နေ့ဘက်စာလုပ်တာနဲ့ညဘက်စာလုပ်တာ ဘယ်ချိန်ပိုကောင်းတယ်ထင်လဲ

နေ့ဘက်စာလုပ်တာနဲ့ညဘက်စာလုပ်တာ ဘယ်ချိန်ပိုကောင်းတယ်ထင်လဲ

*Unicode*

ကျောင်းသားတိုင်း (မိဘတွေအပါအဝင်)  တခါတလေကျရင် အိမ်စာပဲဖြစ်ဖြစ် စာမေးပွဲအတွက်ပဲဖြစ်ဖြစ် စာကို ကျကျနနထိုင်လုပ်ဖြစ်ဖို့ အတော်ကို ခက်ခဲတယ်ဆိုတာ သိကြပါတယ်။

အထူးသဖြင့် စနေတနင်္ဂနွေပိတ်ရက်တွေ ရောက်လာပြီဆိုရင် ပိုဆိုးပါတယ်၊ ပိတ်ရက်က ဘယ်လိုကုန်သွားမှန်းမသိလိုက်တာမျိုး ဖြစ်တတ်ပါတယ်။

တနင်္ဂနွေနေ့ညရောက်နေပြီ ပြီးရမယ့်စာတွေက မပြီးသေးဘူးဆိုတာမျိုးက ကျောင်းသားတော်တော်များများ ကြုံဖူးကြပါတယ်။

ကိုယ့်အချိန်ဇယားအတိုင်း စာလုပ်တာတွေက ကျောင်းစာတွေအချိန်မှန် ပြီးစေပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်ဇယားရေးဆွဲတဲ့အခါမှာတော့ မိဘတွေတော်တော်များများက “ဘယ်အချိန်က ငါ့ကလေးအတွက် စာလုပ်ဖို့အကောင်းဆုံးအချိန်လဲ” ဆိုပြီးတွေးမိကြမယ်ထင်ပါတယ်။ တချို့မိဘတွေကျတော့လည်း မနက်ပိုင်း စောစောထကျက်တာ ပိုကောင်းတယ်လို့ ယူဆကြပါတယ်။

တစ်နေ့တာ၏ အချိန်များက ကျောင်းသားများ၏ ဦးနှောက်အပေါ်သက်ရောက်ပုံ

ကျောင်းသားတွေရဲ့ ဦးနှောက်က တညတာလုံးပြည့်ပြည့်၀၀အိပ်ထားပြီး အာဟာရမျှတတဲ့နံနက်စာစားပြီးချိန် မနက်ပိုင်းမှာ အထက်မြက်ဆုံး ဖြစ်လေ့ရှိပါတယ်။ ဒီအချိန်က ဖတ်စာအုပ်လေးဖွင့်ပြီး ကိုယ်မကျက်ရသေးတဲ့ စာအသစ်တွေ ဒါမှမဟုတ် အရင်နေ့က ကျက်ထားပြီးသားစာတွေကို ပြန်နွှေးဖို့ကောင်းတဲ့အချိန်ပဲ ဖြစ်ပါတယ်။

ဦးနှောက်က ပုံမှန်ထက်ပိုပြီး နိုးနိုးကြားကြားရှိနေတဲ့အတွက် ကျောင်းသားတွေအနေနဲ့ နာမည်၊ နေရာ၊ ခုနှစ်နဲ့ အချက်အလက်တွေလို အသေးစိတ်မှတ်မိရမယ့်အရာတွေကို ပြန်သတိရစေနိုင်စွမ်း ရှိပါတယ်။

နေ့လည်ဘက်မှာကျတော့ သူတို့ရဲ့ဦးနှောက်က သူတို့သိထားပြီးသားဖြစ်ပေမယ့် သိပ်မရသေးတဲ့စာတွေ အကြာကြီးပစ်ထားမိပြီး အသစ်လိုဖြစ်နေတဲ့စာတွေကို ပြန်လုပ်ဖို့အတွက် ကောင်းပါတယ်။ ဒီအချိန်တွေမှာဆိုရင် ကျောင်းသားတွေက သူတို့သင်ထားပြီးသားစာတွေရဲ့ အဓိပ္ပာယ်ကို ပိုနားလည်ပြီး သေချာမှတ်မိသွားတတ်ကြတယ်။

တစ်နေ့တာရဲ့ ဘယ်အချိန်က စာလုပ်ဖို့ အကောင်းဆုံးလဲ?

