Sales Hotline : 09448001653       Download App



"မြန်မာပြည်မှာ MBA ဘယ်လိုတက်မလဲ"

"မြန်မာပြည်မှာ MBA ဘယ်လိုတက်မလဲ"

ကျောင်းအပြီးမှာ ရသွားမယ့် social networking လည်း အလွန်ကောင်းပါတယ်..

ဒါ့ကြောင့်မို့ မြန်မာပြည်မှာ အခြေချဖို့ စဉ်းစားရင် မြန်မာပြည် MBA ဟာ အသင့်တော်ဆုံးပါလို့ ပြောပါရစေ..

"ဘယ်မှာတက်ရမှာလဲ"

လှိုင်တက္ကသိုလ်နယ်မြေ၊ ပတ္တမြားဆောင်မှာ တက်ရမှာပါ.. သွားရေးလာရေး အင်မတန် လွယ်ကူပါတယ်.. မန္တလေးမှာလည်း အစိုးရက ဖွင့်ထားတဲ့MBA ရှိပါတယ်.. မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှာ တက်လို့ ရ/ မရတော့ သေချာမသိပါဘူး..

"ဘယ်လိုလျှောက်မလဲ"

ဝင်ခွင့်ခေါ်ယူတဲ့အခါ သတင်းစာမှာ ဝင်ခွင့်ခေါ်ပါတယ်.. မြန်မာနိုင်ငံက တက္ကသိုလ်မှာ အသိအမှတ်ပြု ဘွဲ့တစ်ခုခု ရထားပြီး သက်ဆိုင်ရာ သင်ရိုးနဲ့အညီ လုပ်ငန်းအတွေ့အကြုံ ရှိသူများကို လျှောက်ခွင့်ပြုပါတယ်..

လျှောက်တော့မယ်ဆိုရင် ဘွဲ့လက်မှတ်၊ တက္ကသိုလ်အမှတ်စာရင်း၊ မှတ်ပုံတင်၊ လိုင်စင်ပုံတွေ အသင့်ပြင်ထားပါ.. ပြီးတော့ အလုပ်တစ်ခုခုမှာ လုပ်ငန်းအတွေ့အကြုံ နှစ်နှစ်ရှိကြောင်း ပြဖို့ ကုမ္မဏီ ထောက်ခံစာ လိုပါတယ်..

အဲ့ဒါအပြင် ရာထူးက Management Level ဖြစ်ဖို့ လိုတဲ့အတွက် အနည်းဆုံး Assistant Manager ရာထူးလောက် ပြပြီး လျှောက်ကြတာပါပဲ..

အစိုးရဝန်ထမ်းဖြစ်ပြီး အုပ်ချုပ်မှုအပိုင်းမှာ ရာထူးလုပ်သက် ၂နှစ်ရှိရင် ဒီMBA ကို တက်လို့ရပါတယ်.. ဒါပေမယ့် အထက်လူကြီးရဲ့ ခွင့်ပြုစာလိုပါတယ်..

ဝင်ခွင့်အတွက် Form ကိုတော့ ပတ္တမြားဆောင်မှာပဲ ဝယ်ရပါ့မယ်..

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: fb (poe phyut thant)

Tips Read 2312 times