International/Private

Wednesday, 09 January 2019 08:57

Pre-school ကျောင်းစအပ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

အားလုံးပဲ မင်္ဂလာပါရှင်...အခုပြောပြပေးသွားမယ့် အကြောင်းအရာကတော့ လူကြီးမင်းတို့၏ သားသား၊ မီးမီးလေးများအတွက်  Pre-school ကျောင်းစအပ်တော့မယ်ဆိုရင် သိထားဖို့လိုတဲ့အချက် (၆) ချက်ပဲ ဖြစ်ပါတယ်။   ၁။  Pre-school ဆိုတာဘာလဲ။ Pre-school ကျောင်းဆိုတာကတော့ အသက် ၂ နှစ်ကနေ ၆နှစ်အတွင်းကလေးတွေ တက်လို့ရတဲ့ကျောင်းဖြစ်ပါတယ်။ ကလေးအများစုဟာ အသက် ၃ နှစ် နဲ့ ၄ နှစ်ကြားမှာ pre-school ကျောင်းတွေ စတက်ကြရပါတယ်။ တစ်ချို့ကလေးတွေကတော့ အသက်၂နှစ်ကျော်ကျော်လောက်ထဲက Pre-school ကျောင်းကိုစတက်ကြပါတယ်။ အဲ့ဒါပြီးရင်တော့ သူတို့ဟာ kindergarten ကိုစတက်ကြရပါတယ်။ ၂။ Pre-school အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ။ Pre-school ကျောင်းတွေကို အမျိုးအစားအနေနဲ့ Private Pre-school, International Pre-school နဲ့ Local Pre-school ဆိုပြီး အမျိုးအစား သုံးမျိုးခွဲခြားထားပါတယ်။ ၃။ Pre-school ကျောင်းတွေမှာ သင်ရိုးညွှန်းတမ်းတွေက ဘယ်လိုခွဲထားလဲ။ ဘာဘာသာစကားတွေနဲ့ သင်ကြားပေးလဲ။ Pre-school ကျောင်းတွေမှာ သင်ရိုးညွှန်းတမ်းတွေအလိုက် US Curriculum, UK Curriculum, Singapore Curriculum နဲ့ Burmese Curriculum ဆိုပြီးတော့ခွဲခြားထားပါတယ်။ ဘာသာစကားအနေနဲ့ ကျောင်းအများစု ကတော့ မြန်မာဘာသာစကား နဲ့ English ဘာသာစကားကို အသုံးပြုကြတာများပြီးတော့ တစ်ချို့ကျောင်းတွေက တရုတ်ဘာသာစကားပါအသုံးပြုကြတာကိုတွေ့ရပါတယ်။ ၄။ Pre-school ကျောင်းရဲ့ stage တွေက ဘယ်နှစ်ဆင့်ရှိလဲ။ Pre school ကျောင်းတက်ပြီဆိုရင် Beginner, Pre 1, Pre 2 နဲ့ Pre KG ဆိုပြီး အဆင့် ၄ ဆင့် တက်ရပါတယ်။တစ်ချို့ကျောင်းတွေက Beginner, Pre 1, Pre 1 A, Pre 2 နဲ့ Pre KG ဆိုပြီး ၅ ဆင့် ခွဲခြားထားပါတယ်။ Pre-schoolကျောင်းတွေမှာ ကျောင်းတက်ချိန်ကတော့ ၂ နှစ်ကြာမြှင့်ပြီး တစ်ချို့ကျောင်းတွေကတော့ ၃ နှစ်ကြာတက်ရပါတယ်။ ၅။ Pre-school ကျောင်းမှာ ဘာတွေ သင်ပေးလဲ။ Pre-school ကျောင်းတွေမှာ အဓိကအားဖြင့် မြန်မာစာ၊အင်္ဂလိပ်စာ၊သချာင်္ နဲ့ Science ဘာသာရပ်တွေ သင်ကြားပေးပါတယ်။ ဒါ့အပြင် တစ်ချို့ကျောင်းတွေက Computer ဘာသာရပ်နဲ့ အနုပညာဘာသာရပ်တွေကိုလည်း သင်ကြားပေးပါတယ်။ ၆။ Pre-school ကျောင်းပေါင်း ဘယ်လောက်ရှိလဲ။ ရန်ကုန်မှာဆိုရင်တော့ international pre school တွေအနေနဲ့ဆိုရင်တော့ ၃၄ ကျောင်း ရှိပါတယ်။ Private Pre-school အနေနဲ့ဆိုရင်တော့ ၄၀၀ လောက်ရှိပါတယ်။ မန္တလေးမှာဆိုရင်တော့ Private Pre-school ကျောင်း ပေါင်း ၅၄ ကျောင်းလောက်ရှိပါတယ်။ ပညာရေးအတွက်ဆိုရင် EDGE ကို သတိရလိုက်ပါ။  

