Tips

တက္ကသိုလ်ဝင်ခွင့်အတွက် တက္ကသိုလ်များ ကောလိပ်များ အုပ်စု ခွဲခြားသတ်မှတ်ထားပုံ

၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအောင် ကျောင်းသား/ကျောင်းသူများ လျှောက်ထားမည့် တက္ကသိုလ်ဝင်ခွင့်ကို အခက်အခဲမရှိဘဲ လျှောက်ထားနိုင်စေရေးအတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားပုံ နည်းလမ်းများအကြောင်းကို တိုင်းဒေသကြီးများနှင့် ပြည်နယ်များ အသီးသီးရှိ တက္ကသိုလ်များက ရှင်းလင်းပွဲများ ပြုလုပ်ပေးမည်ဖြစ်ပြီး ကျောင်းသားကျောင်းသူများနှင့် မိဘများ တက်ရောက်နိုင်ကြမည် ဖြစ်သည်။ ဝင်ခွင့်လမ်းညွှန်တွေ ထုတ်ပြီးကြသည့်နောက် တစ်ပတ်တန်သည် ဆယ်ရက်တန်သည် ကြာပြီးချိန်တွင် အဆိုပါ ရှင်းလင်းပွဲများ ကျင်းပသွားမည်ဟု သိရပါသည်။ 


ကျောင်းသူကျောင်းသား တစ်ဦးလျှင် လျှောက်လွှာတစ်စုံကိုသာ ရရှိပါမည်။
ဦးစားပေး ရွေးချယ်မှုများကို ပြည့်စုံစွာ ဖြည့်စွက်ပြီးမှ လျှောက်လွှာတင်ရမည် ဖြစ်သည်။
ပြည့်စုံစွာ ဖြည့်စွက်ဖော်ပြထားခြင်း မရှိပါက လျှောက်ထားသူ၏ တာဝန်သာ ဖြစ်သည်။

 

တက္ကသိုလ်များနှင့် ကောလိပ်များတွင် တိုက်ရိုက်လျှောက်ထားရမည့် တက္ကသိုလ်ကောလိပ်များ အုပ်စု၊ ၀င်ခွင့်ရွေးချယ်ရေးအဖွဲ့မှ စိစစ်ရွေးချယ်မည့် တက္ကသိုလ်ကောလိပ်များ အုပ်စု ဟူ၍ ခွဲခြားနိုင်သည်ကို တွေ့ရသည်။

တစ်ဖန် ပထမအသုတ်  ရွေးချယ်မည့်တက္ကသိုလ်ကောလိပ်များ၊ ဒုတိယအသုတ် ရွေးချယ်မည့် တက္ကသိုလ်ကောလိပ်များ ဟူ၍ ခွဲခြား သတ်မှတ်ထားသည်ကိုလည်း တွေ့ရပြီး ထို အသုတ် နှစ်သုတ်တွင် မပါဝင်ဘဲ သတင်းစာကြော်ငြာမှတစ်ဆင့် သီးခြား ခေါ်ယူမည့် တက္ကသိုလ်ကောလိပ်များ လည်း ရှိသည်။ သို့ဖြစ်ရာ ပထမဦးစားပေး၊ ဒုတိယဦးစားပေး စသဖြင့် ဦးစားပေး စာရင်းဖြင့် ရွေးချယ်သော တက္ကသိုလ်ကောလိပ်များ မည်သည့် အုပ်စု မည်သည့်အသုတ်တွင် ပါဝင်သည်ကို လေ့လာနိုင်ပါသည်။ 

 

သတင်းစာတွင် ကြေညာ၍ သီးခြားခေါ်ယူမည်ဖြစ်ပြီး

တိုက်ရိုက်လျှောက်ထားရမည့်

အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များနှင့်

ဒီဂရီကောလိပ်များ

၁။ အမျိုးသား စီမံခန့်ခွဲမှုပညာဒီဂရီ ကောလိပ်
၂။ မန္တလာ ဒီဂရီကောလိပ် (BTHM)
၃။ ရေးဆင်းစိုက်ပျိုးရေးတက္ကသိုလ်
၎။ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (ရေဆင်း)
၅။ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် (ရေဆင်း)
၆။ မြန်မာ သတင်း အချက်အလက် နည်းပညာ တက္ကသိုလ် (MIIT)
၇။ သမ၀ါယမတက္ကသိုလ်များနှင့် သမ၀ါယမကောလိပ်များ
၈။ ယွန်းပညာကောလိပ် (ပုဂံ)
၉။ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်များ
၁၀၊ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် (သံလျင်)

 

 

တက္ကသိုလ် ၀င်ခွင့် ရွေးချယ်မည့်စနစ်

 

 ပထမအသုတ် ရွေးချယ်မည့် တက္ကသိုလ်များ

 

ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ

၁။ ဆေးတက္ကသိုလ်များ
၂။ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ
၃။ ဆေးဝါးတက္ကသိုလ်များ
၎။ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များ
၅။ သူနာပြုတက္ကသိုလ်များ
၆။ အခြေခံကျန်းမားရေးတက္ကသိုလ်
၇။ တိုင်းရင်းဆေးတက္ကသိုလ်

 

သီးခြားဝင်ခွင့် ရွေးချယ်မည့် တက္ကသိုလ်များ

(သတင်းစာမှတစ်ဆင့် ကြေညာပြီး ခေါ်ယူချိန်တွင်
သက်ဆိုင်ရာ တက္ကသိုလ်၌
တိုက်ရိုက်လျှောက်ထားရမည် ဖြစ်သည်)

