Education

Saturday, 20 July 2019 15:41

"တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်ထုတ်ယူသူ (၉)သောင်းကျော်ရှိ”

ဇူလိုင်(၁၆)ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ တက္ကသိုလ်ဝင် စာမေးပွဲအောင်လက်မှတ်ထုတ်ယူသူအရေအတွက် (၉)သောင်း ကျော်ရှိပြီလို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေ သိရပါတယ်။   (၂၀၁၈-၂၀၁၉)ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်တွေကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှာ  ဇူလိုင်လ(၁)ရက်က စတင်ပြီး ထုတ်ပေးနေတာဖြစ်ပါတယ်။   အောင်လက်မှတ်တွေထုတ်ယူရာမှာ ခြောက်လအတွင်းရိုက်ကူးထားတဲ့ ပတ်ပို့စ် ဓာတ်ပုံနှစ်ပုံ၊ နိုင်ငံသား စိစစ်ရေးကတ်ပြားမူရင်း၊ အမည်၊ မိဘအမည်၊ ခုံနံပါတ်၊ စာစစ်ဌာန၊ မွေးသက္ကရာဇ်နဲ့ နေရပ်လိပ်စာတွေ လိုအပ်တယ်လို့ သိရပါတယ်။   အောင်လက်မှတ်ထုတ်ယူမှုကိုတော့ ကာယကံရှင်ကိုယ်တိုင်လာရောက်ထုတ်ယူခြင်း၊ ကိုယ်စားလာရောက်ထုတ်ယူလိုပါက ကိုယ်စားလှယ်လွှဲစာနဲ့အတူ လာရောက်ထုတ်ယူနိုင်ခြင်းနဲ့ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးမှထုတ်ယူချင်ပါက စာတိုက်ကတစ်ဆင့် ပေးပို့ပြီး ထုတ်ယူနိုင်မှာဖြစ်ပါတယ်။   စာတိုက်ကနေ ထုတ်ယူမယ့်သူတွေက အောင်လက်မှတ်ပြန်လည်ပေးပို့ရမယ့် လိပ်စာပါရှိရမှာဖြစ်သလို  စာပို့ခတံဆိပ်ခေါင်းအပိုကိုပါ တစ်ပါတည်း ပေးပို့လျှောက်ထားရမယ်လို့ သိရပါတယ်။အောင်လက်မှတ်တစ်ခါထုတ်ယူပြီးတဲ့ ကျောင်းသား/သူတွေအနေနဲ့  ပျောက်ဆုံး၊ ပျက်စီးခဲ့ရင် နောက်ထပ်တစ်ကြိမ်သာ ထုတ်ခွင့်ရှိတော့တယ်လို့  မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ပြောပါတယ်။   **ကိုယ်တိုင်လာရောက်ထုတ်ယူလိုပါက** - လိုင်စင်ဓာတ်ပုံ (၂) ပုံ - ကော်ဗူးနှင့် ဘောလ်ပင် - ပုံစံကြေး ၆၀၀ ကျပ် အဓိက ယူသွားကြပါရန်။ လိုအပ်ချက်များ ပြည့်စုံမှုမရှိလျှင်ထုတ်ပေးမည်မဟုတ်ပါသောကြောင့် လိုအပ်သည်များကို ဂရုတစိုက်ယူသွားရန် အောက်တွင်ထပ်မံဖော်ပြပေးလိုက်ပါတယ်။ (၁) အမည် (၂) မှတ်ပုံတင်နံပါတ် (ရှေ့/နောက်) (၃) Passport လိုင်စင်ပုံ (နောက်ခံ အပြာ) (၄) ဖခင်အမည် (၅) ခုံနံပါတ်၊ အောင်မြင်သည့်ခုနှစ် (၆) စာစစ်ဌာန (၇) နေရပ်လိပ်စာအပြည့်အစုံ (၈) ဖုန်းနံပါတ် စသည်များလိုအပ်ပါသည်။ (ကိုယ်စားထုတ်ယူသူများအနေဖြင့်လည်း အထက်ပါလိုအပ်ချက်များ ပါရှိရန်လိုအပ်ပါသည်။)   Read More>>>> အဝေးသင်တက္ကသိုလ် စာမေးပွဲမေးခွန်းများကို တက္ကသိုလ်အလိုက်ထုတ်မည်   ထုတ်ယူရမည့် နေရာမှာ မြန်​မာနိုင်​ငံစာစစ်​ဦးစီးဌာနဟာဆိုရင်​ဖြင့်​ တည်​​နေရာ ​ပြောင်း​ရွေ့သွားပါပြီ အရင်​တုန်းက RC2 ဝင်းထဲရှိ ဇွဲကပင်​ဆောင်​မှာဖြစ်​ပါတယ်​။ အခု​တော့ ပါရမီလမ်းဖက်​ကို ​ရောက်​သွားပါပြီ ပြည်​လမ်းဖက်​က​နေ YBS နဲ့လာရင်​​အေဒီ မီးပွိုင့် မှတ်​တိုင်​က​နေဆင်းပါ ပြီးရင်​ ပါရမီလမ်းအတိုင်း လမ်း​လျှောက်​ဝင်​ပါ။ "​ရွှေ​မောက်​" ဆိုင်​နဲ့ မျက်​​စောင်းထိုး​လေးမှာပါ။မင်းလမ်းမုန့်တီဆိုင်နှင့်လဲ နီးပါတယ်။ ရန်ကုန်အင်းစိန်လမ်းမှပေါ်မှ (YBS) နှင့်လာလျှင် ဘုရားလမ်းမှတ်တိုင်ဆင်းပါ။ပြီးမှ ပါရမီလမ်းကျယ်အတိုင်းလျှောက်ပါ။ ပါရမီလမ်း(စိန်ဂေဟာ)ဘက်မဟုတ်ဘဲ ပြည်လမ်းဘက်ကိုတည့်တည့်သာလျှောက်ပါ။ အမှတ် (၁၂) ရပ်ကွက် ၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။   (www.edge.com)    

