Sales Hotline : 09448001653       Download App



စာသင်ကောင်းခြင်း မကောင်းခြင်း

စာသင်ကောင်းခြင်း မကောင်းခြင်း

**Unicode**

စာသင်ခန်းအတွင်း ကလေးတွေကိုထိန်းနိုင်ဖို့

၁။ ကိုယ်ဟာ မင်းသားမင်းသမီးတစ်ယောက်လို ဆွဲဆောင်မှု အပြည့်ရှိဖို့ပြင်ဆင်ရပါမယ်။ အဓိက က ဝတ်စားဆင်ယင်မှုပါ ကြည့်လို့ကောင်းတဲ့သပ်ရပ်တဲ့ ဝတ်စားဆင်ယင်မှုက ကလေးတွေကို ဆွဲဆောင်နိုင်ပါတယ်။

၂။ ကိုယ်ဟာ အဆိုတော်တစ်ယောက်လို အသံကြည်လင် ရှင်းလင်းပြတ်သား အနိမ့်အမြင့် သံစဉ်မှန်တဲ့စကားတွေပြောနိုင်တဲ့သူဖြစ်ရပါမယ်။ ကလေးတွေဟာ ကိုယ့်အသံထဲ စိတ်ဝင်စား စီးမျောသွားမှာပါ။

၃။ ကိုယ်ဟာ ကွက်စိပ်ဆရာလို အဟောအပြောကောင်းသူ ဖြစ်ရပါမယ်။ သင်ခန်းစာပါအကြောင်းအရာတစ်ခု ကိုယ်ပြောချင်တဲ့အကြောင်းအရာတစ်ခု စိတ်ဝင်စားလောက်အောင် ပုံတိုပတ်စ ဥပမာတွေနဲ့ ပြောဆိုနိုင်တဲ့သူဖြစ်ရင် ကလေးတွေ သင့်အချိန်ဘယ်တော့မှ မပျင်းတော့ မငြီးငွေ့တော့ပါဘူး။

၄။ ကိုယ်ဟာ လူရွှင်တော် တစ်ယောက်ဖြစ်ရပါမယ်။

ကလေးတွေရဲ့ပျော်ရွှင်မှုတွေဖန်တီးပေးနိုင်တဲ့သူပေါ့ ကလေးတွေက ရီစရာလေးတွေကြားရင် ပျော်ကြပါတယ်။ ဖန်တီး မှတ်သား ပြန်ပြောပြ သူတို့ဘဝမှာ အဲဒါလေးတွေ စွဲလမ်းပြန်ပြောတတ်ကြပါတယ်။ ကလေးတွေ သင့်စာသင်ချိန်ကို မျှော်နေကြပါလိမ့်မယ်

၅။ ကိုယ်ဟာ ရဟန်းသံဃာတစ်ပါး လိုဖြစ်ရပါမယ်။

ဘာသာရေးအလေ့အကျင့်ကောင်းများ နက်နဲသောတရားစကားများ ပြောကြားရင်း ကလေးများလေးစားသော ရိုသေသော ပူဇော်ထိုက်သော ဆရာတစ်ယောက်ဖြစ်လာပြီး ကလေးများ ကိုယ့်ပြောတာတွေနားထောင်လိုက်နာလာမှာပါ။

၆။ ကိုယ်ဟာ သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်ရပါမယ်။

ကလေးများကို သဘာဝအရဖြစ်တတ်တာတွေ နားလည်ပေးသူ လိုအပ်တာတွေ ကူညီပေးသူ ဖြည့်ဆည်းပေးသူဖြစ်စေရပါမယ်။ ဒါမှ ကလေးတွေဟာ သူတို့အခက်အခဲမှန်သမျှ ဖြေရှင်းပေးမယ့်ကိုယ့်ကို ပြောပြလာကြမယ် သူတို့အတွင်းရေးလေးတွေ ပြောပြလာကြမယ် သင်ခန်းစာနဲ့ပတ်သက်လို့သိချင်တာလေးတွေ မေးရဲလာမယ် ဆွေးနွေးလာမယ်။

ဒါတွေကို ဆောင်ရွက်လေ့ကျင့်စွမ်းဆောင် နိုင်ပြီဆိုရင် ကိုယ်ဟာ the king of the class အဖြစ် အတန်းကို ကောင်းကောင်းထိန်းနိုင်လာပါပြီ။

အဲဒီကတစ်ဆင့် ကိုယ်ပေးချင်တဲ့ အသိပညာ အတတ်ပညာ စတဲ့ဘာသာရပ်များသင်ကြားတဲ့အခါ သင်သမျှ စိတ်ဝင်တစားနားထောင်သော လိုက်လုပ်တတ်သော သင့်စကားတွေနားထောင်သော တပည့်ကောင်းလေးများ တဖြည်းဖြည်း ပြောင်းလဲဖြစ်လာမှာ ဧကန်မလွဲပါပဲနော်...။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Credit:Aung Aung (Education)

 

**Zawgyi**

 

 

စာသင္ခန္းအတြင္း ကေလးေတြကုိထိန္းႏုိင္ဖုိ႕

၁။ ကုိယ္ဟာ မင္းသားမင္းသမီးတစ္ေယာက္လုိ ဆြဲေဆာင္မႈ အျပည့္ရွိဖုိ႕ျပင္ဆင္ရပါမယ္။ အဓိက က ဝတ္စားဆင္ယင္မႈပါ ၾကည့္လုိ႕ေကာင္းတဲ႔သပ္ရပ္တဲ႕ ဝတ္စားဆင္ယင္မႈက ကေလးေတြကုိ ဆြဲေဆာင္ႏုိင္ပါတယ္။

