Sales Hotline : 09448001653       Download App



ဆယ်တန်းမှာ အမှတ်နည်းလို့ စိတ်ဓာတ်ကျနေပြီလား

ဆယ်တန်းမှာ အမှတ်နည်းလို့ စိတ်ဓာတ်ကျနေပြီလား

 

သို့ပေမယ့် အမှတ်ကောင်းတဲ့သူတွေများသလို၊ အမှတ်နည်းတဲ့သူတွေလည်း အများကြီး ရှိပါတယ်။

 

တက္ကသိုလ်ဝင်စာမေးပွဲကြီးမှာ ဂုဏ်ထူးများစွာ ပါတဲ့ ကျောင်းသား/သူတိုင်းကတော့ အတိုင်းမသိ ၀မ်းသာပျော်ရွှင်နေမှာ မလွဲဧကန်ဖြစ်နေမှာပါကွယ်။

 

မအောင်တဲ့ ကျောင်းသား/သူများကတော့ ငိုကြွေးမှုတွေ၊ ၀မ်းနည်းမှုတွေ၊ ရှက်စိတ်တွေနဲ့ ဖြစ်နေပါလိမ့်မည်။

 

အမှတ်ကောင်းတဲ့သူတွေကတော့ တက္ကသိုလ်ကောင်းကောင်းမှာ တက်ရတော့ ပျော်နေမယ်ပေါ့။

 

အမှတ်မကောင်းတော့ရော မပျော်ရတော့ဘူးလား။

 

အမှတ်က အဓိကမကျ ပါဘူးနော်။

 

ဘယ်ကျောင်းတွေမှာ တက်ရတက်ရ ကြိုးစားအားထုတ်မှု ရှိမှသာ အောင်မြင်ခြင်းရဲ့ ရလဒ်ကို အပြည့်အ၀ ခံစားရတာပါကွယ်။

 

ဒီတော့ မည်သည့်ဘာသာရပ်မဆို ထူးချွန်သူများအတွက် နေရာများ စွာရှိနေသည်။

 

ဝါသနာပါသည့် ဘာသာရပ်ကို ရွေးချယ်မှ စိတ်ဝင် စားမှု ရင့်သန်ကာ ဝါသနာနှင့် အလုပ် တစ်ထပ်တည်း ကျလာ မည်ဖြစ်သည်။

 

မိမိ စိတ်ဝင်စားရာ၊ ဝါသနာပါရာ ဘာသာရပ်ကို ရွေးချယ်သင်ကြားဖို့ တိုက်တွန်းချင်ပါသည်။

 

ဝါသနာပါရာကို တစိုက်မတ်မတ် ပြုလုပ်မယ်ဆိုရင် အောင်မြင်မှုပန်းတိုင်ကနေ သင့်ကို ကြိုဆိုနေပါလိမ့်မည်။

 

မင်းတို့လေးတွေရဲ့ စိတ်ကူးအိပ်မက်တွေက ဘာတွေဖြစ်မလဲ ?

 

ငါကတော့ ကြီးလာလျှင် ဆရာဝန် လုပ် မယ်၊ အင်ဂျင်နီယာကြီးဖြစ်အောင်လုပ်မယ်၊ ဆရာမလုပ်ချင်တယ် ဆိုတဲ့ပေါ်မူတည်ပြီး ၀ါသနာတွေ မတူညီချက်တွေလည်း ရှိလာပါတယ်နော်...

 

တစ်ချို့ကျတော့လဲ ငယ်ငယ်လေးက ရည်မှန်းချက်ထားပြီး ကြိုးစားပေမယ့် ကြီးလာတဲ့အခါ ရည်မှန်းချက် ပြောင်းလဲလာတာတွေ တွေ့ရပါတယ်။

 

ညီငယ်၊ ညီငမယ်တို့ရဲ့ ဆယ်တန်း (သို့ မဟုတ်) တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းဆိုတာက ဘ၀အတွက် အရမ်းအခက်ဖြစ်စေတဲ့ ပုစ္ဆာတစ်ပုဒ်လို့ ထင်နေပြီလား။

 

အားလုံးပဲ Fighting !!!

 

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

 

source: yyn

Tips Read 6714 times