 

၁။ ရန်ကုန် နည်းပညာတက္ကသိုလ်
၂။ မန္တလေး နည်းပညာတက္ကသိုလ်
၃။ နည်းပညာတက္ကသိုလ် (မန္တလေး)
၎။ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး)
၅။ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်
၆။ မန္တလေး ကွန်ပျူတာ တက္ကသိုလ်
၇။ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်
၈။ ရန်ကုန်တက္ကသိုလ်
၉။ မန္တလေးတက္ကသိုလ်
၁၀။ ရန်ကုန် စီးပွားရေး တက္ကသိုလ်(ရွာသာကြီး/ လှိုင်)
၁၁။ ရန်ကုန် ပညာရေးတက္ကသိုလ်
၁၂။ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်
၁၃။ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်
၁၄။ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသ တက္ကသိုလ်

၎င်း ၀င်ခွင့်အကြောင်း မဖတ်ရသေးလျှင်

ဆက်စပ် ဖတ်ရှုရန် အောက်ပါ ခေါင်းစဉ်ကို (နှိပ်ပါ)


ဝင်ခွင့်တိုက်ရိုက် လျှောက်ရမည့် တက္ကသိုလ် ၁၄ ခုရှိမည်

ဒုတိယ အသုတ် ရွေးချယ်မည့် တက္ကသိုလ်များ


သီးခြားတိုက်ရိုက်ခေါ်ယူသည့် တက္ကသိုလ် ၀င်ခွင့်ပုံစံနှင့်

တက္ကသိုလ် ၀င်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က

ရွေးချယ်သည့် ၀င်ခွင့်ပုံစံ နှစ်မျိုးနှစ်စား ရှိနေရာ၌

ယခု ဖော်ပြသည့် တက္ကသိုလ်များနှင့် ကောလိပ်များအတွက်

ဝင်ခွင့်ကို တက္ကသိုလ် ၀င်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က

ရွေးချယ် မည် ဖြစ်သည်။

 

● စစ်ကိုင်း ပညာရေး တက္ကသိုလ်
● မုံရွာ စီးပွားရေး တက္ကသိုလ်
● မိတ္ထိလာ စီးပွားရေး တက္ကသိုလ်
● နည်းပညာ တက္ကသိုလ်များ
● ကွန်ပျူတာ တက္ကသိုလ်များ
● ပညာရေး ဒီဂရီကောလိပ်များ

(ပညာရေး ဒီဂရီကောလိပ်များသည်

ယခင်က ပညာသင်နှစ် ၂ နှစ် ရှိခဲ့ပြီး ဒီပလိုမာ အပ်နှင်းခဲ့ရာမှ

ယခုနှစ်မှစ၍ ၄ နှစ်သို့

ပြောင်းလဲသတ်မှတ်ကာ ဘွဲ့အပ်နှင်းမည် ဖြစ်သည်)

အသေးစိတ် ဖတ်ရှုလိုပါက အောက်ပါ ခေါင်းစဉ်ကို နှိပ်ပါ


၎နှစ်သင် စတင်တော့မည့် ပညာရေး ဒီဂရီကောလိပ် ပညာရေး

● ဝိဇ္ဇာ သိပံ္ပ ဘာသာရပ် (မေဂျာ) သင် တက္ကသိုလ်များနှင့် ဒီဂရီကောလိပ်များ---

     -နေ့သင်တန်း

      အဝေးသင် သင်တန်း

 

 

တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်များ

လက်ခံမည့် တက္ကသိုလ်များစာရင်း

(အက္ခရာစဉ်အရ စီထားပါသည်)


ကျိုင်းတုံ တက္ကသိုလ်
စစ်ကိုင်း တက္ကသိုလ်
စစ်တွေ တက္ကသိုလ်
ပခုက္ကူ တက္ကသိုလ်
ပုသိမ် တက္ကသိုလ်
ပဲခူး တက္ကသိုလ်
ပြည် တက္ကသိုလ်
ဘားအံ တက္ကသိုလ်
မကွေး တက္ကသိုလ်
မော်လမြိုင် တက္ကသိုလ်
မိတ္ထီလာ တက္ကသိုလ်
မန္တလေး အဝေးသင် တက္ကသိုလ်
မုံရွာ တက္ကသိုလ်
မြစ်ကြီးနား တက္ကသိုလ်
တောင်ကြီး တက္ကသိုလ်
တောင်ကုပ် တက္ကသိုလ်
တောင်ငူ တက္ကသိုလ်
ထားဝယ် တက္ကသိုလ်
ရန်ကုန် အဝေးသင် တက္ကသိုလ်
လားရှိုး တက္ကသိုလ်
လွိုင်ကော် တက္ကသိုလ်
ဟားခါး တက္ကသိုလ်
ဟင်္သာတ တက္ကသိုလ်

 

မှတ်ချက်။ edge.com.mm မှ လက်လှမ်းမီသရွေ့

စုစည်း တင်ပြခြင်းဖြစ်ပြီး ကြွင်းကျန်ရစ်သော

အချက်အလက်များ ရှိကောင်းနိုင်ကြောင်း

ဝန်ခံအပ်ပါသည်။

ဖော်ပြပါသတ်မှတ်ချက်များသည် အခြေအနေနှင့် အချိန်အခါအလျောက် ပြောင်းလဲသတ်မှတ်မှု ဖြစ်ပေါ်နိုင်ပါသည်။ 

 

 

Read times
Rate this item
(2 votes)