Saturday, 20 July 2019 14:53

တိရစ္ဆာန်ဆေးပညာဘွဲ့နှင့် မွေးမြူရေးပညာဘွဲ့ သင်တန်းနှစ်ခု ဖွင့်လှစ်မည်

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွင် ၂၀၁၉-၂၀ ပညာသင်နှစ်၌ တိရစ္ဆာန်ဆေးပညာဘွဲ့နှင့် မွေးမြူရေးပညာဘွဲ့ သင်တန်းနှစ်ခု ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၂၅၀) ဦးလက်ခံမည်ဟု ထိုတက္ကသိုလ်ကကြေညာပါသည်။ ၀င်ခွင့်လျှောက်ထားသူများ၏ ရမှတ်ကို အများ၊ အနည်းစီကာ တက္ကသိုလ်က လက်ခံနိုင်သည့် ကျောင်းသားဦးရေ ပြည့်သည်အထိ ၀င်ခွင့်ရွေးချယ်မည် ဟု ထိုတက္ကသိုလ် သင်တန်းရေးရာဌာန တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝ ဗေဒ ဘာသာ ရပ်များပါဝင်သော ဘာသာတွဲဖြင့် အောင်မြင်သူများ လျှောက်ထားနိုင်ပြီး တိရစ္ဆာန်ဆေး ပညာဘွဲ့သင်တန်းအတွက် အမျိုးသား (၅၀) ဦးနှင့် အမျိုးသမီး (၅၀) ဦး၊ မွေးမြူရေးပညာဘွဲ့သင်တန်းအတွက် အမျိုးသား (၇၅) ဦးနှင့် အမျိုးသမီး (၇၅) ဦး လက်ခံမည် ဖြစ်ပါသည်။   Read More>>>> ရန်ကုန်စီးပွားရေးတက္ကသိုလ် (မဟာဘွဲ့သင်တန်း) ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း   တိရစ္ဆာန်ဆေးပညာသင်တန်းကို (၆) နှစ်တက်ရောက်ပြီးပါက DVM (Doctor of Veterinary Medicine) ဘွဲ့ပေးအပ်မည်ဖြစ်ပြီး မွေးမြူရေးပညာသင်တန်း (၄) နှစ်တက်ရောက်ပြီးပါက BASc(Bachelor of Animal Science) ဘွဲ့ပေးအပ်မည် ဖြစ်ပါသည်။   မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ၀င်ခွင့်အတွက် ထိုတက္ကသိုလ်တွင် တိုက်ရိုက်လျှောက် ထားရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး ထောက်ခံချက်မူရင်း၊ တက္ကသိုလ်ဝင် အမှတ်စာရင်းမူရင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ရဲစခန်း၊ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်မူရင်း၊ လျှောက်ထားသူနှင့် မိဘနှစ်ပါးတို့၏ နိုင်ငံသားစိစစ်ရေး ကတ်မိတ္တူ၊ လိုင်စင်ဓာတ်ပုံလေးပုံဖြင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ကျောင်းသားရေးရာဌာန (ရေဆင်း)သို့ သြဂုတ် (၃၀) ရက် နောက်ဆုံး လျှောက်ထားရမည် ဖြစ်ပါသည်။   Source: 7Day Daily  

Saturday, 20 July 2019 12:55

၂၀၁၉ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီး ( ၂၀၁၉ / ၂၀၂၀ ) တက္ကသိုလ်ပညာသင်နှစ်လျှောက်ထားသူများ

