Sales Hotline : 09448001653       Download App



လာမည့် ပညာသင်နှစ်တွင် တတိယတန်းနှင့် ဆဋ္ဌမတန်းသင်ရိုးပြောင်းလဲမည်

လာမည့် ပညာသင်နှစ်တွင် တတိယတန်းနှင့် ဆဋ္ဌမတန်းသင်ရိုးပြောင်းလဲမည်

အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ ခြောက်လလုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာနှင့်ပတ် သက်ပြီး ဇွန်လ ၂၁ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးက ရှင်းလင်းစဉ် ထိုသို့ပြော ကြားသည်။

‘‘၂၀၁၉-၂၀ ပညာသင်နှစ် မှာတော့ ပညာရေးဝန်ကြီးဌာန အနေနဲ့ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်နဲ့ အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီတို့နဲ့ပူးပေါင်း ပြီး Grade-3 နဲ့ အလယ်တန်းတစ် တန်းဖြစ်တဲ့ Grade-6 ကျောင်းသုံး ဖတ်စာအုပ်များကို ပြုစုပြီး ပုံနှိပ်ဖြန့်ချိပေးနိုင်ဖို့ စီစဉ်ဆောင်ရွက် နေပါတယ်’’ဟု ဒေါက်တာမျိုးသိမ်း ကြီးက ပြောသည်။

အခြေခံပညာမူလတန်းသင် ရိုးညွှန်းတမ်းအသစ်ရေးဆွဲနိုင်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ အလယ်တန်းနှင့် အထက်တန်း သင်ရိုးညွှန်းတမ်းအသစ်များအ တွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တို့က ပညာရေးဝန်ကြီးဌာနသို့ နည်းပညာနှင့် ဘဏ္ဍာရေးပံ့ပိုးထား သည်။

သင်ရိုးညွှန်းတမ်းအသစ်များ သင်ကြားမည့် မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ၊ ဆရာမများအားလုံးကို ပညာရေးဝန်ကြီးဌာနက နှစ်စဉ် သင်တန်းပေးရန် စီစဉ်ထားသည် ဟု ဆိုသည်။

အဆိုပါသင်ရိုးညွှန်းတမ်းအ သစ်များကို ၂၁ ရာစုကျွမ်းကျင်မှု များ၊ ပေါင်းသင်းဆက်ဆံရေး၊ ဉာဏ်ရည်ဉာဏ်သွေး၊ တစ်ကိုယ် ရေဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်ရရှိမှု ဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အဆင့်မြင့် စဉ်းစားတွေးခေါ်မှု ဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာစေရန် သင်ကြားမှုနယ်ပယ်များ ထည့် သွင်းရေးဆွဲမည်ဟု သင်ရိုးညွှန်း တမ်းမူဘောင်တွင် ဖော်ပြထား သည်။

အခြေခံပညာရေးကို သူငယ် တန်းအပါအဝင် မူလတန်းငါးနှစ်၊ အလယ်တန်းလေးနှစ်၊ အထက် တန်းသုံးနှစ်စနစ်အဖြစ် စတင် ပြောင်းလဲနေသည်။

၂၀၁၆-၁၇ ပညာသင်နှစ် တွင် သူငယ်တန်း၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ပထမတန်းကို သင်ရိုးညွှန်းတမ်းအသစ်များဖြင့် စတင်သင်ကြားခဲ့သည်။

၂၀၁၈-၁၉ ပညာသင်နှစ် တွင် ဒုတိယတန်း၊ ၂၀၁၉-၂၀ ပညာသင်နှစ်တွင် တတိယတန်း နှင့် ဆဋ္ဌမတန်း၊ ၂၀၂၀-၂၁ ပညာ သင်နှစ်တွင် စတုတ္ထတန်း၊ သတ္တမ တန်းနှင့် ဒသမတန်း၊ ၂၀၂၁-၂၂ ပညာသင်နှစ်တွင် ပဉ္စမတန်း၊ အဋ္ဌမတန်းနှင့် ဧကာဒသမတန်း၊ ၂၀၂၂-၂၃ ပညာသင်နှစ်တွင် နဝမတန်းနှင့် ဒွါဒသမတန်းတို့ကို စနစ်သစ် သင်ရိုးညွှန်းတမ်းများ ဖြင့် ပြောင်းလဲသင်ကြားမည်ဟု ပညာရေးဝန်ကြီးဌာနက သတ် မှတ်ထားသည်။

အခြေခံပညာတွင် ယခင်က သူငယ်တန်းမှ ဒသမတန်းအထိ ၁၁ တန်းတက်ရောက်ရသော်လည်း စနစ်သစ်အရ သူငယ်တန်းမှ ဒွါ ဒသမတန်းအထိ ၁၃ တန်းတက် ရောက်ရမည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day daily

News Read 1717 times