တစ်ယောက်နဲ့တစ်ယောက် စာလုပ်တဲ့အချိန်တွေ မတူညီကြပါဘူး။

ကျွန်တော်တို့ တစ်ယောက်ချင်းစီရဲ့ တစ်နေ့တာမှာ စွမ်းအင်အပြည့်ဝဆုံးအချိန်ဆိုတာရှိပြီး အဲ့ဒီအချိန်က Productive အဖြစ်ဆုံးအချိန်ပဲ ဖြစ်ပါတယ်။ တချို့လူတွေကျတော့ အားအင်တွေအများကြီးနဲ့ နိုးထလာတတ်တဲ့ Morning People တွေပဲ ဖြစ်ကြပါတယ်။

တချို့ကျတော့လည်း မနက်ပိုင်းဆို နုန်းချိသလို အားမရှိသလို အိပ်ငိုက်သလိုနဲ့ ညနေပိုင်းတွေရောက်မှပဲ ပိုပြီးလန်းဆန်းလာတတ်တဲ့ Night Owls တွေ ဖြစ်ကြပါတယ်။

ကျောင်းသားတစ်ယောက်ချင်းစီမှာ သူတို့ကိုယ်ပိုင် စာကျက်တဲ့စတိုင်လ်တွေ ရှိကြသလိုပဲ မတူညီတဲ့ ကျောင်းသားတွေက တစ်နေ့တာရဲ့ မတူညီတဲ့အချိန်မှာ ပုံမှန်ထက်ပိုပြီး စာလုပ်နိုင်ကြပါတယ်။

တချို့ကျောင်းသားတွေအတွက် မနက်ပိုင်းအချိန်တွေမှာ ကျောင်းစာထဲ အာရုံစူးစိုက်ရတာ ပိုလွယ်ကူသလို တချို့ကျပြန်တော့ ညဘက်မှာ စာလုပ်ရတာ သူတို့အတွက် ပိုကောင်းတာကို တွေ့ရပါတယ်။

နေ့ဘက်စာလုပ်သူ

မနက်ပိုင်းမှာ အားအင်ပိုရှိတဲ့ကျောင်းသားတွေက သူတို့ရဲ့ဦးနှောက် မနက်ပိုင်းမှာပိုအာရုံစူးစိုက်နိုင်လို့  မနက်ပိုင်းမှာပဲ စာလုပ်ဖို့အသင့်တော်ဆုံး ဖြစ်ပါတယ်။ သူတို့တွေက တညတာလုံး ကောင်းကောင်းမွန်မွန်အိပ်ထားတဲ့အတွက် သူတို့ရဲ့စိတ်တွေကို လန်းဆန်းတက်ကြွနေစေပါတယ်။

ဒီစွမ်းအင်တွေက သူတို့ကျက်မှတ်နေတာတွေထဲကို အာရုံစူးစိုက်ဖို့ ပိုမိုလွယ်ကူစေပြီး မှတ်သားစရာတွေကိုလည်း ပိုမိုထိရောက်စွာ မှတ်ယူနိုင်စွမ်းရှိစေပါတယ်။

နေ့ဘက်မှာစာလုပ်ခြင်း၏ အကျိုးကျေးဇူးများ
    • ဦးနှောက်က ကောင်းမွန်စွာ အိပ်စက်ထားခြင်းကြောင့် လန်းဆန်းနေပြီး မှတ်သားစရာများကို ပိုမိုမှတ်ယူနိုင်ခြင်း
    • သဘာဝအလင်းရောင်က မျက်လုံးအတွက်ကောင်းပြီး သင့်ကို နိုးနိုးကြားကြား ရှိစေခြင်း
    • ပုံမှန်အိပ်ချိန်ကို အနှောင့်အယှက်မဖြစ်ခြင်း
    • အတန်းဖော်သူငယ်ချင်းတွေနဲ့ စာကျက်ဝိုင်း (စာတူတူစုကျက်ခြင်း) လုပ်ဖို့ ပိုမိုလွယ်ကူခြင်း