**နေ့သင်တန်း ( Day ) လျှောက်ထားသူများအားလုံး**ဝင်ခွင့်ရမေဂျာစာရင်းများအား သက်ဆိုင်ရာတက္ကသိုလ်အလိုက် ၂၀၁၉ အောက်တိုဘာလပထမအပါတ်တွင်စတင်ကြေငြာမည်ဖြစ်ပြီး ကြေငြာပြီးတစ်ပါတ်အကြာတွင်သက်ဆိုင်ရာတက္ကသိုလ် များတွင်ကျောင်းအပ်နှံခြင်းအမှုအားဆောင်ရွက်ရပေမည်။ နေ့သင်တန်းလျှောက်ထားသူများအားလုံးသည် ဒီဇင်ဘာလပထမအပါတ် တနင်္လာနေ့မှစကာစတင်တက်ရောက်ရပေးပါမည်။ **အထူးသတိပြုစေရန်**မိမိလျှောက်ထားသည့်မေဂျာမတွေ့ရှိပါက အခြားသော မေဂျာများတွင်ရှာဖွေပေးကြပါရန်ဖြစ်သည်။ထိုနည်းတူစွာပင် မေဂျာသည်မိမိဖြေဆိုခဲ့သည့်သက်ဆိုင်ရာစာစစ်ဌာန၏မြို့နယ်နှင့်သက်ဆိုင်သောကျောင်းများ၌သာစုံစမ်းရပေမည်။ **အဝေးသင်လျှောက်ထားသူများ**၂၀၁၉ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးအဝေးသင်တက္ကသိုလ်သို့လျှောက်ထားသူများ၏ ဝင်ခွင့်ရသူစာရင်းများအား ဒီဇင်ဘာလဒုတိယအပါတ်တွင်သက်ဆိုင်ရာ တက္ကသိုလ် /ဒီဂရီ ကောလိပ်အလိုက်ကြေငြာသွားမည်ဖြစ်ပါသည်။ထိုသို့ကြေငြာအပြီး တစ်ပါတ်အတွင်းကျောင်းအပ်နှံခြင်းကိစ္စအားစတင်ဆောင်ရွက်ရပေမည်။ ကျောင်းအပ်ခြင်းနောက်ဆုံးရက်သည် မတ်လ (၃၁) အထိဖြစ်ပါသည်။ အဝေးသင်သမားများသည် သက်ဆိုင်ရာမေဂျာအလိုက် ကျောင်းများတက်ရောက်ရပေမည်။ အဝေးသင်တွင်ဘာသာရပ်အလိုက် အသုတ်လိုက် ( ၃ ) သုတ်ခွဲကာတက်ရောက်ရပေမည်။ **ပထမအသုတ်**သိပ္ပံတွဲအားလုံးသည်ပထမအသုတ်ဖြစ်ပေသည်။သိပ္ပံဘာသာတွဲတွင်….သင်္ချာဓါတုဗေဒရူပေဗဒသတ္တဗေဒ နှင့်ရုက္ခဗေဒ ဆိုပြီး ဘာသာရပ် (၄) ခုပါဝင်သည်။ထိုသိပ္ပံတွဲသမားများအားလုံးသည် ၂၀၂၀ ခုနှစ်ဇန်နဝါရီလပထမအပါတ်မှစ၍ (စနေ ၊တနင်္ဂနွေ) တစ်ပါတ်ခြား ( Practical ) လက်တွေ့သင်တန်းများတကိရောက်ရပေမည်၊သူတို့သည်အခြားဘာသာရပ်များကဲ့သို့အနီးကပ် ( ၁၀ ) ရက်တက်စရာမလိုပါ။   Read More>>>> BTHM သင်တန်းအတွက် ပထမနှစ်သင်တန်းသားခေါ်ယူခြင်း **ဒုတိယအသုတ်**ဒုတိယအသုတ်တွင်...အင်္ဂလိပ်ဥပဒေဘာသာရပ်ပထဝီဘာသာရပ်စိတ်ပညာဒသနိကဗေဒ နှင့်အရှေ့တိုင်းပညာ ( ပါဋ္ဌိ ) တို့ကတော့ဒုတိယအသုတ်ဖြစ်ပြီး အောက်တိုဘာလဒုတိယအပါတ်မှာ အနီးကပ် ( ၁၀ ) ရက်တက်ရမည်ဖြစ်ပြီး တစ်ပါတ်အတွင်းအတန်းတင်စာမေးပွဲဖြေဆိုရပေမည်။ **တတိယအသုတ်**တတိယအသုတ်တွင်…..မြန်မာစာအထူးပြုသမိုင်းအထူးပြုစီးပွားရေးအထူးပြုစီးပွားစီမံအထူးပြုအိမ်တွင်းစီးပွားအထူးပြုရသစာပေအထူးပြု မြန်မာမှုအထူးပြု နှင့် ပြည်သူ့ရေးရာအထူးပြုများပါဝင်ပါသည်။ ထိုအသုတ်များသည် နိုဝင်ဘာလပထမအပါတ်တွင်အနီးကပ် ( ၁၀ ) ရက်တက်ရောက်ရမည်ဖြစ်ပြီး တစ်ပါတ်အတွင်း အတန်းတင်စာမေးပွဲများဖြေဆိုရပေမည်။Assignment တင်ရမည်။အဝေးသင်သမားတိုင်း Assignment တင်ရပါမည်။ Assignment များသည် ပထမနှစ်ဝက် နှင့် ဒုတိယနှစ်ဝက်ဆိုပြီး (၂) ကြိမ်ခွဲတင်ရပေမည်။ Assignment သည် အဝေးသင်သမားများအတွက်မတင်မဖြစ်တင်ရပေမည်။   Source: Exam Guide  

Friday, 19 July 2019 13:20

ရန်ကုန်စီးပွားရေးတက္ကသိုလ် (မဟာဘွဲ့သင်တန်း) ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း

