Sales Hotline : 09448001653       Download App



စကော်လားရှစ်လျှောက်မယ်ဆို ဒါတွေပြင်ဆင်ထားပါ

စကော်လားရှစ်လျှောက်မယ်ဆို ဒါတွေပြင်ဆင်ထားပါ

(၁) ရည်မှန်းချက်ပန်းတိုင်တစ်ခုထားပါ။

မိမိဘ၀မှာ ဖြစ်လိုသည့် အိပ်မက် (သို့မဟုတ်) မိမိရောက်လိုသည့် ရည်မှန်းချက်ပန်းတိုင်ကို အရင်ဆုံး သတ်မှတ်ထားပါ။ မိမိရောက်လိုသည့် ရည်မှန်းချက်အိပ်မက်မရှိရင် စကော်လားရှစ် လျှောက်ထားမှုမှာ လိုအပ်သည့် လုံ့လ၀ီရိယများ နည်းပါးနေပါလိမ့်မယ်။ အဲတော့ ငါ ဘယ်ပန်းတိုင်ဆီသို့ မသွားမလဲဆိုတာ အရင်ဆုံးသိအောင် ပြုလုပ်ပါ။

(၂) နယ်ပယ်တစ်ခုမှာ ထူးခွန်အောင် ကြိုးစားပါ။

စကော်လားရှစ်လျှောက်ထားလိုသူများ၏ ဘာသာရပ်အမှတ်များ၊ စုစုပေါင်းအမှတ်များသည် ပုံမှန် Average Grade ထက် ကျော်လွန်နေရန်လိုအပ်ပါတယ်။ ဒါကြောင့် လက်ရှိတက်ရောက်နေသည့် ကျောင်း/တက္ကသိုလ် တွင် နှစ်စဉ်နှစ်တိုင်း အမြင့်ဆုံးအမှတ်များမဟုတ်သည့်တိုင် အမှတ်ကောင်းများရအောင် အမြဲကြိုးစားနေဖို့ လိုပါတယ်။

(၃) အင်္ဂလိပ်စာ ကောင်းအောင် ပြုလုပ်ပါ။

စကော်လားရှစ်လျှောက်ထားမှုတွင် မဖြစ်မနေပါဝင်ရမည့် အရာမှာ အင်္ဂလိပ်စာ (IELTS/TOEFL) အမှတ်ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာ (IELTS/TOEFL) တို့ကို သင်တန်းတက်၍ဖြစ်စေ၊ Onlineမှဖြစ်စေ ကြိုတင်လေ့လာ ထားဖို့လိုပါတယ်။

(၄) လမ်းကြောင်းတစ်ခု သေချာသတ်မှတ်ပါ။

ဘွဲကြိုတန်းများအတွက် နိုင်ငံခြားမှာ မိမိသင်ယူလိုတဲ့၊ မိမိစိတ်အ၀င်စားဆုံး Majorကို ကြိုတင်ရွေးချယ်သတ်မှတ်ထားဖို့လိုပါတယ်။ ထို့အတူ ဘွဲ့လွန်သင်တန်းသားများ/ပါရဂူဘွဲ့သင်တန်းသားများ အနေဖြင့်လည်း မိမိသုတေသနဆောင်ရွက်လိုသည့် နယ်ပယ်အတွက် ရင်းနှီးကျွမ်းဝင်သည့် ဆရာများ/ အတွေ့အကြုံရှိသည့် ပညာရှင်များနှင့် တိုင်ပင်ပြီး Research Proposal ကြိုတင်ရှာဖွေ ရေးသားထားဖို့ လိုပါတယ်။

(၆)  ပညာသင်ဆုကို ဘာကြောင့်ရရှိလိုသည်/ပညာသင်ဆုဖြင့် မည်သို့သော သုတေသနများ ဆောင်ရွက်လိုသည်/ ပညာသင်ဆုဖြင့်ဘွဲ့ရရှိပြီးပါက မည်သို့အကျိုးပြုနိုင်မည်စသည့်တို့ပါဝင်သော Motivation Letter တစ်စောင်ကို အနည်းဆုံး တစ်မျက်နှာခန့် ကြိုရေးထားပါ။

(၇) အချို့တက္ကသိုလ်များက Passport နံပါတ်/Passport Copy တောင်းတတ်သဖြင့် ဖြစ်နိုင်လျှင် Passport ကြိုတင်လျှောက်ထားပါ။

(၈) အခြား လိုအပ်သည့် ပညာရေးဆိုင်ရာ Degrees, Certificates, Grading, Recommendation Letterနှင့် အခြားလိုအပ်သော စာရွက်စာတမ်းများကို မိမိလျှောက်ထားမည့် ပညာသင်ဆုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်သွားနိုင်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: မော်ထွန်း(ပညာရေး)

Tips Read 4524 times