Thursday, 03 January 2019 13:46

Pre-school နဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာများ

အားလုံးပဲမင်္ဂလာပါရှင်... အခုပြောပြပေးသွားမယ့် အကြောင်းအရာကတော့ လူကြီးမင်းတို့၏ သားသား၊ မီးမီးလေးတို့အတွက် Pre-school နဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာများပဲ ဖြစ်ပါတယ်။ ကလေးတွေအတွက် ပထမဆုံးကျောင်းဖြစ်တဲ့ Pre-school ကျောင်းဟာ ကျောင်းတက်ဖို့အတွက် အခြေခံဖြစ်တဲ့အပြင် ကျောင်းစာကို သင်ကြားပေးရုံသာမကဘဲနဲ့ လူနေမှု ဘ၀တွေမှာ လိုအပ်တဲ့အရည်အချင်းများ၊ သိမှတ်ဖွယ်ရာ များကိုသင်ကြားပေးတဲ့နေရာဖြစ်တဲ့အတွက်ကြောင့် pre-school ကျောင်းတွေက အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကလေးတွေကို Pre-school ကျောင်းစထားရတော့မယ်ဆိုရင် မိဘတွေအနေနဲ့ မှန်ကန်တဲ့ကျောင်းကို ရွေးချယ်နိုင်ဖို့က အရေးကြီးပါတယ်။ မြန်မာ့ပညာရေးလမ်းညွှန်  website ဆိုတာကတော့ မြန်မာနိုင်ငံရဲ့ပညာရေးနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်မှန်သမျှကို တစ်နေရာထဲစုစည်းဖော်ပြနေတဲ့ Website တစ်ခုဖြစ်ပါတယ်။ မိဘတွေ အနေနဲ့ ကိုယ့်ကလေးတွေကို ကျောင်းထားဖို့ စတင်စုံစမ်းမယ် ဆိုရင်တော့ မြန်မာ့ပညာရေးလမ်းညွှန် website ကနေ စုံစမ်းတာအကောင်းဆုံးဖြစ်ပါတယ်။ EDGE website မှာဆိုရင် ပညာရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို ကြည့်ရှုနိုင်တဲ့အပြင် ကိုယ်စုံစမ်းချင်တဲ့ ကျောင်းတွေကို အမျိုးအစားအလိုက် ရှာဖွေကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် ကျောင်းတွေရဲ့ အချက်အလက်တွေကိုလည်း မြို့နယ်အလိုက် ဖော်ပြပေးထားပါတယ်။ရန်ကုန်တစ်မြို့လုံးမှာဆိုရင် private pre-school ကျောင်းပေါင်း 400 ရှိပါတယ်။ လှိုင်သာယာနဲ့ မရမ်းကုန်မြို့နယ် မှာ ကျောင်းပေါင်း 29 ကျောင်းရှိပြီး Private Pre-school အများဆုံးတည်ရှိတဲ့ မြို့နယ်များအဖြစ် တွေ့နိုင်ပါတယ်။ ကမာရွတ်မြို့နယ်မှာဆိုရင် Private Pre-school ကျောင်းပေါင်း ၈ ကျောင်းရှိတာမှာ Myanmar Orchard Pre-school ကျောင်းကို နမူနာအဖြစ် တင်ပြလိုပါတယ်။ အဲဒီကျောင်းဟာဆိုရင်တော့ ကမာရွတ်မြို့နယ်မှာ တည်ရှိတဲ့ Private Pre-school တစ်ခုဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကျောင်းသားကျောင်းသူ ၄၂ ယောက်ကို ပညာသင်ကြားပေးလျက်ရှိပါတယ်။ Myanmar Orchard Pre-school မှာ ကလေးတွေရဲ့အသက်အရွယ်အလိုက် Pre-Nursery, Nursery နဲ့ Foundation ဆိုပြီး ၃ မျိုးခွဲခြားထားပါတယ်။ 2 နှစ်ခွဲကနေ ၃နှစ်ကတော့ Pre-Nursery ဖြစ်ပါတယ်။ ၃နှစ်ကနေ ၄နှစ်အထိကတော့ Nursery ဖြစ်ပြီး ၄ နှစ်ကနေ ၅ နှစ်ကတော့ Foundation အဆင့်ပဲဖြစ်ပါတယ်။ ကျောင်းရဲ့ကျောင်းတက်ရက်တွေကတော့ တနလာင်္နေ့ ကနေ သောကြာနေ့ အထိ ဖြစ်ပါတယ်။ Pre-Nursery school ရဲ့ ကျောင်းတက်ချိန်ကတော့ 9:30 ကနေ 12:30 အထိဖြစ်ပြီးတော့ Nursery နဲ့ Foundation အတန်းတွေကတော့ 9 နာရီကနေ 12 နာရီအထိ တစ်ချိန်၊ 9 နာရီကနေ 3 နာရီ အထိ တစ်ချိန် စုစုပေါင်း နှစ်ချိန်ရှိပါတယ်။ Myanmar Orchard Pre-school မှာ ကလေးတွေအတွက် လိုအပ်တဲ့ သင်ကြားမှု အထောက်အကူပြုပစ္စည်းများ၊ Facilities များကိုလည်း ပြည့်စုံစွာ ထားရှိပေးထားပါတယ်။ Myanmar Orchard Pre-school ကျောင်းဟာဆိုရင် Pre-school စတက်မယ့် ကလေးတွေအတွက် ရွေးချယ်သင့်တဲ့ကျောင်းတွေထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် Private school ကိုမှ ထားချင်တဲ့ ကလေးမိဘတွေအတွက်လည်း အဆင်ပြေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ အခုပြောပြပေးခဲ့တာကတော့ Private Pre-school နဲ့ပတ်သက်တဲ့ သိမှတ်ဖွယ်ရာများပဲဖြစ်ပါတယ်။နောက် video မှာဆိုရင်တော့ International Pre-school တွေနဲ့ပတ်သက်တဲ့ ဗဟုသုတရဖွယ်၊ သိမှတ်ဖွယ်ရာများကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ပညာရေးအတွက်ဆိုရင် EDGE ကို သတိရလိုက်ပါ။ တစ်နေ့ ၂၄ နာရီ internet မှာ အသင့်ရှိပေးနေပါတယ်။ Playstore မှာ updated version EDGE App ကို အခုပဲ ရယူလိုက်ပါ။ https://play.google.com/store/apps/details?id=com.mmrd.educationdirectory&fbclid=IwAR07SmQbMjNQ0_RkOIkZDt5ereOKsnSW-5PKR4L1ABEoXueiJ6rDxUsGjoY

