Tips

စာတော်ချင်တယ်ဆိုရင်တော့ Multitasking အကျင့်ဆိုးတွေပြင်မှ ဖြစ်မယ်

၁။ ဖုန်းကို power ပိတ်ထားလိုက်ပါ။

Facebook၊ Messenger၊ Whatsup တွေလိုမျိုး လူမှုကွန်ယက်အနှောင့်အယှက်တွေကို ဖျောက်ထားခြင်းအားဖြင့် သင့်ကလေးက လက်ရှိသူလုပ်နေတာကို ပိုပြီး အာရုံစိုက်နိုင်ပါလိမ့်မယ်။ သူ့ဖုန်းကို ပါဝါပိတ်ခိုင်းထားပါ

ဒါမှမဟုတ် သူစာပြီးတဲ့အထိ တခြားအခန်းမှာ သွားထားထားလိုက်ပါ။

၂။ မလိုအပ်တဲ့အရာအားလုံးကို ဘေးဖယ်ထားပါ။

အိမ်စာ၊ ဘာသာရပ် တစ်ခုဆိုတစ်ခုပဲလုပ်ပါ။ မလိုအပ်တဲ့စာအုပ်တွေကို ဝေးဝေးကိုသာ ဖယ်ထားလိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်ကလေးရဲ့ စိတ်ပါဝင်စားမှုနဲ့ အာရုံစူးစိုက်မှုကို တစ်နေရာတည်းမှာပဲ စုစည်းထားနိုင်ပါတယ်။ အဲ့ဒီတော့ ဟိုဘာသာရပ်လုပ်လိုက် ဒီဘာသာရပ်လုပ်လိုက် ဖြစ်နေတာတွေ လျော့နည်းသွားပြီး စာကိုထိထိရောက်ရောက်ပိုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။

၃။ တီဗွီရှေ့မှာ စာကြည့်ခြင်းရှောင်ပါ။

တီဗွီကြည့်ရင်း စာလုပ်တဲ့အတွက် စာကြည့်တာကနေ ကိုယ်ကြိုက်တဲ့ ဇာတ်လမ်းတွဲကို ထိုင်ကြည့်ပြီး အချိန်ပုပ်သွားတာများလို့ပဲ ဖြစ်ပါတယ်။ ပုံမှန်အိမ်စာလုပ်ချိန် သီးသန့်အချိန်ဇယားတစ်ခုထားရှိပြီး တီဗွီကို စာပြီးတဲ့အချိန်မှ ပြန်ဖွင့်ပါ။

၎။ အချိန်ဇယားဆွဲထားတဲ့အတိုင်း စာလုပ်ပါ။

တနေ့တနေ့ ကျောင်းကပြန်လာတိုင်း ပါလာတဲ့အိမ်စာတွေ assignments တွေပြီးဖို့ အချိန်ဇယားလေးတစ်ခု သင့်ကလေးကို ကူဆွဲပေးပါ။ အိမ်စာ၊ ကျက်ရမယ့် စာတစ်ခုချင်းစီအတွက် အချိန်တွေ ပိုင်းပေးပါ။ ပြီးရင် ပိုင်းထားတဲ့အချိန်တစ်ခုချင်းမှာ လုပ်ရမယ့်စာကိုပဲ ပြီးအောင်လုပ်ပါ။ သူတို့တစ်ခုချင်းစီကို မတူတဲ့အရောင်လေးတွေနဲ့ highlight လုပ်နိုင်ပါတယ်။ ပြီးတော့ စာတစ်ခုပြီးရင် တစ်ခုခြစ်လိုက်နိုင်ဖို့ To-do-list လေးလည်း ဖန်တီးပေးနိုင်ပါတယ်။

၅။ အနှောင့်အယှက်ဖြစ်စေတဲ့ ၀က်ဘ်ဆိုဒ်တွေကို ဘလော့လုပ်ထားပါ။

သင့်ကလေးအနေနဲ့ စာလုပ်ဖို့ assignment လုပ်ဖို့ ကွန်ပျူတာမလိုဘူးဆိုရင် ကွန်ပျူတာကို ပိတ်ထားပါ။ ဒါမှ သူတခြား လူမှုကွန်ယက်ဝက်ဘ်ဆိုဒ်သုံးချင်စိတ်တွေ လျော့နည်းသွားမှာဖြစ်ပြီးတော့ assignment တွေအများကြီးကို တပြိုင်နက်တည်း မလုပ်မှာပဲ ဖြစ်ပါတယ်။

ကွန်ပျူတာလိုတယ်ဆိုရင်တော့ Browser extension ကိုသုံးပြီး အခြားအနှောင့်အယှက်ဖြစ်စေတဲ့ ၀က်ဘ်ဆိုဒ်တွေကို ဘလော့နိုင်ပြီးတော့ ဖွင့်နိုင်တဲ့ Tab တွေကိုလည်း အနည်းငယ်သာ ထားရှိနိုင်ပါတယ်။

၆။ တိတ်ဆိတ်တဲ့နေရာမှာ စာလုပ်ပါ။

သင့်ကလေး အနှောင့်အယှက်ကင်းကင်းနဲ့ စာလုပ်နိုင်ဖို့ တိတ်ဆိတ်တဲ့နေရာလေးတစ်ခု ဖန်တီးပေးပါ။ အဲ့ဒီနေရာကိုလည်း သင့်ကလေးလုပ်မယ့် ဘာသာရပ်နဲ့ သက်ဆိုင်တဲ့စာအုပ်တွေပဲ ယူလာခြင်းအားဖြင့် ရှင်းရှင်းလင်းလင်းလေး ဖြစ်နေပါစေ။

၇။ အချိန်ကို အကျိုးရှိစွာအသုံးချပါ။

ကျောင်းကပြန်လာလာချင်း နေ့လည် ၃ နာရီ နဲ့ ညနေ ၆ နာရီကြားက (တစ်ကျောင်းနဲ့တစ်ကျောင်း မတူကြပါဘူး) အများအားဖြင့် ကျောင်းသားတစ်ယောက်အတွက် အချိန်အပုပ်ဆုံးအချိန်တွေပါပဲ။ အဲ့ဒီတော့ ဒီအချိန်တွေကို မပုပ်စေပဲ သင့်ပါ။

ကလေးမှာ အိမ်စာပါလာရင် ညနေဘက်မှာ ဖြစ်နိုင်သမျှ မြန်မြန်ပြီးအောင်လုပ်ဖို့ တိုက်တွန်းပေးပါ။ ဒါမှ သူ့ရဲ့တခြားကျောင်းကိစ္စရပ်တွေအတွက် အချိန်ကျန်မှာပါ။ အဲ့လိုမှပဲ assignment တစ်ခုချင်းစီပြီးဖို့အတွက် တပြိုင်တည်း အားလုံးလုပ်ရတာတွေ မရှိတော့ပဲ အဲ့ကနေ ရလာမယ့် စိတ်ဖိစိးမှုတွေလည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: Oxford Learning

Read 2292 times
Rate this item
(2 votes)