Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့သူများကို ဂျပန်နိုင်ငံလေ့လာရေး ခရီးစဉ်သို့ စေလွှတ်မည်

တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့သူများကို ဂျပန်နိုင်ငံလေ့လာရေး ခရီးစဉ်သို့ စေလွှတ်မည်

မြန်မာ-ဂျပန်အသင်း (MJA) သည်

 

"မြန်မာ-ဂျပန်နှစ်နိုင်ငံ ပြည်သူအချင်းချင်းအကြား ချစ်ခင်ရင်းနှီးမှုကို ကျောင်းသားလူငယ်ချင်း ချင်ခင်ရင်းနှီးမှုမှတစ်ဆင့် တိုးမြှင့်ဖော်ဆောင်နိုင်ရန်” ၊

 

"အနာဂတ်နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူဖြစ်စေရန်”၊

 

"ပညာရေးကဏ္ဍမှ ဘက်စုံထူးချွန်သည့် မျိုးဆက်သစ်လူငယ်များကို ရွေးချယ်ပြီး နိုင်ငံတော် ကိုယ်စား၊ မိဘပြည်သူများကိုယ်စား၊ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်ဂုဏ်ပြုချီးမြှင့်ရန်” ဟူသော ရည်ရွယ်ချက်များဖြင့်

 

"မြန်မာ-ဂျပန်အသင်း၏ ပညာရည်ချွန်ထူးချွန်ဆု၊ ဂျပန်နိုင်ငံလေ့လာရေးအစီအစဉ် (MJA Outstanding Students Award-Japan Exchange Visit”ကို ၂၀၁၄ ခုနှစ်မှ စတင်၍ နှစ်စဉ်ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင်လည်း ပဉ္စမအကြိမ်မြောက်အဖြစ် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ယခုနှစ်အစီအစဉ်တွင်လည်း ယခင်၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် အစီအစဉ်အတိုင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူအချို့နှင့် နိုင်ငံခြား ဘာသာ တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တို့မှ ဂျပန်ဘာသာ အဓိကသင်ကြားနေသူများမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူအချို့ကို ရွေးချယ်ပေါင်းစပ်ဖွဲ့စည်းပြီး ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစဉ်ကို ယခုနှစ် အောက်တိုဘာလတွင် စေလွှတ်မည်ဖြစ်သည်။

 

ယခုနှစ်အစီအစဉ်အတွက် အဆိုပြုလွှာတင်သွင်းခွင့်ရရှိသူများမှာ အောက်ပါအတိုင်းဖြစ်သည် -

 

(က) ၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူ သိပ္ပံဘာသာတွဲမှ ၁၀ ဦး၊ ၀ိပ္ပံ၊ ၀ိဇ္ဇာဘာသာတွဲမှ ၁၀ ဦး ပေါင်း ၂၀ ဦး

 

() ပြည်နယ်နှင့်တိုင်းဒေသကြီး များအလိုက် (နေပြည်တော်ကောင်စီနယ်မြေ အပါအ၀င်) အမှတ်အများဆုံး ရရှိသူ ငါးဦးစီဖြင့် ပေါင်း ၇၅ ဦး၊

 

() နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန် YUFL နှင့် မန္တလေး MUFL) ဂျပန်ဘာသာ တတိယနှစ်အတန်းများမှ ပဏမအဆင့် ရွေးချယ်မှုတွင် အောင်မြင်သူ ၂၅ ဦးစီဖြင့် ပေါင်း ၅၀ ဦး

 

ထိုအဆိုပြုလွှာတင်သွင်းခွင့်ရှိသူများသည် အဆိုပြုလွှာများကို မြန်မာ-ဂျပန်အသင်း၊ Shwe Zabu River View Complex, 23G-1, No.3B, Tower A & C, ပထမထပ်၊ ကမ်းနားလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့သို့ ဆက်သွယ်ပြီး အခမဲ့ထုတ်ယူနိုင်သည်။

 

အသေးစိတ်သိရှိလိုပါက ဒေါက်တာဌေးလွင်၊ အတွင်းရေးမှူး (+95-9-262772705) နှင့် ဦးနေ၀င်းထက်၊ ရုံးအဖွဲ့မှူး (+95-9-421162331) တို့ထံ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

 

News Read 2769 times