ညဘက်စာလုပ်သူ

တစ်နေ့တာရဲ့နှောင်းပိုင်းအချိန်တွေမှာ ပိုပြီးအားအင်ရှိတဲ့ ကျောင်းသားတွေအနေနဲ့ ညနေ ဒါမှမဟုတ် ညဘက်တွေမှာ စာလုပ်တာက ပိုထိရောက်မှုရှိစေပါတယ်။ အနှောင့်အယှက်နည်းပါးပြီး တိတ်ဆိတ်ငြိမ်းချမ်းနေတဲ့အတွက် ညဘက်မှာစာလုပ်ခြင်းက ကျောင်းသားတစ်ယောက်ရဲ့ စိတ်ပါဝင်စားမှုနဲ့ အာရုံစူးစိုက်နိုင်မှုအားကို တိုးတက်လာစေပါတယ်။

သင့်ကျောင်းသားက ညနေ ဒါမှမဟုတ် ညဘက်စာလုပ်သူဆိုရင်တော့ သူ့အနေနဲ့ တစ်ညတစ်ည လုံလုံလောက်လောက် အိပ်ရဖို့ အရေးကြီးပါတယ်။ ကလေးတွေက တစ်ညကို ပျှမ်းမျှ ၈-၉ နာရီလောက် အိပ်ဖို့လိုအပ်ပါတယ်။

တကယ်လို့ အိမ်စာ ဒါမှမဟုတ် စာလုပ်ချိန်က အိပ်ချိန်ကို နောက်ကျစေတယ်တယ်ဆိုရင် နည်းနည်းစောစောလေး ပုံမှန်အိပ်ရာဝင်တတ်တဲ့အကျင့်ရှိလာအောင် လုပ်ပေးတာ ပိုကောင်းပါတယ်။

ညနေ/ညဘက် စာလုပ်ခြင်း၏ အကျိုးကျေးဇူးများ
    • တိတ်ဆိတ်ငြိမ်းချမ်းမှု ပိုမိုရရှိခြင်း
    • အနှောင့်အယှက် ပိုမိုနည်းပါးခြင်း
    • တီထွင်ကြံဆခြင်း (Creative thinking) အတွက် ပိုမိုကြည်လင်သော စိတ်ရှိခြင်း
    • စာလုပ်ပြီးအိပ်စက်ခြင်းအားဖြင့် ကျက်မှတ်ထားသောစာများကို တစ်စုတစ်စည်းတည်းဖြစ်စေပြီး ပြန်လည်မှတ်မိနိုင်စွမ်း မြင့်တက်လာခြင်း

သင့်ကလေးအတွက် စာလုပ်ဖို့အကောင်းဆုံးအချိန်ကို သိအောင်လုပ်ပါ။
သင်သတိတချက်ပြုရမှာက သင့်ကလေးအနေနဲ့ တစ်နေ့တာရဲ့ ဘယ်အချိန်တွေမှာ စာလုပ်ဖို့သတ်မှတ်ထားသလဲဆိုတာ အပါအဝင် သူ့ကိုယ်ပိုင် စာလုပ်တဲ့နည်းလမ်းပေါင်းစုံကို အသုံးပြုနိုင်ပါတယ်။

သူ့အတွက် ဘယ်အချိန်က အကောင်းဆုံးလဲဆိုတာ သင်သိတာနဲ့ သင့်ကလေး အရင်ကထက်ပိုပြီး စာတွေကို ထိထိရောက်ရောက် စလုပ်နိုင်လာပါလိမ့်မယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: Oxford Learning

 

**Zawgyi**

 

 

ေက်ာင္းသားတိုင္း (မိဘေတြအပါအ၀င္)  တခါတေလက်ရင္ အိမ္စာပဲျဖစ္ျဖစ္ စာေမးပြဲအတြက္ပဲျဖစ္ျဖစ္ စာကို က်က်နနထိုင္လုပ္ျဖစ္ဖို႕ အေတာ္ကို ခက္ခဲတယ္ဆိုတာ သိၾကပါတယ္။

အထူးသျဖင့္ စေနတနဂၤေႏြပိတ္ရက္ေတြ ေရာက္လာျပီဆိုရင္ ပိုဆိုးပါတယ္၊ ပိတ္ရက္က ဘယ္လိုကုန္သြားမွန္းမသိလိုက္တာမ်ဳိး ျဖစ္တတ္ပါတယ္။

