Sales Hotline : 09448001653       Download App



၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်း

၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်း

ယခုနှစ်သည် ခုနှစ်နှစ်အတွင်း ဂုဏ်ထူးရ အရေအတွက် ပိုမိုများပြားခဲ့ပြီး ယခင်နှစ်ကထက် ဂုဏ်ထူးရ အရေအတွက် နှစ်သောင်းနီးပါး ပိုမိုခဲ့သည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် အောင်စာရင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက်အကောင်းဆုံး ဒေသမှာ မန္တလေးတိုင်းဒေသကြီးသည် ပထမ (အောင်ချက်ရာခိုင်နှုန်း ၃၈ ဒသမ ၁၇ ရာခိုင်နှုန်း)

ရန်ကုန်တိုင်းဒေသကြီး ဒုတိယ (အောင်ချက်ရာခိုင်နှုန်း ၃၇ ဒသမ ၅၅ ရာခိုင်နှုန်း) တို့ဖြင့် ဦးဆောင်သွား ခဲ့သည်။

နှစ်စဉ်အောင်ချက်အကောင်းဆုံးအဖြစ် ရပ်တည်နိုင်ခဲ့သည့် မွန်ပြည်နယ်သည် ယင်းဒေသနှစ်ခု၏ အောက်တွင်ပင် ရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်မြင်သူ ၂၅၉၁၉၁ ဦး ရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းရှိခဲ့သည်။

အောင်မြင်သူများထဲမှာ ၇၅၇၅၆ ဦးမှာ ဂုဏ်ထူးရရှိခဲ့ပြီး ဂုဏ်ထူးရ ဘာသာရပ် အရေအတွက်မှာ ၁၂၄၅၈၂ ရှိသည်။

ယခုနှစ်တွင် အောင်ချက်အရေအတွက် တိုးတက်လာခြင်းမရှိသည့် ဒေသမှာ ချင်းပြည်နယ်ဖြစ်ပြီး ၁၆ ဒသမ ၆၄ ရာခိုင်နှုန်းဖြင့် ဆက်လက်ရပ်တည်ခဲ့သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှာလည်း ၁၉ ဒသမ ၃၃ ရာခိုင်နှုန်းဖြင့် ယခင်နှစ်ကထက် အောင်ချက်နည်းခဲ့သလို ယခုနှစ်တွင်လည်း ချင်းပြည်နယ်ပြီးပါက အောင်ချက်အနည်းဆုံးဖြစ်ခဲ့သည်။

နှစ်အလိုက် အောင်ချက်များဖြစ်သည့်

၂၀၁၂ ခုနှစ်တွင် ဖြေဆိုသူ ၄၆၇၈၄၉ ဦး၊ အောင်မြင်သူ ၁၆၀၇၇၈၊ အောင်ချက်ရာခိုင်နှုန်း ၃၄ ဒသမ ၃၇၊

၂၀၁၃ ခုနှစ်တွင် ဖြေဆိုသူဦးရေ ၄၈၇၄၁၃ ဦး၊ အောင်မြင်သူ ၁၇၀၀၄၃ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၃၄ ဒသမ ၈၉၊

၂၀၁၄ ခုနှစ်တွင် ဖြေဆိုသူဦးရေ ၅၄၁၉၄၆ ဦး၊ အောင်မြင်သူ ၁၇၁၆၄၇ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၃၁ ဒသမ ၆၇၊

၂၀၁၅ ခုနှစ်တွင် ဖြေဆိုသူဦးရေ ၅၉၇၉၄၆ ဦး၊ အောင်မြင်သူ ၂၂၄၈၄၇ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၃၇ ဒသမ ၆၀၊

၂၀၁၆ ခုနှစ်တွင် ဖြေဆိုသူဦးရေ ၆၃၆၂၃၇ ဦး၊ အောင်မြင်သူ ၁၉၀၃၉၀ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၂၉ ဒသမ ၉၂၊

၂၀၁၇ ခုနှစ်တွင် ဖြေဆိုသူဦးရေ ၇၁၆၁၈၈ ဦး၊ အောင်မြင်သူ ၂၄၂၇၃၆ ဦး၊ အောင်ချက်ရာခိုင်နှုန်း ၃၃ ဒသမ ၈၉ တို့ ဖြစ်သည်။

တက္ကသိုလ်ဝင်တန်း သိပ္ပံဘာသာတွဲတွင် အမှတ်အများဆုံး ရရှိခဲ့သူ ၁၀ ဦးတွင် ရန်ကုန်တိုင်းဒေသကြီးမှ ၈ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၂ ဦးတို့ ဖြစ်သည်။

ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၂၀ ခုတွင် ၀င်ရောက်ဖြေဆိုသူ ၁၄၅ ဦး ရှိခဲ့ပြီး အောင်မြင်သူ ၆၅ ဦး ရှိခဲ့သည့်အတွက် အောင်ချက်ရာခိုင်နှုန်း ၄၄ ဒသမ ၈၃ ရာခိုင်နှုန်း ရှိခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 3166 times