၁။ ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ (၂၀၁၉-၂၀၂၀) ပညာသင်နှစ်အတွက် ဖွင့်လှစ်မည့် အောက်ပါမဟာဘွဲ့ သင်တန်းသို့ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။ - ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (Master of Banking and Finance-MBF)   ၂။ အဆိုပါမဟာဘွဲ့သင်တန်းအတွက် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။ (က) အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရပါမည်။ (ခ) ဘဏ်လုပ်ငန်း (သို့) ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းခွင် (အလယ်အလတ်အဆင့်စီမံခန့်ခွဲမှု)၊ အတွေ့အကြုံ (လုပ်သက်) အနည်းဆုံး (၂) နှစ်ရှိသူဖြစ်ရပါမည်။ (ဂ) တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခု တက်ရောက်နိုင်သူဖြစ်ရပါမည်။ (ဃ) သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ရပါမည်။   ၃။ သင်တန်းနှင့်သက်ဆိုင်သော စာရွက်၊ စာတမ်းများနှင့် သတ်မှတ်ထာသည့် လျှောက်လွှာပုံစံများကို ရန်ကုန်စီးပွားရေးတက္ကသိုလ်(ကမာရွတ်နယ်မြေ)၊ အခန်း (၁၀၃/၂၀၆)၊ တွင် (၂၂-၇-၂၀၁၉) ရက် တနင်္လာနေ့မှ စတင်ရယူပြီး (၂၅-၈-၂၀၁၉) ရက် တနင်္ဂနွေနေ့ အထိ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။   ၄။ သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁) ရက် တနင်္ဂနွေ နေ့တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) တွင် ကျင်းပပါမည်။   ၅။ ပြည်စုံစွာဖော်ပြခြင်းမရှိသော လျှောက်လွှာများ၊ လုပ်သက်၊ ထောက်ခံချက် မပြည့်စုံသော လျှောက်လွှားများကို လက်ခံစဉ်းစားမည် မဟုတ်ပါ။   Read More>>>> BTHM သင်တန်းအတွက် ပထမနှစ်သင်တန်းသားခေါ်ယူခြင်း   ၆။ သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲတွင် အဆင့်မီသူများအား လူတွေ့စစ်ဆေးရွေးချယ်၍ လက်ခံပါမည်။   ၇။ သင်တန်းနှင့်ပတ်သက်၍ ဖုန်းနံပါတ် (၀၁-၅၂၆၆၁၃)၊ သင်တန်းရေးရာဌာန (၀၁-၅၁၃၄၅၇) ၊ MBF ရုံးခန်း (၀၁-၅၁၃၅၇၆) ဝါဏိဇ္ဇဗေဒဌာနရုံးခန်းတို့တွင် စုံစမ်းနိုင်ပါသည်။   (ရန်ကုန်စီးပွားရေးတက္ကသိုလ်)   Source: Myanmar Education Information  

Friday, 19 July 2019 12:06

အရည်အချင်းစစ်စာမေးပွဲပြုလုပ်မည့် သတင်းထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေး

ကိုရီးယားဘာသာ အရည်အချင်းစစ်မေးပွဲ (EPS-TOPIK) ကိုလာမည့်နှစ်ဆန်းတွင် ပြုလုပ်မည့်သတင်း ထွက်ပေါ်နေခြင်းကြောင့် သင်တန်းအချို့ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်လာကြောင်း သင်တန်းကျောင်းတာဝန်ရှိသူ အချို့က ပြောပါသည်။ (၁၃) ကြိမ်မြောက် EPS-TOPIK စာမေးပွဲကို ယခုနှစ်တွင် မကျင်းပဖြစ်ကြောင်း အစိုးကြောင်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီက ဧပြီ (၄) ရက်တွင် ကြေညာပြီးနောက် သင်တန်းကျောင်းအများစု ယာယီရပ်နားခဲ့ပါသည်။ သို့သော် ယင်းစာမေးပွဲကို ၂၀၂၀ နှစ်ဆန်းတွင် ပြန်လည်ပြုလုပ်မည်ဟု သတင်းထွက်ပေါ်နေခြင်းကြောင့် သင်တန်းကာလနှင့် အချိန်ကိုက်ဖြစ်စေရန် သင်တန်းသား ခေါ်ယူစုဆောင်းမှုများ ပြန်လည်ပြုလုပ်ခြင်းဖြစ်ပါသည်။ "ကုန်ထုတ်လုပ်ငန်းအတွက် သင်တန်းတွေကို ပြန်ဖွင့်ဖို့လုပ်နေကြတာရှိတယ်။ တချို့သင်တန်းတွေကတော့ ကြားမှာမရပ်ဘဲထိန်းပြီး ဖွင့်ထားတာတွေရှိပါတယ်။ တော်တော်များများကတော့ စာမေးပွဲမရှိဘူးလို့ ကြေညာထားပြီး နောက်ပိုင်းမှာ အခြေအနေကို စောင့်ကြည့်ပြီး နားထားကြတယ်" ဟုရာပြည့်သင်တန်းကျောင်းမှ သင်တန်းနည်းပြဆရာဦးသော်မျိုးက ပြောပါသည်။ အဆိုပါ သင်တန်းသည် (၆) လခန့် အချိန်ယူလေ့ရှိပြီး ၂၀၂၀ နှစ်ဆန်းတွင် စာမေးပွဲကျင်းပဖြစ်ပါက အဆင်သင့်ဖြစ်ရန် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်ဟု တက်လမ်းသင်တန်းကျောင်းမှ တာဝန်ခံတစ်ဦးက ဆိုပါသည်။ “ စာမေးပွဲမရှိဘူးဆိုတော့ ဒီနှစ်ထဲမှာ သင်တန်းကျောင်းတွေ အတွက်လည်း အနည်းနှင့်အများ ထိခိုက်တာပေါ့။ သင်တန်းသားတွေကတော့ ပုံမှန်စုံစမ်းမေးမြန်းမှုတွေရှိပါတယ်။" ဟု၎င်းကပြောကြားပါသည်။ သို့သော် ၂၀၂၀ EPS-TOPIK စာမေးပွဲ ပြန်လည်ကျင်းပမည်ဖြစ်သော်လည်း ပြုလုပ်မည့်လ အတိအကျကို ပြောကြားနိုင်ခြင်းမရှိသေးဟု အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။ ကိုရီးယားနိုင်ငံက (၁၃) ကြိမ်မြောက် EPS-TOPIK စာမေးပွဲတွင် အောင်မြင်မှုအရေအတွက် ထက်ဝက်ကျော်လျှော့ချမည်ဆိုသဖြင့် စာမေးပွဲဖြေဆိုမည့် အလုပ်သမားများ အခွင့်အရေးနည်းပါးသည်ဆိုကာ မြန်မာနိုင်ငံဘက်က ယခုနှစ်တွင် ယင်းစာမေးပွဲ မပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့သော် ၂၀၂၀ တွင် EPS-TOPIK စာမေးပွဲပြန်လည်ပြုလုပ်မည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားထားပါသည်။ " ၂၀၂၀ မှာ အောင်မြင်မှု အရေအတွက် တိုးပေးဖို့တောင်းထားတယ်" ဟု၎င်းကပြောပါသည်။   Read More>>> Digital Marketing သင်တန်းဖွင့်လှစ်မည် ကိုရီးယားနိုင်ငံသို့ အလုပ်သမားစေလွှတ်ခြင်းကို နှစ်နိုင်ငံအစိုးရချင်းသဘောတူညီမှုဖြင့် မြန်မာနိုင်ငံဘက်မှ အစိုးရပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီက တာဝန်ယူပို့ဆောင်နေသည်။ ယင်းနိုင်ငံသို့ တစ်နှစ်လျှင် မြန်မာအလုပ်သမားဦးရေ လေးထောင်ခန့် တရားဝင်သွားရောက်လုပ်ကိုင်နေကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန စာရင်းများက ဆိုပါသည်။   Source; 7Day News  