တနဂၤေႏြေန႕ညေရာက္ေနၿပီ ၿပီးရမယ့္စာေတြက မၿပီးေသးဘူးဆိုတာမ်ဳိးက ေက်ာင္းသားေတာ္ေတာ္မ်ားမ်ား ႀကံဳဖူးၾကပါတယ္။

ကိုယ့္အခ်ိန္ဇယားအတိုင္း စာလုပ္တာေတြက ေက်ာင္းစာေတြအခ်ိန္မွန္ ၿပီးေစပါတယ္။ ဒါေပမယ့္ အ့ဲဒီအခ်ိန္ဇယားေရးဆြဲတ့ဲအခါမွာေတာ့ မိဘေတြေတာ္ေတာ္မ်ားမ်ားက “ဘယ္အခ်ိန္က ငါ့ကေလးအတြက္ စာလုပ္ဖို႕အေကာင္းဆံုးအခ်ိန္လဲ” ဆိုျပီးေတြးမိၾကမယ္ထင္ပါတယ္။ တခ်ဳိ႕မိဘေတြက်ေတာ့လည္း မနက္ပိုင္း ေစာေစာထက်က္တာ ပိုေကာင္းတယ္လို႕ ယူဆၾကပါတယ္။

တစ္ေန႕တာ၏ အခ်ိန္မ်ားက ေက်ာင္းသားမ်ား၏ ဦးေႏွာက္အေပၚသက္ေရာက္ပံု

ေက်ာင္းသားေတြရဲ႕ ဦးေႏွာက္က တညတာလံုးျပည့္ျပည့္၀၀အိပ္ထားၿပီး အာဟာရမွ်တတ့ဲနံနက္စာစားၿပီးခ်ိန္ မနက္ပိုင္းမွာ အထက္ျမက္ဆံုး ျဖစ္ေလ့ရွိပါတယ္။ ဒီအခ်ိန္က ဖတ္စာအုပ္ေလးဖြင့္ၿပီး ကိုယ္မက်က္ရေသးတ့ဲ စာအသစ္ေတြ ဒါမွမဟုတ္ အရင္ေန႕က က်က္ထားၿပီးသားစာေတြကို ျပန္ေႏႊးဖို႕ေကာင္းတ့ဲအခ်ိန္ပဲ ျဖစ္ပါတယ္။

ဦးေႏွာက္က ပံုမွန္ထက္ပိုျပီး ႏိုးႏိုးၾကားၾကားရွိေနတ့ဲအတြက္ ေက်ာင္းသားေတြအေနနဲ႕ နာမည္၊ ေနရာ၊ ခုႏွစ္နဲ႕ အခ်က္အလက္ေတြလို အေသးစိတ္မွတ္မိရမယ့္အရာေတြကို ျပန္သတိရေစႏိုင္စြမ္း ရွိပါတယ္။

ေန႕လည္ဘက္မွာက်ေတာ့ သူတုိ႕ရဲ႕ဦးေႏွာက္က သူတို႕သိထားၿပီးသားျဖစ္ေပမယ့္ သိပ္မရေသးတ့ဲစာေတြ အၾကာႀကီးပစ္ထားမိၿပီး အသစ္လိုျဖစ္ေနတ့ဲစာေတြကို ျပန္လုပ္ဖို႕အတြက္ ေကာင္းပါတယ္။ ဒီအခ်ိန္ေတြမွာဆိုရင္ ေက်ာင္းသားေတြက သူတို႕သင္ထားၿပီးသားစာေတြရဲ႕ အဓိပၸာယ္ကို ပိုနားလည္ၿပီး ေသခ်ာမွတ္မိသြားတတ္ၾကတယ္။

တစ္ေန႕တာရဲ႕ ဘယ္အခ်ိန္က စာလုပ္ဖို႕ အေကာင္းဆံုးလဲ?

