Sales Hotline : 09448001653       Download App



ဆရာ/ဆရာမများ ရှောင်ရှားသင့်သော အကျင့်စရိုက်များ

ဆရာ/ဆရာမများ ရှောင်ရှားသင့်သော အကျင့်စရိုက်များ

**Unicode**

၂။ စိတ်ဆိုးလို့ စာသင်ခန်းကနေ ထွက်မသွားပါနှင့်။ စာသင်ချင်တဲ့ ကျောင်းသားစိတ်အားငယ်သွားမယ်။
မသင်ချင်တဲ့ ကျောင်းသား ခိုးပြီးပျော်နေမယ်။

၃။ ကလေးများကို အော်ဟောက်ပြီး မဆုံးမပါနှင့်။ အော်ဟောက်သံနဲ့ အကျိုးထိရောက်မူ မသက်ဆိုင်လို့ပါ။

၄။ ကလေး များတစ်ခုခု အပြစ်လုပ်မိရုံနဲ့ သူတို့မိဘကို အကြောင်းမကြားပါနှင့်။ ကလေးများက မနှစ်သက်သလို မိဘများလည်း ကြိုက်မှာ မဟုတ်ပါဘူး။

၅။ လူအများရှေ့ မှာ ကလေးများကို အရှက်ခွဲတဲ့ပုံစံနဲ့ မဆုံးမပါနှင့်။ ကလေးများ သိမ်ငယ်သွားစေနိုင်တယ်။ အမုန်းပွားစေနိုင်တယ်။

၆။ ကလေးကို ဆုံးမတဲ့အခါမှာ အနာဟောင်းကို မဖေါ် ပါနှင့်။ ရှိတဲ့အပြစ်ကိုပဲ ပြောပါ။ အနာဟောင်းကို ခဏခဏ ဆွရင် ပြန်ကျူးလွန်ဖို့ သတိပေးသလို ဖြစ်နေတတ်တယ်။

၇။ ကလေးများရဲ့ အပြစ်ကို ပုံကြီးမချဲ့ မိပါစေနှင့်၊ မုန့်နဲနဲ ခိုးစားမိတာနဲ့ သူခိုးလို့ တင်စားတာမျိုး ရှောင်ကျဉ်ပါ။

၈။ ကျောင်းသားတစ်ဦးရဲ့ ရှေ့ မှာ အခြားကျောင်းသားတစ်ဦးရဲ့ မကောင်းကြောင်းကို မပြောမိပါစေနှင့်၊
အတင်းတုတ်တဲ့သူဟာ အတင်းသမားသာဖြစ်တယ်။ ကျောင်းဆရာ မဟုတ်ပါ။

၉ ။ အထင်အမြင်သေးတဲ့ အမူအယာနဲ့ ကျောင်းသားကို မဆက်ဆံမိ ပါစေနှင့်၊ ဘယ်ကျောင်းသား ကိုမှ စိတ်ထဲမှာ အထင်မသေးမိပါစေနှင့်၊ ကိုယ်ကအထင်သေးမိရင် ကျောင်းသားများ ခံစားမိနိုင်လို့ပါ။

၁၀။ ကလေးရတဲ့အမှတ် တစ်ခုတည်းနဲ့ ကလေးကို မဆုံးဖြတ်ပါနှင့်၊ စာရိတ္တဟာ ရမှတ်ထက် အဆပေါင်းများစွာ အရေးကြီးပါတယ်။

၁၁။ ကလေးကို ဆုံးမတဲ့အခါ ကလေးရဲ့ ခန္ဒာကိုယ်အားနည်းချက်၊ မိသားစု အားနည်းချက်များကို မဆက်စပ်မိပါစေနှင့်၊ ဥပမာ၊ မင်းအဖေနဲ့ တူတူပဲ၊ မင်းဦးလေးနဲ့ တူချင်လို့လား ဆိုတဲ့ ဆုံးမစကားမျိုး ရှောင်ကျဉ်ပါ။

၁၂။ အပြင်က စိတ်ဆိုးမူများကို အတန်းထဲသို့ သယ်မသွားပါနှင့်။ မိန်းမနဲ့ ရန်ဖြစ်လာလို့ အတန်ထဲမှာ ကျောင်းသားများကို တန်းစီအပြစ်ပေးတာမျိုး လုပ်မိရင် သင်ကျောင်းဆရာ မလုပ်သင့်တော့ပါ။