Thursday, 18 July 2019 17:58

BTHM သင်တန်းအတွက် ပထမနှစ်သင်တန်းသားခေါ်ယူခြင်း

မန္တလာဒီဂရီကောလိပ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် Bechelor of Tourism and Hospitality Management သင်တန်းအတွက် ပထမနှစ်သင်တန်းသား လျှောက်လွှာခေါ်ယူနေပါသည်။ သင်တန်းကာလ (၄) နှစ်ဖြစ်ပြီး သင်တန်းသား (၂၀၀) ဦးလက်ခံပေးမှာဖြစ်ပါသည်။ အဆိုပါဘွဲ့သင်တန်းအတွက် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတွေသာ လျှောက်ထားရမှာဖြစ်ပြီး အင်္ဂလိပ်စာဘာသာရပ်မှာ အနည်းဆုံးအမှတ် (၆၀) ရရှိကာ စုစုပေါင်းအမှတ် (၄၀၀) နှင့် အထက်ရရှိသူတွေ လျှောက်ထားနိုင်မှာ ဖြစ်ပါသည်။   လျှောက်လွှာတွေကို မန္တလာဒီဂရီကောလိပ် ကျောင်းသားရေးရာ ဌာနမှာလည်းကောင်း၊ https://www.md;.edu.mm/wpcontent/uploads/2019/06/BTHM.pdf မှ လည်းကောင်းရယူလျှောက်ထားရမည်။ သင်တန်းကို ဒီဇင်ဘာ (၃) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး လျှောက်လွှာတွေကို သြဂုတ် (၁) ရက်မှ စတင်ကာရယူလျှောက်ထားနိုင်ပါသည်။   Read More>>>> အဝေးသင်တက္ကသိုလ် စာမေးပွဲမေးခွန်းများကို တက္ကသိုလ်အလိုက်ထုတ်မည်   ဝင်ခွင့်ရရှိသူတွေကို အောက်တိုဘာ (၁၅) ရက်မှာ ကြေညာပေးမှာ ဖြစ်ပြီး လျှောက်လွှာနှင့်အတူ တက္ကသိုလ် ဝင်ခွင့်စာမေးပွဲရရှိသည့် ရမှတ်စာရင်းမူရင်း၊ လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)၊ လိုင်စင်ဓာတ်ပုံ(၂) ပုံနှင့်အတူ ပူးတွဲလျှောက်ထားရမည်ဖြစ်ပါသည်။ အသေးစိတ်ကို မန္တလာဒီဂရီကောလိပ် သင်တန်းရေးရာဌာန ဖုန်း ၀၂-၅၁၅၄၈၅၆၊ ၀၉-၄၇၀၅၂၁၅၉ သို့ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပါသည်။   Source: Internet  

