Sales Hotline : 09448001653       Download App



ကျောင်းနောက်ကျတာ ဒါတွေကြောင့်ကိုး

ကျောင်းနောက်ကျတာ ဒါတွေကြောင့်ကိုး

**Unicode**

ကျောင်းသားအများစုက အိပ်ရာစောစော ထတဲ့အကျင့်မရှိတတ်ကြပါဘူး။ ကျွန်တော်ဆိုလည်း ကျောင်းသွားဖို့ မိဘက နှိုးတဲ့အချိန်ဆို ခနလောက်ဖြစ်ဖြစ်ကို ပြန်မှေးရမှာ ကျေနပ်တာဗျာ...။

ဘယ်လိုလုပ်ရင် မနက်စောစောထဖို့ ဖြစ်နိုင်လဲ သိလား... မသိရင် ပြောပြပေးမယ်နော်....

နံပါတ် (၁) ညဉ့်နက်ထိ ဖုန်းသုံးတဲ့အကျင့်ဖျောက်ပါ။

ယနေ့ခေတ်က တိုးတက်နေတဲ့ခေတ်ဆိုတော့ လူတိုင်းကိုယ်စီ ဖုန်းသုံး၊ Lattop နဲ့ ဇာတ်လမ်းတွေ ကြည့်လာပါတယ်။ ဖုန်းနဲ့Facebook ကြည့်၊ Chatbox ချက်၊ youtube ကြည့်၊ ဟာသလေးတွေကြည့် စတဲ့ ပုံစံမျိုးစုံဖြင့် အသုံးပြုတတ်ကြပါတယ်။

သုံးတော့သုံးပါ မသုံးနဲ့လို့ မပြောပါဘူးနော်...။  အများစုကတော့ ဖုန်းကြည့်လိုက်တာနဲ့ မျက်လုံးက အော်တို ပြူးလာတယ်ဆို ဟုတ်တယ်ဟုတ်....။  

အဲတော့...ဘယ်ချိန်ထိ သုံးမယ်ဆိုတဲ့ သတ်မှတ်ချက်လေး တစ်ခုထားပါ။  အဓိကတော့ စိတ်ပါပဲ...။

နံပါတ် (၂) ပုံမှန်အိပ်ရာဝင်ခြင်း

အိပ်ချိန်ကတော့ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူးနော်...။ ပုံမှန် ၁၀ နာရီ၊ ၁၁ လောက်ဆို အိပ်သင့်တယ်လို့ ထင်ပါတယ်။ စောစောအိပ်ပြီး စောစောထတဲ့အကျင့်က အရမ်းကို ကောင်းတဲ့အကျင့်ပါ။ အိပ်ရေးဝပြီး ထတဲ့အခါ စိတ်ကလည်း ကြည်လင်လန်းဆန်းနေတယ်ဆိုတာ ယုံလိုက်ပါနော်...။
အိပ်ရေးမဝတဲ့အခါ ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေအပေါ် စိတ်ရှုပ်စရာတွေဖြစ်လာမယ်၊ စိတ်မရှည်တာတွေ ဖြစ်လာမယ်။

နံပါတ် (၃) ကျောင်းပိတ်ရက် အိပ်ချိန်

မနက်ဖြန်တော့ ကျောင်းပိတ်လို့ နောက်ကျမှ ထမယ်ဆိုတဲ့လူတွေ များစွာ ရှိပါတယ်။ ပိတ်ရက်ပဲ အားကိုးအိပ်ရတယ် ကျောင်းသွားရင် အစောကြီးသွားရတာမို့ဆိုတဲ့ သူများပါတယ်။

နောက်ရက် ကျောင်းမသွားရဘူးဆိုပြီး ညဉ့်နက်ထိ မအိပ်ပဲ ဖုန်းသုံးတဲ့အခါ အိပ်ချိန်တွေ မမှန်ဖြစ်လာပါတယ်။

အဲ... ကျောင်းဖွင့်ရက်လည်း ရောက်ရော လူ က ပုံမှန်မဖြစ်တော့တဲ့အခါ အရာရာကို စိတ်တိုလာတတ်ပါတယ်။