၁၃။ ကျောင်းသားများရဲ့ ရှေ့ မှာ အခြားဆရာများ မကောင်းကြောင်းလုံး၀ မပြောမိပါစေနှင့်။ ကိုယ့်သင်နည်းနဲ့ ကိုယ်ပဲ၊ လုပ်ဖေါ်ကိုင်ဘက်ကို သွားဝေဖန်မိရင် ဘယ်သူ့အတွက်မှ မကောင်းပါ။

၁၄။ ကလေးကို စာသင်တဲ့အခါ စိတ်မပါတာမျိုး မဖြစ်စေနှင့် စာသင်တဲ့အခါ ထဲထဲဝင်ဝင်ဖြစ်ပါစေ၊ စိတ်နှစ်ကိုယ်နှစ် ဖြစ်ပါစေ။

၁၅။ ကလေး တစ်ဦးစီတို့ရဲ့ ချစ်စရာ ကောင်းတဲ့အချက်များကို လစ်လျူ မရူ့ မိပါစေနှင့်၊ ကလေးရဲ့ ကောင်းကွက်ကို တွေ့မှ ကလေးတိုးတက်အောင် ဆွဲတင်နိုင်မယ်။

၁၆။ စာတော်တဲ့ ကလေးများ အပြစ်ကို လစ်လျူရူ့ တာမျိုး မပြုလုပ်ပါနှင့်၊ ဘာအမှားလုပ်လုပ်၊ စာတော်ရင် ခွင့်လွတ်တယ်ဆိုတဲ့ ဆရာမျိုး မဖြစ်ပါစေနှင့်။ အကျင့်စာရိတ္တ ထက်အရေးကြီးတဲ့ အရာ မရှိပါ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Ref: we chat (အောင်ကိုလတ်)

 

**Zawgyi**

 

 

၂။ စိတ္ဆိုုးလိုု႔ စာသင္ခန္းကေန ထြက္မသြားပါႏွင့္။ စာသင္ခ်င္တဲ့ ေက်ာင္းသားစိတ္အားငယ္သြားမယ္။
မသင္ခ်င္တဲ့ ေက်ာင္းသား ခုိးၿပီးေပ်ာ္ေနမယ္။

၃။ ကေလးမ်ားကိုု ေအာ္ေဟာက္ၿပီး မဆံုုးမပါႏွင့္။ ေအာ္ေဟာက္သံနဲ႔ အက်ဳိးထိေရာက္မူ မသက္ဆိုုင္လိုု႔ပါ။

၄။ ကေလး မ်ားတစ္ခုုခုု အျပစ္လုုပ္မိရံုုနဲ႔ သူတိုု႔မိဘကိုု အေၾကာင္းမၾကားပါႏွင့္။ ကေလးမ်ားက မႏွစ္သက္သလိုု မိဘမ်ားလည္း ႀကိဳက္မွာ မဟုုတ္ပါဘူး။

၅။ လူအမ်ားေရွ႕ မွာ ကေလးမ်ားကိုု အရွက္ခြဲတဲ့ပံုုစံနဲ႔ မဆံုုးမပါႏွင့္။ ကေလးမ်ား သိမ္ငယ္သြားေစႏိုုင္တယ္။ အမုုန္းပြားေစႏိုုင္တယ္။

၆။ ကေလးကိုု ဆံုုးမတဲ့အခါမွာ အနာေဟာင္းကိုု မေဖၚ ပါႏွင့္။ ရိွတဲ့အျပစ္ကိုုပဲ ေျပာပါ။ အနာေဟာင္းကိုု ခဏခဏ ဆြရင္ ျပန္က်ဴးလြန္ဖိုု႔ သတိေပးသလိုု ျဖစ္ေနတတ္တယ္။

၇။ ကေလးမ်ားရဲ႕ အျပစ္ကိုု ပံုုႀကီးမခ်ဲ႕ မိပါေစႏွင့္၊ မုန္႕နဲနဲ ခိုုးစားမိတာနဲ႔ သူခုုိးလိုု႔ တင္စားတာမ်ဳိး ေရွာင္က်ဥ္ပါ။

၈။ ေက်ာင္းသားတစ္ဦးရဲ႕ ေရွ႕ မွာ အျခားေက်ာင္းသားတစ္ဦးရဲ႕ မေကာင္းေၾကာင္းကိုု မေျပာမိပါေစႏွင့္၊
အတင္းတုုတ္တဲ့သူဟာ အတင္းသမားသာျဖစ္တယ္။ ေက်ာင္းဆရာ မဟုုတ္ပါ။