Thursday, 18 July 2019 17:33

အဝေးသင်ဘွဲ့များ ထားဝယ်တက္ကသိုလ်တွင် ပေးတော့မည်

ထားဝယ်တက္ကသိုလ်တွင် ၂၀၁၈ ခုနှစ် က အဝေးသင် နောက်ဆုံးနှစ် အောင်မြင် ထားသည့် ကျောင်းသား/သူများအား ထားဝယ်တက္ကသိုလ်တွင်ပင် ဘွဲ့အပ်နှင်းတော့မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ် အဝေးသင်ဌာနခွဲထံမှ သိရပါသည်။   ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ယင်းအဝေးသင်ကျောင်းသား/သူများကို ဘွဲ့အပ်နှင်းမည် ဖြစ်ပါသည်။   ယခင်က ထားဝယ်ရှိ အဝေးသင် ကျောင်းသားများသည် အောက်မြန်မာပြည် အဝေးသင်တက္ကသိုလ်ရှိရာ ရန်ကုန် မြို့တွင်သာ ဘွဲ့သွားယူနေရာမှ ယခု ၂၀၁၉ ခုနှစ်မှစပြီး ထားဝယ်တက္ကသိုလ်တွင်ပင် ဘွဲ့အပ်နှင်းတော့မည်ဖြစ်ကြောင်း အထက်ပါဌာနခွဲ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။   ယင်းသည် ထားဝယ်တက္ကသိုလ် သမိုင်းတစ်လျှောက် အဝေးသင် ကျောင်းသားများကို ပထမဆုံး ဘွဲ့ချီးမြှင့်ခြင်း ဖြစ်ပါသည်။   ဘွဲ့လက်မှတ်ကို ရန်ကုန်အဝေးသင် တက္ကသိုလ်က စီစဉ်ပေးပြီး ဘွဲ့ယူလျှောက်လွှာခေါ်ယူခြင်း၊ ဘွဲ့ဝတ်စုံ စသည့် ကိစ္စများကို ထားဝယ်တက္ကသိုလ်က စီစဉ်ရမည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ပြောပါသည်။   “အခုလက်ရှိတော့ အဝေးသင်တွေ ထားဝယ်မှာ ဘွဲ့ပေးဖို့ နှုတ်မိန့်တော့ ရထားပြီးပါပြီ။ တရားဝင်စာနဲ့ ထပ်ညွှန် ကြားလိမ့်မယ်”ဟု အထက်ပါ တာဝန်ရှိသူက ဆိုပါသည်။   ယင်းကဲ့သို့အဝေးသင်ကျောင်း သားများကို ထားဝယ်တက္ကသိုလ်တွင် ဘွဲ့ပေးမည်ဆိုပါက ယခင်ကထက် ငွေ ကုန်ကျမှုနည်းလာမည်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ်တွင် အဝေးသင် တက်ရောက်နေကြသည့် ကျောင်းသား အချို့က ပြောပါသည်။   Read More>>>> ရန်ကုန် ပညာရေး တက္ကသိုလ် နှင့် စစ်ကိုင်း ပညာရေး တက္ကသိုလ် ၀င်ခွင့်   “ရန်ကုန်မှာသွားယူမယ်ဆို မိသားစု သုံးယောက် ခရီးစရိတ်၊ စားစရိတ် သုံးလေးရက်ဆို အနည်းဆုံး ဘွဲ့တစ်ခါ ယူရင် ငါးသိန်းလောက်တော့ကုန်မှာပဲ။ ကိုယ့်ဒေသမှာ၊ ကိုယ့်ကျောင်းမှာ ဘွဲ့ပေး လိုက်တာက နေရေးထိုင်ရေးအတွက်ရော၊ သွားရေးလာရေးအတွက်ရော ပိုအဆင် ပြေလာမယ်”ဟု အဝေးသင် ဒုတိယနှစ် သမိုင်းကျောင်းသား ကိုမျိုးထွေးက ဆိုပါသည်။   ၂၀၁၈ ခုနှစ်တွင် ထားဝယ်တက္ကသိုလ် မှ အဝေးသင် နောက်ဆုံးနှစ်အောင်မြင် ထားသူ စုစုပေါင်း (၅၈၀) ဦးရှိကြောင်း ယင်းတက္ကသိုလ် စာရင်းအရ သိရပါသည်။   Source: Dawei Watch  

Thursday, 18 July 2019 17:01

Digital Marketing သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးတွင် ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Digital Marketing ပိုင်းဆိုင်ရာ သင်တန်းဖွင့်လှစ်သွားမည်ဟု သိရပါသည်။   သင်တန်းမှာ Digital Marketing အကြောင်းသိလိုသူများ၊ ဈေးကွက်မဟာဗျူဟာအကြောင်းသိလိုသူများအတွက် Japanese Style Management ပုံစံနှင့် ဈေးကွက်ချိတ်ဆက်ပုံနည်းလမ်းများကို သင်ကြားပေးမည်ဖြစ်ပြီး Workshop တွေ Case Study တွေပါဝင်လုပ်ဆောင်ရမှာဖြစ်တယ်လို့ သိရပါသည်။   သင်ကြားရမည့် ဘာသာရပ်တွေမှာ What is Digital Marketing, Market Research, Branding, Personal Marketing, Customer Journey map, Triple media strategy, Earned Media(incl. Influencer marketing), Owmed Media, Paid Media, New4Cs, Inbound Marketing, Content Marketing, O2O Marketing, KGI/KPI setting စသည့်တို့ဖြစ်ပါသည်။   သင်တန်းကာလက သြဂုတ် (၃) ရက်နှင့် (၄) ရက်နေ့ဖြစ်ပြီး သင်တန်းအချိန်က နံနက် (၉) နာရီ ညနေ (၄) နာရီအထိဖြစ်ပါသည်။ ဦးအောင်ကျော်လင်းက သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကြေး (၃၅,၀၀၀) ကျပ်ဖြစ်ပါသည်။ သင်တန်းသားဦးရေ အယောက် (၃၀) ကိုသာ လက်ခံသင်ကြားသွားမည်ဖြစ်ပါသည်။   Read More>>>> Practicing IT Project Management သင်တန်းဖွင့်လှစ်မည်   သင်တန်းတက်ရောက်လိုသူများအနေနှင့် သြဂုတ် (၂) ရက်၊ နေ့လည် (၁၂) နာရီနောက်ဆုံးထား၍ MCPA ရုံးခန်းသို့ သွားရောက်စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။   အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင် (၉)၊ မြေညီထပ်၊ ဖုန်းနံပါတ် ၀၉-၆၅၂၂၇၆၊ ၀၉-၅၀၆၇၁၆၈ ကိုစုံစမ်းမေးမြန်းနိုင်ပါသည်။   Source: Internet  