တစ္ေယာက္နဲ႕တစ္ေယာက္ စာလုပ္တဲ့အခ်ိန္ေတြ မတူညီၾကပါဘူး။

ကြ်န္ေတာ္တုိ႕ တစ္ေယာက္ခ်င္းစီရဲ႕ တစ္ေန႕တာမွာ စြမ္းအင္အျပည့္၀ဆံုးအခ်ိန္ဆိုတာရွိျပီး အဲ့ဒီအခ်ိန္က Productive အျဖစ္ဆံုးအခ်ိန္ပဲ ျဖစ္ပါတယ္။ တခ်ဳိ႕လူေတြက်ေတာ့ အားအင္ေတြအမ်ားႀကီးနဲ႕ ႏိုးထလာတတ္တ့ဲ Morning People ေတြပဲ ျဖစ္ၾကပါတယ္။

တခ်ဳိ႕က်ေတာ့လည္း မနက္ပိုင္းဆို ႏုန္းခ်ိသလို အားမရွိသလို အိပ္ငိုက္သလိုနဲ႕ ညေနပိုင္းေတြေရာက္မွပဲ ပိုျပီးလန္းဆန္းလာတတ္တ့ဲ Night Owls ေတြ ျဖစ္ၾကပါတယ္။

ေက်ာင္းသားတစ္ေယာက္ခ်င္းစီမွာ သူတုိ႕ကိုယ္ပိုင္ စာက်က္တ့ဲစတုိင္လ္ေတြ ရွိၾကသလိုပဲ မတူညီတ့ဲ ေက်ာင္းသားေတြက တစ္ေန႕တာရဲ႕ မတူညီတ့ဲအခ်ိန္မွာ ပံုမွန္ထက္ပိုၿပီး စာလုပ္ႏိုင္ၾကပါတယ္။

တခ်ဳိ႕ေက်ာင္းသားေတြအတြက္ မနက္ပိုင္းအခ်ိန္ေတြမွာ ေက်ာင္းစာထဲ အာရံုစူးစိုက္ရတာ ပိုလြယ္ကူသလို တခ်ဳိ႕က်ျပန္ေတာ့ ညဘက္မွာ စာလုပ္ရတာ သူတို႕အတြက္ ပိုေကာင္းတာကို ေတြ႕ရပါတယ္။

ေန႕ဘက္စာလုပ္သူ

မနက္ပိုင္းမွာ အားအင္ပိုရွိတ့ဲေက်ာင္းသားေတြက သူတို႕ရဲ႕ဦးေႏွာက္ မနက္ပိုင္းမွာပိုအာရံုစူးစိုက္ႏိုင္လို႕  မနက္ပိုင္းမွာပဲ စာလုပ္ဖို႕အသင့္ေတာ္ဆံုး ျဖစ္ပါတယ္။ သူတို႕ေတြက တညတာလံုး ေကာင္းေကာင္းမြန္မြန္အိပ္ထားတ့ဲအတြက္ သူတို႕ရဲ႕စိတ္ေတြကို လန္းဆန္းတက္ၾကြေနေစပါတယ္။

ဒီစြမ္းအင္ေတြက သူတို႕က်က္မွတ္ေနတာေတြထဲကို အာရံုစူးစိုက္ဖို႕ ပိုမိုလြယ္ကူေစျပီး မွတ္သားစရာေတြကိုလည္း ပိုမိုထိေရာက္စြာ မွတ္ယူႏုိင္စြမ္းရွိေစပါတယ္။

ေန႕ဘက္မွာစာလုပ္ျခင္း၏ အက်ဳိးေက်းဇူးမ်ား
    • ဦးေႏွာက္က ေကာင္းမြန္စြာ အိပ္စက္ထားျခင္းေၾကာင့္ လန္းဆန္းေနၿပီး မွတ္သားစရာမ်ားကို ပိုမိုမွတ္ယူႏိုင္ျခင္း
    • သဘာ၀အလင္းေရာင္က မ်က္လံုးအတြက္ေကာင္းၿပီး သင့္ကို ႏိုးႏိုးၾကားၾကား ရွိေစျခင္း
    • ပံုမွန္အိပ္ခ်ိန္ကို အေႏွာင့္အယွက္မျဖစ္ျခင္း
    • အတန္းေဖာ္သူငယ္ခ်င္းေတြနဲ႕ စာက်က္၀ိုင္း (စာတူတူစုက်က္ျခင္း) လုပ္ဖို႕ ပိုမိုလြယ္ကူျခင္း