Tuesday, 09 October 2018 13:19

မိမိတို့ရဲ့ သားသားမီးမီးတို့အတွက် Preschool ကျောင်းကောင်းကို ရှာနေပါသလား

Crayons Preschool မှ ရင်သွေးငယ်များအတွက် သင်ကြားပုံ၊ သင်ကြားနည်းများကို ဖော်ပြပေးလိုက်ပါတယ်...။ ၁။ နိုင်ငံတကာ မူကြိုပညာရေး သင်ရိုးညွှန်းတမ်းများ အသုံးပြုထားရှိခြင်း ၂။ ကလေးများ၏ မှတ်တမ်းများ တိုးတက်မှုများကို တလတစ်ကြိမ်ဆွေးနွှေးပေးခြင်း။ ၃။ ကလေးများကို စိတ်ရှည်ပြီး ပြည့်ဝသော ဆရာ/ဆရာမများ ထားရှိထားခြင်း ၄။ မူကြိုဘာသာရပ်အပြင်  English ဘာသာစကားကို တိကျပြတ်သားရှင်းလင်းစွာ ပြောဆိုနိုင်ရန်အတွက် သီးသန့်လေ့ကျင့် သင်ကြားပေးခြင်း ၅။ ကလေးငယ်၏ ပညာရေးသာမက မိသားစုနှင့် ပတ်ဝန်းကျင်တွင် ယုံကြည်မှုရှိစေရန် လေ့ကျင့်ကေးခြင်း။ ၆။ ကလေးငယ်၏ အကျင့်စာရိတ္တ ပိုမိုကောင်းမွန်စေရန်လည်း အထူးလေ့ကျင့် သင်ကြားပေးခြင်း ၇။ ကလေးတစ်ယောက်ချင်းစီ အားသာချက်ပေါ်မူတည်ကာ သင်ကြားရေးများ စီစဉ်ပေးခြင်း။ ၈။ကလးငယ်တွေအတွက် စိတ်ဖိစီးမှုရှိစေမှာမဟုတ်ပဲ Play Based များကို အခြေခံကာ သင်ကြားပေးသည့် အပြင် Montessori နည်းများ၊ Teaching aids များဖြင့်  အသက်အရွယ်နဲ့ အလိုက်သင်ကြားပေးခြင်း။ အစရှိသည့် လေ့ကျင့်သင်ကြားနည်းလမ်းအသွယ်သွယ်နှင့် ပြုစုပျိုးထောင်နေ သော  ကျောင်း တစ်ကျောင်းဖြစ် ကြောင်း အသိပေးစေလိုပါသည်။ "ကျောင်းမအပ်မှီ အစမ်းထားရက်သက် တပါတ်လည်းရှိသည့် အပြင် မိဘများနှင့် ကလေးမူကြိုပညာရေးအကြောင်းအရာများကို Free Consultation ပြုလုပ်ကာ လမ်းညွှန်မှု များပြုလုပ်ပေးပါသည်။ " Classes များမှာ - Toddler Level (2-3 Yrs old) Nusery (3-4 Yrs old) Pre-KG (4-5 Yrs old) များဖြစ်ပါတယ်။ သင်တန်းကြေး အစမ်းထားရက် (Trial Week) = Free School Fees =120000 Ks Ferry = စမ်းချောင်း၊ လှည်းတန်း၊ Dagon Centre အနီးတဝှိက် အတွက် ရှိပါသည်။ သင်ကြားပေးမယ့်ဘာသာရပ်တွေကတော့ - Myanmar - English - Maths - Arts & Crafts - Science - Morals - Yoga session - Dance and Movement တို့ပါဝင်မှာဖြစ်ပါတယ်။ ကျောင်းဖွင့်ချိန် Mon to Fri -မနက် (၉)နာရီကနေ ညနေ (၃) နာရီထိ Extension Hours available. ကျောင်းသားကျောင်းသူများအတွက်Facility တွေကတော့ သက်တောင့်သက်သာရှိသော Aircon စာသင်ခန်းများ၊ ရုံးဝန်ထမ်းမိဘမျာအတွက် Extension Hours များထားရှိပေးခြင်း။ စာကို ထိထိရောက်ရောက်သင်ကြားပေးနိုင်ရန် ကူညီပေးမယ့် အတွေ့အကြုံရှိပြီး စိတ်ရှည်သော ဆရာမ များ၊ ကလေးများ စိတ်ဝင်တစားနဲ့ ပျော်ရွှင်စွာသင်ကြားနိုင်ရန်အတွက်ရည်ရွယ်ပြီး ထားရှိပေးထားသော Teaching aids များ။ လုံခြုံစွာ ကစားနိုင်သော Indoor Playground ကလေးများလုံခြုံရေးအတွက်တပ်ဆင်ထားသော CCTV များ ကလေးများ ကျမ်းမာရေးအတွက် နေ့စဉ် အဖျားတိုင်းပေးခြင် နှင့် First aids kit box များထားရှိခြင်း ကလေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းပေးခြင်းများ ပါဝင်ပါသည်။ မိဘများအနေနဲ့ မိမိကလေးများ အတွက် အခမဲ့တိုင်ပင်ဆွေးနွှေးနိုင်ပါသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါကလည်း အောက်မှာ ဖော်ပြထားတဲ့ဖုန်းနံပါတ်များကို ဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်။ အမှတ် ၁၈ ညောင်တုန်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။ ၀၉၇၉၄၉၃၁၈၁၁၊  ၀၉၄၄၁၄၁၁၇၇၈၊ ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။ source: myanmar kids club