Thursday, 18 July 2019 16:05

အဝေးသင်တက္ကသိုလ် စာမေးပွဲမေးခွန်းများကို တက္ကသိုလ်အလိုက်ထုတ်မည်

ယခု ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အဝေးသင်တက္ကသိုလ် စာမေးပွဲမေးခွန်းကို အဝေးသင်တက္ကသိုလ်ဌာနခွဲရှိသည့် တက္ကသိုလ်အလိုက်မေးခွန်းထုတ်မည်ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိန်းဝင်း ပြောကြားသည်။   ပြီးခဲ့သည့် ပညာသင်နှစ်အထိ တစ်နိုင်ငံလုံးရှိ အဝေးသင်တက္ကသိုလ်ဌာနခွဲဖွင့်ထားသည် တက္ကသိုလ်တိုင်းတွင် ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များထုတ်သော စာမေးပွဲပေးခွန်းဖြင့်သာ စစ်ဆေးခဲ့ပါသည်။   ထိုစနစ်ကို ယခုနှစ်တွင် စတင်ပြောင်းလဲမည်ဖြစ်ပြီး ယခုပညာသင်နှစ်ကစကာ အဝေးသင်တက္ကသိုလ်ဌာနခွဲရှိသည့် တက္ကသိုလ်တိုင်းကို တက္ကသိုလ်အလိုက်ထုတ်သည့် မေးခွန်းဖြင့်သာ စာမေးပွဲစစ်ရန် ခွင့်ပြုခြင်းဖြစ်သည်ဟုဆိုပါသည်။   အရင်က ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တွေက မေးခွန်းထုတ်တာဖြေဆိုရပါတယ်။ အခုအဝေးသင်ဌာနခွဲတွေက သူ့တက္ကသိုလ်အလိုက်မေးခွန်းထုတ်မှာ ဟုဒေါက်တာသိန်းဝင်းကပြောကြားပါသည်။   ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အထိ ရန်ကုန်နှင့် မန္တလေးတွင် အဝေးသင်တက္ကသိုလ်(၂) ခုရှိပြီး ထိုအဝေးသင်တက္ကသိုလ်များ၏ ဌာနခွဲကို ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် (၃၆) တွင် ဖွင့်လှစ်ထားပါသည်။ ယခုပညာသင်နှစ်တွင် အဝေးသင်စီးပွားရေးဘာသာရပ်များကို စီးပွားရေးတက္ကသိုလ်များတွင်သာ တက်ခွင့်ပြုထားရာ အဝေးသင်ဘာသာရပ်သင်တန်းဖွင့်သည့် တက္ကသိုလ်(၃၉) ခုရှိပါသည်။   ယခင်ကကျောင်းအပ်လက်ခံခြင်း၊ စာစဉ်လက်ခံခြင်း၊ စာမေးပွဲမေးခွန်းထုတ်ခြင်း၊ စာမေးပွဲကျင်းပခြင်း၊ အဖြေလွှာစစ်ဆေးခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်းများကို ရန်ကုန်အဝေးသင်တက္ကသိုလ်၊ မန္တလေး အဝေးသင်တက္ကသိုလ်နှင့် အဝေးသင်ဌာနခွဲများက ပူးပေါင်းဆောင်ရွက်ရသော်လည်း ယခုနှစ်တွင် ပြောင်းလဲသည့်စနစ်သစ်အရ အဝေးသင်တက္ကသိုလ် ဌာနခွဲ ဖွင့်ထားသည့် ကျောင်းတိုင်းက ကိုယ်တိုင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။   Read More >>>>> Practicing IT Project Management သင်တန်းဖွင့်လှစ်မည်   အဝေးသင်တက္ကသိုလ်များ၏ အတန်းတင်စာမေးပွဲများကို ပညာသင်နှစ်တစ်နှစ်လျင် (၁) ကြိမ်ကျင်းပသည်။ အဝေးသင်စာစဉ်များကို ပညာသင်နှစ် (၁) နှစ်လျှင် (၂) ကြိမ်တင်သွင်းရပြီး သတ်မှတ်ရက်အတွင်း စာမေးပွဲဝင်ခွင့်လျှောက်လွှာတင်သွင်းပြီးမှသာ စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ပြုပါသည်။   ထို့အပြင်သိပ္ပံဘာသာရပ် အထူးပြုသင်တန်းများမှ လက်တွေ့သင်တန်းကို (၇၅%) တက်ရောက်ပြီးမှသာ စာမေးပွဲဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။   တစ်နိုင်ငံလုံးတွင် အဝေးသင်တက္ကသိုလ်ကျောင်းသား/သူ (၆) သိန်းခန့်ရှိပါသည်။   Source: 7Day News  

Thursday, 18 July 2019 15:15

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်၊ မန္တလေး) ပထမနှစ်ဝင်ခွင့်ခေါ်ယူခြင်း

