက ဆိုပါတယ်​။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Credit - ဆရာ ကြည်​ဟန်​ စီးပွား​ရေး

Tips Read 32378 times