နံပါတ် (၄) နေ့လည်အိပ်တဲ့အကျင့်

ကျွန်တော်ကတေ့ာ ဘယ်တော့မှ နေ့လည်အိပ်တဲ့အကျင့် မလုပ်ထားပါဘူး...။

ဘာလို့လဲဆိုတော့  ပိတ်ရက်တွေမှာ အိပ်ရင် ကျောင်းဖွင့်ရက်တွေမှာလည်း ကျောင်းမှာ အိပ်ငိုက်မှာ ဆိုးလို့ပါ။

တစ်ချို့ကျတော့လည်း ပင်ပန်းလို့ကျောင်းကနေ ပြန်လာတဲ့အခါ ခဏအိပ်တဲ့သူတွေလည်းရှိပါတယ်။

နေ့ဘက်အိပ်ရင် ညဘက် အိပ်မရတာမျိုးဖြစ်တတ်ပါတယ်။

အကောင်းဆုံးကတော့ ကျောင်းမှ အိမ်ပြန်လာချိန်မှာ စိတ်လက်ပေ့ါပါးအောင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်ခိုင်းပါ။

ဒီလို လေ့ကျင့်ရအောင် မိဘတွေက လေ့ကျင့်ပေးပါ။ ဒါဆို ညအိပ်ချိန်ပုံမှန်လာပါလိမ့်မယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Author: Edge

 

**Zawgyi**

 

ေက်ာင္းသားအမ်ားစုက အိပ္ရာေစာေစာ ထတဲ့အက်င့္မရွိတတ္ၾကပါဘူး။ ကြ်န္ေတာ္ဆုိလည္း ေက်ာင္းသြားဖို႕ မိဘက ႏိႈးတဲ့အခ်ိန္ဆုိ ခနေလာက္ျဖစ္ျဖစ္ကို ျပန္ေမွးရမွာ ေက်နပ္တာဗ်ာ...။

ဘယ္လိုလုပ္ရင္ မနက္ေစာေစာထဖုိ႕ ျဖစ္နုိင္လဲ သိလား... မသိရင္ ေျပာျပေပးမယ္ေနာ္....

နံပါတ္ (၁) ညဥ့္နက္ထိ ဖုန္းသုံးတဲ့အက်င့္ေဖ်ာက္ပါ။

ယေန႕ေခတ္က တုိးတက္ေနတဲ့ေခတ္ဆုိေတာ့ လူတုိင္းကိုယ္စီ ဖုန္းသုံး၊ Lattop နဲ႕ ဇာတ္လမ္းေတြ ၾကည့္လာပါတယ္။ ဖုန္းနဲ႕Facebook ၾကည့္၊ Chatbox ခ်က္၊ youtube ၾကည့္၊ ဟာသေလးေတြၾကည့္ စတဲ့ ပုံစံမ်ိဳးစုံျဖင့္ အသုံးျပဳတတ္ၾကပါတယ္။

သုံးေတာ့သုံးပါ မသုံးနဲ႕လို႕ မေျပာပါဘူးေနာ္...။  အမ်ားစုကေတာ့ ဖုန္းၾကည့္လုိက္တာနဲ႕ မ်က္လုံးက ေအာ္တုိ ျပဴးလာတယ္ဆို ဟုတ္တယ္ဟုတ္....။  

အဲေတာ့...ဘယ္ခ်ိန္ထိ သံုးမယ္ဆုိတဲ့ သတ္မွတ္ခ်က္ေလး တစ္ခုထားပါ။  အဓိကေတာ့ စိတ္ပါပဲ...။

