Sales Hotline : 09448001653       Download App



အထက်တန်းပြဆရာ၊ ဆရာမများကို တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံသစ်ဆိုင်ရာ သင်တန်းပေးမည်

အထက်တန်းပြဆရာ၊ ဆရာမများကို တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံသစ်ဆိုင်ရာ သင်တန်းပေးမည်


တက္ကသိုလ်ဝင်တန်းတွင် ဘာသာရပ် ၁၀ ခုအနက် စိတ် ကြိုက်မြန်မာစာဘာသာရပ်မှလွဲ ၍ ကျန်ဘာသာရပ်များကို မေးခွန်းပုံစံအသစ်ပြောင်းလဲမည် ဖြစ် သည်။

တက္ကသိုလ်များမှ ဆရာ၊ ဆရာမများက တက္ကသိုလ်ဝင်တန်းသင် အခြေခံပညာကျောင်း များမှ ဆရာ၊ ဆရာမများကို ထိုမေးခွန်းပုံစံသစ်များအတွက် သင် တန်းပို့ချမည် ဖြစ်သည်။

‘‘မေးခွန်းပုံစံသစ်နဲ့ ပတ် သက်ပြီး တက္ကသိုလ်တွေနဲ့ ညှိနှိုင်း ပြီး သင်တန်းပေးဖို့ စီစဉ်နေပါ တယ်။ ပုံစံသစ်ဖြစ်နေတော့ ကလေးတွေကို ထိထိရောက် ရောက် သင်ပေးနိုင်ဖို့ ဆရာမတွေ ကို စွမ်းရည်မြှင့်သင်တန်းပေးတာ ပါ’’ဟု အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

မေးခွန်းပုံစံသစ်ဆိုင်ရာ သင်တန်းကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံး များ အစီအစဉ်ဖြင့် ကျင်းပမည် ဖြစ်ပြီး သင်တန်းတက်ရမည့် ဆရာ၊ ဆရာမ စာရင်းကို အခြေခံပညာကျောင်းများထံမှ ကောက် ယူနေသည်။

‘‘အရင်နှစ်တွေကတော့ ဒီ အချိန်ဆို ၁၀ တန်းအောင်ချက် မြင့်မားရေး သင်တန်းတက်ရ တယ်။ အခုကတော့ မေးခွန်းပုံစံ သစ်နဲ့ ပတ်သက်တာလည်း ပြော မယ်လို့ ကြားတယ်။ ကိုယ့်ဟာ ကိုယ်တော့ မေးခွန်းပုံစံသစ်နဲ့ ပတ်သက်ပြီး ကြိုလေ့လာထားဖြစ် တယ်။ သင်တန်းပေးမယ်ဆိုတော့ ပိုကောင်းသွားတာပေါ့’’ဟု မန္တလေးတိုင်းမှ အထက်တန်းပြ ဆရာမ ဒေါ်ခင်ချိုဝင်းက ပြောသည်။

၂၀၁၈-၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းကို သင်ရိုး သစ်မပြောင်းလဲဘဲ လက်ရှိသင်ရိုး အတိုင်း သင်ကြားမည်ဖြစ်ပြီး ဘာသာရပ် ကိုးခု၏ စာမေးပွဲမေးခွန်း ကို စဉ်းစားတွေးခေါ်မှု ဦးစားပေးသည့် မေးခွန်းပုံစံပြောင်းလဲမည်ဟု ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။

မေးခွန်းပုံစံသစ်တည်ဆောက် ပုံများကို မေလ ၂ မှ ၁၀ ရက်အထိ သတင်းစာများမှတစ်ဆင့် တစ်နေ့လျှင် တစ်ဘာသာနှုန်းကြေညာခဲ့ပြီး မေလ ၁၀ ရက်တွင် ဘာသာရပ်အလိုက် နမူနာမေးခွန်းများ ထပ်မံကြေညာထားသည်။

မေးခွန်းပုံစံသစ်အရ မြန်မာ စာမေးခွန်းတွင် စာစီစာကုံးရမှတ် လျှော့ချကာ အဆိုဆွေးနွေးခြင်း မေးခွန်းသစ်ကို ထည့်သွင်းထား ပြီး အင်္ဂလိပ်စာမေးခွန်းတွင် ဖတ် စာအုပ်ပြင်ပမှ Unseen Passageဖြေဆိုရသည့် မေးခွန်းသစ်ထပ် တိုးထားသည်။

သင်္ချာမေးခွန်းတွင် ဓမ္မဓိဋ္ဌာန်မေးခွန်းများ မပါဝင်တော့သည့် အပြင် အခန်းအချို့ကိုသာ အပိုင် ကျက်မှတ်ဖြေဆိုမှုများမပြုလုပ် နိုင်ရန် ဖတ်စာအုပ်ပါ သင်ခန်းစာ အားလုံးကို ခြုံငုံမေးမြန်းရမည်ဟု ကြေညာထားသည်။

ဓာတုဗေဒဘာသာရပ်အပါ အ၀င် ဘာသာရပ်အားလုံး ရွေးချယ်ဖြေဆိုရန် ပုဒ်ရေများကို မေးခွန်းဟောင်းထက် လျှော့ချထားသည်။

ပြောင်းလဲမည့် မေးခွန်းပုံစံ သစ်များကို KG+12 စနစ်သစ် သင်ရိုးညွှန်းတမ်းအားလုံး မပြောင်းနိုင်မီအထိ အသုံးပြုရန် ရည်ရွယ်ထားသည်ဟု ပညာရေးဝန်ကြီးဌာနက ကြေညာသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။


source: 7day daily

News Read 2406 times