Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွင် ပါဝင်ဖြည့်စွက်ရမည့် ပုံစံ

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွင် ပါဝင်ဖြည့်စွက်ရမည့် ပုံစံ

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ် များကို တစ်စုံလျှင် သတ်မှတ်နှုန်းဖြင့် မိမိတို့ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ စာစစ် ဌာန ကြီးကြပ်ရေးမှူးများ (အထက်တန်းကျောင်းအုပ်ကြီးများ)ထံမှ ရယူနိုင်သည်-

(က) တက္ကသိုလ်ကျောင်းသားအဖြစ် မှတ်ပုံတင်ခွင့်လျှောက်လွှာ (၂)စုံ

(ခ) တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ

(ဂ) သင်တန်းရွေးချယ်မှုကတ်ပြား

(ဃ) တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်

(င) လျှောက်လွှာများထည့်ရန် စာအိတ်

တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများနှင့်အတူ ပေးပို့ရမည့် တက္ကသိုလ်ဝင် စာမေးပွဲ အမှတ်စာရင်းကို သက်ဆိုင်ရာစာစစ်ဌာန ကြီးကြပ်ရေးမှူးများ (အထက်တန်းကျောင်းအုပ် ကြီးများ)က အခမဲ့ ထုတ်ပေးမည်ဖြစ်ပြီး အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်ကို သက်ဆိုင်ရာ အထက်တန်းကျောင်းအုပ်ကြီးများက အခမဲ့ထုတ်ပေးမည်။

တက္ကသိုလ်ဝင်ခွင့်အတွက်-

(က) သင်တန်းရွေးချယ်မှုကတ်ပြား

(ခ) တက္ကသိုလ်ကျောင်းသားအဖြစ် မှတ်ပုံတင်ခွင့်လျှောက်လွှာ

(ဂ) တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ

ပုံစံများကို မဖြည့်သွင်းမီ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ကို နားလည် သဘောပေါက်အောင် ဖတ်ရှုရန်လိုသည်။

မရှင်းလင်းသည့် အချက်များရှိပါက မိမိတို့နှင့် နီးစပ်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ အထက်တန်းကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမ များထံတွင် မေးမြန်းနိုင်သည်။

သင်ကြားခွင့်ပြုသည့် တက္ကသိုလ်၊ ကောလိပ်နှင့် အထူးပြုဘာသာရပ်ကို တစ်ဦးချင်းထံ အချိန်မီ အကြောင်းကြားနိုင်ရန်အတွက် အကြောင်းပြန်ကြားလွှာတွင် ပါရှိသော ပြန်ကြားရန်လိပ်စာနေရာ၌ မိမိနှင့် အမြန်ဆုံးဆက်သွယ်နိုင်မည့် လိပ်စာကို မင်ဖြင့် ထင်ထင်ရှားရှား ရေးသားရမည်။

လျှောက်လွှာများ တင်သွင်းရမည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ

(၁) မြစ်ကြီးနားတက္ကသိုလ်

(၂) မန္တလေးအဝေးသင်တက္ကသိုလ်

(၃) လွိုင်ကော်တက္ကသိုလ်

(၄) မိတ္ထီလာတက္ကသိုလ်

(၅) ဘားအံတက္ကသိုလ်

(၆) မော်လမြိုင်တက္ကသိုလ်

(၇) ဟားခါးကောလိပ်

(၈) စစ်တွေတက္ကသိုလ်

(၉) မုံရွာတက္ကသိုလ်

(၁၀) တောင်ကုတ်ဒီဂရီကောလိပ်

(၁၁) စစ်ကိုင်းတက္ကသိုလ်

(၁၂) ရန်ကုန်အဝေးသင်တက္ကသိုလ်

(၁၃) ထားဝယ်တက္ကသိုလ်

(၁၄) တောင်ကြီးတက္ကသိုလ်

(၁၅) တောင်ငူတက္ကသိုလ်

(၁၆) လားရှိုးတက္ကသိုလ်

(၁၇) ပြည်တက္ကသိုလ်

(၁၈) ကျိုင်းတုံတက္ကသိုလ်

(၁၉) ပဲခူးတက္ကသိုလ်

(၂၀) ပုသိမ်တက္ကသိုလ်

(၂၁) မကွေးတက္ကသိုလ်

(၂၂) ဟင်္သာတတက္ကသိုလ်

(၂၃) ပခုက္ကူတက္ကသိုလ်

သတ်မှတ်ရက်ကျော်လွန်မှ လျှောက်ထားသူများသည် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထား ရမည်။

ပြည့်စုံထင်ရှားစွာ ဖြည့်သွင်းပြီးသော အောက်ဖော်ပြပါ ပုံစံများနှင့် စာရွက် စာတမ်းများကို လျှောက်လွှာများထည့်ရန် သတ်မှတ်ထားသောစာအိတ်တွင် ထည့်သွင်း ရမည်-

(က) သင်တန်းရွေးချယ်မှုကတ်ပြား

(ခ) တက္ကသိုလ်ကျောင်းသားအဖြစ် မှတ်ပုံတင်ခွင့်လျှောက်လွှာ (၂)စုံ

(ဂ) တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ

(ဃ) တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းမူရင်းနှင့် သက်ဆိုင်ရာ အထက်တန်း ကျောင်းအုပ်ကြီးများက ထုတ်ပေးသော အရည်အချင်း မှတ်တမ်းချုပ်ရမှတ်အဆင့်

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: university of yangon

News Read 12982 times