ညဘက္စာလုပ္သူ

တစ္ေန႕တာရဲ႕ေႏွာင္းပိုင္းအခ်ိန္ေတြမွာ ပိုၿပီးအားအင္ရွိတ့ဲ ေက်ာင္းသားေတြအေနနဲ႕ ညေန ဒါမွမဟုတ္ ညဘက္ေတြမွာ စာလုပ္တာက ပိုထိေရာက္မႈရွိေစပါတယ္။ အေႏွာင့္အယွက္နည္းပါးၿပီး တိတ္ဆိတ္ၿငိမ္းခ်မ္းေနတ့ဲအတြက္ ညဘက္မွာစာလုပ္ျခင္းက ေက်ာင္းသားတစ္ေယာက္ရဲ႕ စိတ္ပါ၀င္စားမႈနဲ႕ အာရံုစူးစိုက္ႏိုင္မႈအားကို တိုးတက္လာေစပါတယ္။

သင့္ေက်ာင္းသားက ညေန ဒါမွမဟုတ္ ညဘက္စာလုပ္သူဆိုရင္ေတာ့ သူ႕အေနနဲ႕ တစ္ညတစ္ည လံုလံုေလာက္ေလာက္ အိပ္ရဖို႕ အေရးႀကီးပါတယ္။ ကေလးေတြက တစ္ညကို ပွ်မ္းမွ် ၈-၉ နာရီေလာက္ အိပ္ဖို႕လိုအပ္ပါတယ္။

တကယ္လို႕ အိမ္စာ ဒါမွမဟုတ္ စာလုပ္ခ်ိန္က အိပ္ခ်ိန္ကို ေနာက္က်ေစတယ္တယ္ဆိုရင္ နည္းနည္းေစာေစာေလး ပံုမွန္အိပ္ရာ၀င္တတ္တ့ဲအက်င့္ရွိလာေအာင္ လုပ္ေပးတာ ပိုေကာင္းပါတယ္။

ညေန/ညဘက္ စာလုပ္ျခင္း၏ အက်ဳိးေက်းဇူးမ်ား
    • တိတ္ဆိတ္ျငိမ္းခ်မ္းမႈ ပိုမိုရရွိျခင္း
    • အေႏွာင့္အယွက္ ပိုမိုနည္းပါးျခင္း
    • တီထြင္ႀကံဆျခင္း (Creative thinking) အတြက္ ပိုမိုၾကည္လင္ေသာ စိတ္ရွိျခင္း
    • စာလုပ္ၿပီးအိပ္စက္ျခင္းအားျဖင့္ က်က္မွတ္ထားေသာစာမ်ားကို တစ္စုတစ္စည္းတည္းျဖစ္ေစၿပီး ျပန္လည္မွတ္မိႏိုင္စြမ္း ျမင့္တက္လာျခင္း

သင့္ကေလးအတြက္ စာလုပ္ဖို႕အေကာင္းဆံုးအခ်ိန္ကို သိေအာင္လုပ္ပါ။
သင္သတိတခ်က္ျပဳရမွာက သင့္ကေလးအေနနဲ႕ တစ္ေန႕တာရဲ႕ ဘယ္အခ်ိန္ေတြမွာ စာလုပ္ဖို႕သတ္မွတ္ထားသလဲဆိုတာ အပါအ၀င္ သူ႕ကိုယ္ပိုင္ စာလုပ္တ့ဲနည္းလမ္းေပါင္းစံုကို အသံုးျပဳႏိုင္ပါတယ္။

သူ႕အတြက္ ဘယ္အခ်ိန္က အေကာင္းဆံုးလဲဆိုတာ သင္သိတာနဲ႕ သင့္ကေလး အရင္ကထက္ပိုၿပီး စာေတြကို ထိထိေရာက္ေရာက္ စလုပ္ႏိုင္လာပါလိမ့္မယ္။

မိမိတို႔ တက္ေရာက္လုိသည့္ သင္တန္းေက်ာင္းမ်ားႏွင့္ ပုဂၢလိကေက်ာင္းမ်ားကို ရွာေဖြလိုပါက ဒီ Link မွာရွာေဖြႏိုင္ပါသည္။

ပညာေရးလမ္းညႊန္ website တြင္ ပါ၀င္ေသာ သင္တန္းမ်ား ေက်ာင္းမ်ားScholarshipKnowledge မ်ားႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ားကို ၀င္ေရာက္ရွာေဖြ ဖတ္ရႈႏိုင္ပါတယ္။

Source: Oxford Learning

Tips Read 2541 times