၂။ ကုိယ္ဟာ အဆုိေတာ္တစ္ေယာက္လုိ အသံၾကည္လင္ ရွင္းလင္းျပတ္သား အနိမ့္အျမင့္ သံစဥ္မွန္တဲ႕စကားေတြေျပာႏုိင္တဲ႕သူျဖစ္ရပါမယ္။ ကေလးေတြဟာ ကုိယ့္အသံထဲ စိတ္ဝင္စား စီးေမ်ာသြားမွာပါ။

၃။ ကုိယ္ဟာ ကြက္စိပ္ဆရာလုိ အေဟာအေျပာေကာင္းသူ ျဖစ္ရပါမယ္။ သင္ခန္းစာပါအေၾကာင္းအရာတစ္ခု ကုိယ္ေျပာခ်င္တဲ႕အေၾကာင္းအရာတစ္ခု စိတ္ဝင္စားေလာက္ေအာင္ ပုံတုိပတ္စ ဥပမာေတြနဲ႕ ေျပာဆုိႏုိင္တဲ႕သူျဖစ္ရင္ ကေလးေတြ သင့္အခ်ိန္ဘယ္ေတာ့မွ မပ်င္းေတာ့ မျငီးေငြ႕ေတာ့ပါဘူး။

၄။ ကုိယ္ဟာ လူရႊင္ေတာ္ တစ္ေယာက္ျဖစ္ရပါမယ္။

ကေလးေတြရဲ႕ေပ်ာ္ရႊင္မႈေတြဖန္တီးေပးႏုိင္တဲ႕သူေပါ့ ကေလးေတြက ရီစရာေလးေတြၾကားရင္ ေပ်ာ္ၾကပါတယ္။ ဖန္တီး မွတ္သား ျပန္ေျပာျပ သူတုိ႕ဘဝမွာ အဲဒါေလးေတြ စြဲလမ္းျပန္ေျပာတတ္ၾကပါတယ္။ ကေလးေတြ သင့္စာသင္ခ်ိန္ကုိ ေမ်ွာ္ေနၾကပါလိမ့္မယ္

၅။ ကုိယ္ဟာ ရဟန္းသံဃာတစ္ပါး လုိျဖစ္ရပါမယ္။

ဘာသာေရးအေလ့အက်င့္ေကာင္းမ်ား နက္နဲေသာတရားစကားမ်ား ေျပာၾကားရင္း ကေလးမ်ားေလးစားေသာ ရုိေသေသာ ပူေဇာ္ထုိက္ေသာ ဆရာတစ္ေယာက္ျဖစ္လာျပီး ကေလးမ်ား ကုိယ့္ေျပာတာေတြနားေထာင္လုိက္နာလာမွာပါ။

၆။ ကုိယ္ဟာ သူငယ္ခ်င္းေကာင္းတစ္ေယာက္ ျဖစ္ရပါမယ္။

ကေလးမ်ားကုိ သဘာဝအရျဖစ္တတ္တာေတြ နားလည္ေပးသူ လုိအပ္တာေတြ ကူညီေပးသူ ျဖည့္ဆည္းေပးသူျဖစ္ေစရပါမယ္။ ဒါမွ ကေလးေတြဟာ သူတုိ႕အခက္အခဲမွန္သမ်ွ ေျဖရွင္းေပးမယ့္ကုိယ့္ကုိ ေျပာျပလာၾကမယ္ သူတုိ႕အတြင္းေရးေလးေတြ ေျပာျပလာၾကမယ္ သင္ခန္းစာနဲ႕ပတ္သက္လုိ႕သိခ်င္တာေလးေတြ ေမးရဲလာမယ္ ေဆြးေႏြးလာမယ္။

ဒါေတြကုိ ေဆာင္ရြက္ေလ့က်င့္စြမ္းေဆာင္ ႏုိင္ျပီဆုိရင္ ကုိယ္ဟာ the king of the class အျဖစ္ အတန္းကုိ ေကာင္းေကာင္းထိန္းႏုိင္လာပါျပီ။

အဲဒီကတစ္ဆင့္ ကုိယ္ေပးခ်င္တဲ႕ အသိပညာ အတတ္ပညာ စတဲ႔ဘာသာရပ္မ်ားသင္ၾကားတဲ႕အခါ သင္သမ်ွ စိတ္ဝင္တစားနားေထာင္ေသာ လုိက္လုပ္တတ္ေသာ သင့္စကားေတြနားေထာင္ေသာ တပည့္ေကာင္းေလးမ်ား တျဖည္းျဖည္း ေျပာင္းလဲျဖစ္လာမွာ ဧကန္မလြဲပါပဲေနာ္...

မိမိတို႔ တက္ေရာက္လုိသည့္ သင္တန္းေက်ာင္းမ်ားႏွင့္ ပုဂၢလိက တကၠသိုလ္မ်ားကို ရွာေဖြလိုပါက ဒီ Link မွာရွာေဖြႏိုင္ပါသည္။

ပညာေရးလမ္းညႊန္ website တြင္ ပါ၀င္ေသာ သင္တန္းမ်ား ေက်ာင္းမ်ားScholarshipKnowledge မ်ားႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ားကို ၀င္ေရာက္ရွာေဖြ ဖတ္ရႈႏိုင္ပါတယ္။

Credit:Aung Aung (Education)

Tips Read 2525 times