Sales Hotline : 09448001653       Download App



အဆင့်တိုးကျောင်းများ၌ လိုအပ်နေသည့်အထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများကို လပိုင်းအတွင်းဖြည့်ဆည်းပေးမည်

အဆင့်တိုးကျောင်းများ၌ လိုအပ်နေသည့်အထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများကို လပိုင်းအတွင်းဖြည့်ဆည်းပေးမည်

၂၀၁၈-၁၉ ပညာသင်နှစ် တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာ ၆,၃၈၆ ကျောင်းကို အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုခဲ့ရာ အခြေခံပညာ အလယ်တန်းကျောင်းမှ အထက် တန်းကျောင်း(ခွဲ)အဖြစ် ၅၈၆ ကျောင်း အဆင့်တိုးဖွင့်ခွင့်ရ ခဲ့သည်။

ထိုကျောင်းများတွင် အထက် တန်းအဆင့်သင်မည့် ဆရာ၊ ဆ ရာမလိုအပ်ချက်အတွက် ကျောင်း ဖွင့်ပြီးနှစ်လကြာအထိ မခန့်နိုင် သေးသော်လည်း ထိုလစ်လပ်နေ ရာများဖြည့်ဆည်းရန် ရာထူးတိုး လျှောက်လွှာများကို ဇူလိုင် ၂၆ ရက်ကစကာ အခြေခံပညာဦးစီး ဌာနက ခေါ်ယူနေသည်။

‘‘အထက်တန်းအဆင့် သင် မယ့်ဆရာ၊ ဆရာမတွေဖြည့်ပေး နိုင်ဖို့ ရာထူးတိုးလျှောက်လွှာတွေ စခေါ်နေပါပြီ။ ဩဂုတ်လကုန် နောက်ဆုံးထားပြီး စာရင်းတောင်း ထားတယ်။ မကြာမီလပိုင်းအတွင်း ခန့်ထားမှုတွေလုပ်နိုင်မှာပါ။ အ တိအကျတော့ မပြောနိုင်သေးဘူး’’ ဟု ဦးကိုလေးဝင်းကဆိုသည်။

အခြေခံပညာကျောင်းများ တွင် မူလတန်းပြကစတင်ကာ ရာ ထူးတိုးများ အဆင့်ဆင့်ဆောင် ရွက်နေခြင်းကြောင့် အထက်တန်း ပြဆရာ၊ ဆရာမလစ်လပ်အရေအ တွက်စာရင်း အပြောင်းအလဲများ ရှိနေသည်ဟု ၎င်းကဆိုသည်။

ပညာရေးဘွဲ့ရ၊ ပညာရေး ဘွဲ့ ဒုတိယနှစ်တက်ဆဲ၊ ပါရဂူဘွဲ့၊ ကွန်ပျူတာသိပ္ပံမဟာဘွဲ့၊ ကွန်ပျူ တာနည်းပညာမဟာဘွဲ့ရ အ လယ်တန်းပြများကို အထက်တန်း ပြရာထူးတိုးမြှင့်ပေးခြင်း၊ မဟာ ၀ိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့ရ များကိုအ လယ်တန်းပြ လုပ်သက်ခြောက် လပြည့်ပါက အထက်တန်းပြရာ ထူးတိုးပေးခြင်း၊ မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့ရများကိုမူလတန်းပြလုပ်သက်ခြောက်လပြည့်ပါက အ ထက်တန်းပြရာထူးကို ကျော ထောက်နောက်ခံပြု၍ အလယ် တန်းပြလစာနှုန်းဖြင့် တိုးမြှင့်ခန့် ထားခြင်းတို့ဖြင့် အထက်တန်းအ ဆင့်သင် လစ်လပ်ဆရာ၊ ဆရာမ များဖြည့်ဆည်းရန် ပညာရေးဝန် ကြီးဌာနက လျာထားသည်။

‘‘အထက်တန်းအဆင့်သင် ဆရာ၊ ဆရာမဖြည့်ဖို့ညွှန်ကြားစာ တော့ အခြေခံပညာဦးစီးဌာနရဲ့ စာဝင်ပါပြီ။ ညွှန်ကြားချက်အတိုင်း ပဲ သတ်မှတ်ချက်ပြည့်ရင် ရာထူး တိုးလျှောက်နိုင်တဲ့အကြောင်း မြို့ နယ်ပညာရေးမှူးရုံးတွေက တစ် ဆင့်ပြောထားပါတယ်’’ ဟု ရန် ကုန်တိုင်းဒေသကြီး ပညာရေးမှူး ရုံးမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

ကိုယ့်အားကိုယ်ကိုး မူလ တန်းကျောင်းမှ မူလတန်းကျောင်း ခွဲ၊ မူလတန်းကျောင်း၊ မူလတန်း လွန်ကျောင်း၊ အလယ်တန်း ကျောင်းခွဲ၊ အလယ်တန်းကျောင်း၊ အလယ်တန်းကျောင်းခွဲ၊ အထက် တန်းကျောင်းအဆင့်သို့ တိုးမြှင့် ပေးရန် ကျောင်းအုပ်ကြီးများက ပညာရေးဝန်ကြီးဌာနသို့ လျှောက် ထားရသည်။

ယခင်က သတ်မှတ်ကျောင်း သားဦးရေပြည့်မီမှသာ ကျောင်း အဆင့်တိုးမြှင့်ပေးခဲ့ရာမှ လမ်း ပန်း ဆက်သွယ်ရေးခက်ခဲသောဒေ သများ၊ သဘာဝဘေးအန္တရာယ်၊ အတားအဆီးရှိသောဒေသများ ဖြစ်ပါက ပင်မကျောင်း၊ တစ်ဆင့် မြင့်ကျောင်းနှင့် နှစ်မိုင်အထက် ကွာဝေးလျှင်ပင် ကျောင်းအဆင့် တိုးမြှင့်ခွင့်လျှောက်ထားနိုင်သည် ဟု ပညာရေးဝန်ကြီးဌာနက ပြင် ဆင်သတ်မှတ်ခဲ့သည်။

သို့သော် အဆင့်တိုးကျောင်း များတွင် ဆရာ၊ ဆရာမ၊ စာသင် ခန်း၊ စာသင်ခုံ၊ သင်ထောက်ကူ ပစ္စည်းလိုအပ်ချက်များနှစ်စဉ်ကြုံ တွေ့ရသည်ဟု အခြေခံပညာ ဆရာ၊ ဆရာမအချို့က ထောက် ပြပြောကြားသည်။

‘‘မူလတန်းကျောင်းအတွက် မူပြဆရာ၊ ဆရာမ ၁၀ ယောက်နဲ့ လုံလောက်ပေမယ့် အလယ်တန်း အဆင့်တိုးရင် ဒီလူနဲ့မရတော့ဘူး။ အလယ်တန်းပြလုံလောက်အောင် ချပေးရမှာ။ တချို့ကျောင်းတွေဆို ကျောင်းအဆင့်သာတိုးတယ်။  ဆရာကတစ်ယောက်လောက်ပဲ အသစ်ဝင်တာရှိတယ်’’ ဟု ချင်း ပြည်နယ် မင်းတပ်မြို့မှ အလယ် တန်းပြဆရာတစ်ဦးက ပြော သည်။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ပညာ သင်နှစ်တွင် ကျောင်းအဆင့်တိုး မြှင့်ဖွင့်လှစ်မှုကြောင့် အခြေခံ ပညာကျောင်းများ၌ ဆရာ၊ဆရာမ ၁၈,၄၆၄ ဦး လစ်လပ်ခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7 day daily

News Read 1690 times