၁။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး) ပထမနှစ်သင်တန်းများသို့ တက်ရောက်ရန် အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်။ (က) တက္ကသိုလ်စာပေးပွဲအား မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်ရပါမည်။ (ခ) ကျန်းမာရေးကောင်းမွန်ပြီး သက်ဆိုင်ရာအထူးပြုဘာသာရပ်နှင့် ကိုက်ညီသော ကိုယ်အင်္ဂါကျန်းမာသန်စွမ်းသူဖြစ်ရမည်။   ၂။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များတွင် သင်ကြားမည့်အထူးပြုဘာသာရပ်အလိုက် အောက်ပါအတိုင်း ဘွဲ့အပ်နှင်းမည်ဖြစ်ပြီး မိမိတို့ သင်ယူလိုသည့် အထူးပြုဘာသာရပ်ကို မိမိတို့ဝါသနာပါသည့်အတိုင်း ဦးစားပေးလျှောက်ထားနိုင်ပါသည်။ (က) ဂီတပညာအထူးပြုဘာသာရပ်၊ သင်တန်းကာလ (၄) နှစ် ၊ ပေးအပ်မည့်ဘွဲ့အမည် ဝိဇ္ဇာဘွဲ့ (ဂီတ) ဖြစ်ပါသည်။ (ခ) သဘင်ပညာအထူးပြုဘာသာရပ်၊ သင်တန်းကာလ (၄) နှစ်၊ ပေးအပ်မည့်ဘွဲ့အမည် ဝိဇ္ဇာဘွဲ့ (သဘင်) ဖြစ်ပါသည်။ (ဂ) ပန်းချီပညာအထူးပြုဘာသာရပ်၊ သင်တန်းကာလ (၄) နှစ်၊ ပေးအပ်မည့်ဘွဲ့အမည် ဝိဇ္ဇာဘွဲ့ (ပန်းချီ) ဖြစ်ပါသည်။ (ဃ) ပန်းပုပညာအထူးပြုဘာသာရပ်၊ သင်တန်းကာလ (၄) နှစ်၊ ပေးအပ်မည့်ဘွဲ့အမည် ဝိဇ္ဇာဘွဲ့ (ပန်းပု) ဖြစ်ပါသည်။ (င) ရုပ်ရှင်နှင့်ပြဇာတ်ပညာအထူးပြုဘာသာရပ်၊ သင်တန်းကာလ (၄) နှစ်၊ ပေးအပ်မည့်ဘွဲ့အမည် ဝိဇ္ဇာဘွဲ့ (ရုပ်ရှင်နှင့်ပြဇာတ်) ဖြစ်ပါသည်။   ၃။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူများသည အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) သို့လည်းကောင်း၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်စာစစ်ဌာနများမှ အောင်မြင်ခဲ့သူများသည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) သို့လည်းကောင်း လျှောက်ထားတက်ရောက်ကြရမည်ဖြစ်ပါသည်။   ၄။ လျှောက်လွှာပုံစံများကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊၁/ဈ၊ အောင်ဇေယျလမ်း(၂၆)ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ရန်ကုန်တိုင်းဒေသကြီးတွင်လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)၊ ရွှေစာရံဘုရားလမ်း၊ အုန်းချောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊မန္တလေးတိုင်းဒသကြီးတွင် လည်းကောင်း ဝယ်ယူ၍ လျှောက်ထားနိုင်ပါသည်။   Read More>>>> လုပ်ငန်းခွင် Construction Project လုပ်ငန်းခွင်သင်တန်းပို့ချမည်   ၅။ လျှောက်လွှာပုံစံနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်းထောက်ခံချက်၊ အမှတ်စာရင်းမူရင်း၊ ပတ်စပို့အရွယ်ဓာတ်ပုံ (၇) ပုံတို့နှင့်ပူးတွဲလျက် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့နောက်ဆုံးထား၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)သို့တိုက်ရိုက်ပေးပို့လျှောက်ထားကြရမည်ဖြစ်ပြီး ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့တွင် လူတွေ့စစ်ဆေးမည်ဖြစ်ပါသည်။   ၆။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဖုန်းနံပါတ် (၀၁-၅၉၀၂၅၂၊ ၀၁-၅၉၀၂၅၄) သို့လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၊ ဖုန်းနံပါတ် (၀၈၅-၄၀၁၈၄) သို့လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။   (အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်))  

Thursday, 18 July 2019 11:21

Practicing IT Project Management သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ကြီးမှူးကြီး Practicing IT Project Management သင်တန်းဖွင့်လှစ်မည်ဖြစ်ပါသည်။   သင်တန်းကို Essentials of IT Project Management (ITPM) သင်တန်းတက်ရောက်ပြီးသူများအား ITPM နှင့်ပတ်သက်ပြီး လုပ်ငန်းခွင်မှာ ပိုမိုထိရောက်စွာ လက်တွေ့ အသုံးချနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။   သင်တန်းကြေး ၇၀,၀၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင် အသင်းဝင် ကုမ္ပဏီများမှ ဝန်ထမ်းများဖြစ်ပါက အထူးဈေးနှုန်း ၄၀,၀၀၀ ကျပ်နှင့် တက်ရောက်နိုင်ပါသည်။   သင်တန်းကို ဒေါ်ခင်မြင့်ချို CITPM (Senior) မှ သင်ကြားပေးမည်ဖြစ်ပြီး ဇူလိုင် (၂၇) ရက်နှင့် (၂၈) ရက် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။   Read More>>>>> ဆေးတက္ကသိုလ် (၂) ရန်ကုန် ပြင်ပဆရာဝန်များအတွက် ဘွဲ့လွန်ဒီပလိုမာသင်တန်းများ   အသေးစိတ်ကို ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း ဖုန်း ၀၁-၂၃၀၅၀၃၄၊ ၀၉-၄၂၅၀၂၂၉၇၆ ကိုဆက်သွယ်မေးမြန်းစုံစမ်းတက်ရောက်နိုင်ပါသည်။   Source: Internet