Sales Hotline : 09448001653       Download App



ကျူရှင်ယူဖို့ အခက်အခဲဖြစ်နေတဲ့ ၁၀ တန်းဖြေမယ့် ကျောင်းသားများအတွက်

ကျူရှင်ယူဖို့ အခက်အခဲဖြစ်နေတဲ့ ၁၀ တန်းဖြေမယ့် ကျောင်းသားများအတွက်

Lady Grace Diamond Land Co.,Ltd နဲ့ YIP-Yangon Institute of Professionals တို့ရဲ့ ပူးပေါင်း လှူဒါန်းမှုဖြင့် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဆရာစံတောင် (စံပြ) ရပ်ကွက်၊ မင်းလမ်းမှာရှိတဲ့ သာသနာ့ရှေ့ဆောင်ဓမ္မာရုံမှာ ၂၀၁၈ ခုနှစ် မေလက စတင်ပြီး ... ၁၀ တန်း ကျောင်းသားကျောင်းသူလေးတွေအတွက် တစ်နှစ်ပတ်လုံးစာ လုံးဝအခမဲ့ (ကျောင်းသား တစ်ယောက်ချင်းစီကို စာရေးကိရိယာတွေပါ တစ်နှစ်လုံးစာ လှူဒါန်းပါတယ်) ပညာဒါန သင်ကြားပေးနေတာ ... အခုဆို ကျောင်းသားပေါင်း ၁၀၆ ယောက် ရှိသွားပါပြီ။

အခု ထပ်မံတက်ရောက်လိုတဲ့ ကျောင်းသားလေးတွေ ထပ်ပြီး စာရင်း လာပေးတာ ၈၀ နီးပါးထပ်ရှိသွားပြီမို့ ... နောက်ထပ် ပညာဒါနတစ်တန်း ထပ်လှူနိုင်ဖို့ ကြိုးစားစီစဉ်ခဲ့တာ အခုဆို နေရာထိုင်ခင်းရော၊ ဆရာ၊ ဆရာမတွေပါ အကုန် အဆင်သင့် ဖြစ်နေပါပြီ။

ဒါကြောင့် အခုတစ်ခါမှာ Lady Grace Diamond Land Co.,Land နဲ့ ငွေဆောင် ကမ်းခြေက RIA Hotel Resort နဲ့ အခြားသော စေတနာရှင်တွေရဲ့... ပူးပေါင်းလှူဒါန်းမှုနဲ့ ...ပညာဒါန သင်တန်းလေး နောက်တစ်တန်းကို ... လာမယ့် ၁၁.၈.၂၀၁၈ (စနေနေ့) နေ့လည် ၂:၃၀ မှာ စတင်ဖွင့်လှစ်သွားမှာမို့ ... တက်ရောက်လိုတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ... မိဘ အုပ်ထိန်းသူကိုပါခေါ်ဆောင်ပြီး ... နေ့လည် ၂:၃၀ မတိုင်ခင် ... လာရောက် စာရင်းပေးသွင်း အပ်နှံနိုင်ကြောင်း ... သတင်းကောင်း ပါးအပ်ပါတယ်ရှင်။

အဲ့ဒီနေ့မှာ Physics နဲ့ Eco ပါ တစ်ခါတည်း သင်ကြားမှာမို့ ဖတ်စာ စာအုပ်လေးတွေပါ ယူခဲ့ပေးကြပါ။

ကျောင်းအပ်နှံရန် အသေးစိတ် အချက်အလက်များ
*********************************

 နေ့ရက် --- ၁၁. ၈ . ၂၀၁၈ (စနေနေ့)

အချိန် --- နေ့လည် ၂:၃၀

နေရာ --- လွတ်လပ်ရေးကျောင်းတိုက်၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းမပေါ် ၊ ရန်ကင်းစင်တာ မီးပွိုင့်အနီး (Passport ရုံး ရှေ့ဖက် မျက်နှာချင်းဆိုင်)

ဆက်သွယ်ရန် - ဦးတင်မျိုးဦး (အုပ်ချုပ်ရေးမှူး၊ ဆရာစံမြောက်ရပ်ကွက်၊ ဗဟန်းမြို့နယ်)

ကျောင်းသုံးစာရေးကိရိယာ ကိုယ်တိုင် လာရောက် လှူဒါန်းလိုတဲ့ အလှူရှင်များရှိရင်လည်း 09788995000, 09788996000 ကို စာရင်း ပေး ပေးကြပါနော်... ကျောင်းသားတွေလက်ထဲ ကိုယ်တိုင်ထည့်နိုင်ဖို့ ကြို စီစဉ်ပေးရမှာမို့ပါ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: Lady Grace Diamond Land FB

News Read 2291 times