News

အဝေးသင်ကျောင်းပြောင်းရန် အခက်အခဲရှိလျှင် ဖြေလျှော့ပေးရန် စီစဉ်

အဝေးသင်ကျောင်းပြောင်းရန် အခက်အခဲရှိလျှင် ဖြေလျှော့ပေးရန် စီစဉ် Only Me

အဝေးသင်ကျောင်းသူ/ကျောင်းသားတွေ ကျောင်းပြောင်းရွေ့လိုတဲ့အခါ အိမ်ထောင်စုစာရင်း မိတ္တူတောင်းခံနေတာက အခက်အခဲရှိတယ်ဆိုရင်ဖြေလျှော့ပေးဖို့ ဆောင်ရွက်မည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက ပြောပါတယ်။

 

စက်တင်ဘာလ (၁၃) ရက်နေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လှိုင်းဘွဲ့မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်ချိုက "အဝေးသင်ပညာသင်ကြားလိုတဲ့ ကျောင်းသူ/သားတွေအတွက် အိမ်ထောင်စုစာရင်းဝင်ပြောင်းရွှေ့ဝင်ရောက်တဲ့ အထောက်အထားတင်ပြဖို့ တောင်းခံနေမှုကို ပယ်ဖျက်ပေးနိုင်ခြင်းရှိမရှိ မေးမြန်းမှုကိုဖြေကြားရာမှာ ဒုဝန်ကြီးကအခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

 

Hardware & Networking (170) Hardware & Networking နှင့်ပတ်သက်ပြီး သင်တန်း (170) ခုရှာရန်နှိပ်ပါ။

 

ဒုဝန်ကြီးက "အမှန်တကယ်အခက်အခဲရှိမည်ဆိုပါက အိမ်ထောင်စုစားရင်းမိတ္တူတောင်းခံနေမှုကို ဖြေလျှော့ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့ပြောပါတယ်။

 

အခုလိုဖြေလျှော့ရာမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ကြောင်း အထောက်အထား၊ အမှတ်စာရင်းနှင့် အမှန်တကယ်နေထိုင်တဲ့ ဒေသ (သို့) အလုပ်လုပ်ကိုင်နေတဲ့ ဒေသရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်အပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ထပ်ဆင့်အတည်ပြုထောက်ခံချက်နဲ့ ကျောင်းပြောင်းရွှေ့ရေးအတွက် စိစစ်ဆောင်ရွက်ဖို့ သက်ဆိုင်ရာဌာနတွေနဲ့ညှိနှိုင်းပြီး လုပ်ထုံးလုပ်နည်းတွေနှင့်အညီ ဆောင်ရွက်သွားမယ်လို့ ဒုဝန်ကြီးကဆိုပါတယ်။

 

Programming (77) Programming နှင့်ပတ်သက်ပြီး သင်တန်း (77) ခုရှာရန်နှိပ်ပါ။

 

တက်ရောက်လိုတဲ့ တက္ကသိုလ်နယ်မြေမှာ အမှန်တကယ်နေထိုင်ကြောင်း အိမ်ထောင်စုစာရင်းမိတ္တူ (သို့) မိဘဝန်ထမ်းပြောင်းရွှေ့မိန့်မိတ္တူတွေ တောင်းခံရခြင်းကလည်း ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ အခြားမြို့ကြီးတွေမှာ ရှိတဲ့တက္ကသိုလ်ကြီးများသို့ အခြားတက္ကသိုလ်ဌာနခွဲများမှ ပြောင်းရွှေ့သင်ကြားမှုများ လွန်စွာများပြားလာမှာဖြစ်တာကြောင့် စိစစ်ရာမှာ ပိုမိုခိုင်မာတဲ့ အထောက်အထားများရရှိစေရေးအတွက် ဖြစ်တယ်လို့ ဒုဝန်ကြီးက ရှင်းလင်းပြောဆိုပါတယ်။ ဒါ့အပြင် ကျောင်းပြောင်းရွှေ့ခြင်းပြုရေး၊ မပြုရေးဆုံးရာမှာလည်း ကျောင်းပြောင်းရွှေ့လိုတဲ့ ကျောင်းသူ/သားများက တင်ပြလာတဲ့ အချက်အလက်တွေကို ပြည့်စုံမှန်ကန်မှုရှိမရှိ ဦးစွာစစ်ဆေးတယ်ရှိသိရပါတယ်။

 

တင်ပြချက်တွေ ပြည်စုံမှန်ကန်မှသာ လက်ခံမယ့် တက္ကသိုလ်ရဲ့ဆရာ/ဆရာမအင်အား လက်တွေ့ခန်းနဲ့စာသင်ခန်းနဲ့စာသင်ခန်းအခြေအနေတွေကို ထပ်မံစိစစ်ပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီမှသာ ကျောင်းပြောင်းရွှေ့တက်ရောက်ခွင့်ကို ခွင့်ပြုပေးလျက်ရှိတယ်လို့ သိရပါတယ်။

 

Read More:>>> **ဆယ်တန်းကျောင်းသား/သူများ စာကျက်ကိုချိန်သီးသန့်ထုတ်ထားသင့်**

 

လက်ရှိမှာ အဝေးသင်ကျောင်းသား/သူတွေအနေနဲ့ ကျောင်းပြောင်းရွှေ့သင်ကြားလိုရင် မိသားစုဝင်ပြောင်းရွှေ့မှုပုံစံ ၁၀ လို့ခေါ်ကြတဲ့ (လဝက-၆၆/)နဲ့ ပြောင်းရွှေ့တောင်းခံပြီး ပညာသင်ကြားလိုတဲ့ဒေသမှာ အိမ်ထောင်စုစာရင်းဝင်ပြုလုပ်ပြီးမှ လျှောက်ထားနေကြရတဲ့အတွက် အခက်အခဲဖြစ်စေတယ်လို့ လွှတ်တော်မှာ ဆွေးနွေးပါတယ်။

 

Source:Kumudra

 

Read times
Rate this item
(1 Vote)