နံပါတ္ (၂) ပုံမွန္အိပ္ရာ၀င္ျခင္း

အိပ္ခ်ိန္ကေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ မတူပါဘူးေနာ္...။ ပုံမွန္ ၁၀ နာရီ၊ ၁၁ ေလာက္ဆုိ အိပ္သင့္တယ္လို႕ ထင္ပါတယ္။ ေစာေစာအိပ္ၿပီး ေစာေစာထတဲ့အက်င့္က အရမ္းကို ေကာင္းတဲ့အက်င့္ပါ။ အိပ္ေရး၀ၿပီး ထတဲ့အခါ စိတ္ကလည္း ၾကည္လင္လန္းဆန္းေနတယ္ဆုိတာ ယုံလုိက္ပါေနာ္...။
အိပ္ေရးမ၀တဲ့အခါ ဘာမဟုတ္တဲ့ ကိစၥေသးေသးေလးေတြအေပၚ စိတ္ရႈပ္စရာေတြျဖစ္လာမယ္၊ စိတ္မရွည္တာေတြ ျဖစ္လာမယ္။

နံပါတ္ (၃) ေက်ာင္းပိတ္ရက္ အိပ္ခ်ိန္

မနက္ျဖန္ေတာ့ ေက်ာင္းပိတ္လို႕ ေနာက္က်မွ ထမယ္ဆုိတဲ့လူေတြ မ်ားစြာ ရွိပါတယ္။ ပိတ္ရက္ပဲ အားကိုးအိပ္ရတယ္ ေက်ာင္းသြားရင္ အေစာႀကီးသြားရတာမို႕ဆုိတဲ့ သူမ်ားပါတယ္။

ေနာက္ရက္ ေက်ာင္းမသြားရဘူးဆုိၿပီး ညဥ့္နက္ထိ မအိပ္ပဲ ဖုန္းသုံးတဲ့အခါ အိပ္ခ်ိန္ေတြ မမွန္ျဖစ္လာပါတယ္။

အဲ... ေက်ာင္းဖြင့္ရက္လည္း ေရာက္ေရာ လူ က ပုံမွန္မျဖစ္ေတာ့တဲ့အခါ အရာရာကို စိတ္တုိလာတတ္ပါတယ္။

နံပါတ္ (၄) ေန႕လည္အိပ္တဲ့အက်င့္

ကြ်န္ေတာ္ကေတ့ာ ဘယ္ေတာ့မွ ေန႕လည္အိပ္တဲ့အက်င့္ မလုပ္ထားပါဘူး...။

ဘာလုိ႕လဲဆိုေတာ့  ပိတ္ရက္ေတြမွာ အိပ္ရင္ ေက်ာင္းဖြင့္ရက္ေတြမွာလည္း ေက်ာင္းမွာ အိပ္ငိုက္မွာ ဆုိးလို႕ပါ။

တစ္ခ်ိဳ႕က်ေတာ့လည္း ပင္ပန္းလုိ႕ေက်ာင္းကေန ျပန္လာတဲ့အခါ ခဏအိပ္တဲ့သူေတြလည္းရွိပါတယ္။

ေန႕ဘက္အိပ္ရင္ ညဘက္ အိပ္မရတာမ်ိဳးျဖစ္တတ္ပါတယ္။

အေကာင္းဆုံးကေတာ့ ေက်ာင္းမွ အိမ္ျပန္လာခ်ိန္မွာ စိတ္လက္ေပ့ါပါးေအာင္ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းေတြ လုပ္ခိုင္းပါ။

ဒီလို ေလ့က်င့္ရေအာင္ မိဘေတြက ေလ့က်င့္ေပးပါ။ ဒါဆို ညအိပ္ခ်ိန္ပုံမွန္လာပါလိမ့္မယ္။

မိမိတို႔ တက္ေရာက္လုိသည့္ သင္တန္းေက်ာင္းမ်ားႏွင့္ ပုဂၢလိကေက်ာင္းမ်ားကို ရွာေဖြလိုပါက ဒီ Link မွာရွာေဖြႏိုင္ပါသည္။

ပညာေရးလမ္းညႊန္ website တြင္ ပါ၀င္ေသာ သင္တန္းမ်ား ေက်ာင္းမ်ားScholarshipKnowledge မ်ားႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ားကို ၀င္ေရာက္ရွာေဖြ ဖတ္ရႈႏိုင္ပါတယ္။

Author: Edge

Tips Read 1711 times