၉ ။ အထင္အျမင္ေသးတဲ့ အမူအယာနဲ႔ ေက်ာင္းသားကိုု မဆက္ဆံမိ ပါေစနွင့္၊ ဘယ္ေက်ာင္းသား ကိုုမွ စိတ္ထဲမွာ အထင္မေသးမိပါေစႏွင့္၊ ကိုုယ္ကအထင္ေသးမိရင္ ေက်ာင္းသားမ်ား ခံစားမိႏိုုင္လိုု႔ပါ။

၁၀။ ကေလးရတဲ့အမွတ္ တစ္ခုုတည္းနဲ႔ ကေလးကိုု မဆံုုးျဖတ္ပါႏွင့္၊ စာရိတၱဟာ ရမွတ္ထက္ အဆေပါင္းမ်ားစြာ အေရးႀကီးပါတယ္။

၁၁။ ကေလးကိုု ဆံုုးမတဲ့အခါ ကေလးရဲ႕ ခႏၵာကိုုယ္အားနည္းခ်က္၊ မိသားစုု အားနည္းခ်က္မ်ားကိုု မဆက္စပ္မိပါေစႏွင့္၊ ဥပမာ၊ မင္းအေဖနဲ႔ တူတူပဲ၊ မင္းဦးေလးနဲ႔ တူခ်င္လိုု႔လား ဆိုုတဲ့ ဆံုုးမစကားမ်ဳိး ေရွာင္က်ဥ္ပါ။

၁၂။ အျပင္က စိတ္ဆိုုးမူမ်ားကိုု အတန္းထဲသိုု႔ သယ္မသြားပါႏွင့္။ မိန္းမနဲ႔ ရန္ျဖစ္လာလိုု႔ အတန္ထဲမွာ ေက်ာင္းသားမ်ားကိုု တန္းစီအျပစ္ေပးတာမ်ဳိး လုုပ္မိရင္ သင္ေက်ာင္းဆရာ မလုုပ္သင့္ေတာ့ပါ။

၁၃။ ေက်ာင္းသားမ်ားရဲ႕ ေရွ႕ မွာ အျခားဆရာမ်ား မေကာင္းေၾကာင္းလံုုး၀ မေျပာမိပါေစႏွင့္။ ကိုုယ့္သင္နည္းနဲ႔ ကိုုယ္ပဲ၊ လုုပ္ေဖၚကိုုင္ဘက္ကိုု သြားေ၀ဖန္မိရင္ ဘယ္သူ႔အတြက္မွ မေကာင္းပါ။

၁၄။ ကေလးကိုု စာသင္တဲ့အခါ စိတ္မပါတာမ်ဳိး မျဖစ္ေစႏွင့္ စာသင္တဲ့အခါ ထဲထဲ၀င္၀င္ျဖစ္ပါေစ၊ စိတ္ႏွစ္ကိုုယ္နွစ္ ျဖစ္ပါေစ။

၁၅။ ကေလး တစ္ဦးစီတိုု႔ရဲ႕ ခ်စ္စရာ ေကာင္းတဲ့အခ်က္မ်ားကိုု လစ္လ်ဴ မရူ႕ မိပါေစႏွင့္၊ ကေလးရဲ႕ ေကာင္းကြက္ကိုု ေတြ႔မွ ကေလးတိုုးတက္ေအာင္ ဆြဲတင္ႏိုုင္မယ္။

၁၆။ စာေတာ္တဲ့ ကေလးမ်ား အျပစ္ကိုု လစ္လ်ဴရူ႕ တာမ်ဳိး မျပဳလုုပ္ပါႏွင့္၊ ဘာအမွားလုုပ္လုုပ္၊ စာေတာ္ရင္ ခြင့္လြတ္တယ္ဆိုုတဲ့ ဆရာမ်ဳိး မျဖစ္ပါေစႏွင့္။ အက်င့္စာရိတၱ ထက္အေရးႀကီးတဲ့ အရာ မရိွပါ။

မိမိတို႔ တက္ေရာက္လုိသည့္ သင္တန္းေက်ာင္းမ်ားႏွင့္ ပုဂၢလိက တကၠသိုလ္မ်ားကို ရွာေဖြလိုပါက ဒီ Link မွာရွာေဖြႏိုင္ပါသည္။

ပညာေရးလမ္းညႊန္ website တြင္ ပါ၀င္ေသာ သင္တန္းမ်ား ေက်ာင္းမ်ားScholarshipKnowledge မ်ားႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ားကို ၀င္ေရာက္ရွာေဖြ ဖတ္ရႈႏိုင္ပါတယ္။

Ref: we chat (ေအာင္ကိုလတ္)

Tips Read 4723 times