Sales Hotline : 09448001653       Download App



ဘာသာစကားလေ့လာသူတိုင်း မရှိမဖြစ်ဆောင်ထားသင့်သည့် အဘိဓာန် (၁၀) မျိုး

 

 

ဘာသာစကားတိုင်းဟာ ခက်ခဲပါတယ်။ သင်က သဒ္ဒါပိုင်းဆိုင်ရာ ဝါကျဖွဲ့စည်းပုံတွေကို ဘယ်လောက်ပဲကျွမ်းကျင်ပိုင်နိုင်နေပါစေ စကားလုံးတစ်လုံးချင်စီရဲ့ အဓိပ္ပါယ်ကို သိရှိထားမှသာလျှင် ဘာသာစကား လေ့လာရာမှာ ပိုမိုလွယ်ကူပြီး အကျိုးရှိစေမှာပါ။ 

 

စကားလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပါယ်ကို အချိန်တိုအတွင်းမှာ လျင်လျင်မြန်မြန်နဲ့ လွယ်လွယ်ကူကူသိရှိနိုင်စေဖို့အကောင်းဆုံနည်းလမ်းကတော့ အဘိဓာန် (Dictionary) အသုံးပြုခြင်းပါပဲ။ နိုင်ငံရပ်ခြားကို ခရီးသွားရင်းပဲဖြစ်ဖြစ်၊ စာလေ့လာရင်းပဲဖြစ်ဖြစ် ဝေါဟာရစကားလုံးများရဲ့ အဓိပ္ပါယ်ကို လွယ်လွယ်ကူကူ ရှာဖွေနိုင်စေဖို့သင်တို့ရဲ့ ဖုန်းထဲမှာ အလွယ်တကူဆောင်ထားလို့ရတဲ့ အကောင်းဆုံး အဘိဓာန် (၁၀)ခုကို ဖော်ပြပေးလိုက်ပါတယ်။

 

  1. Wordreference Dictionary

ဘာသာစကားလေ့လာနေသူတစ်ယောက်အဖို့တော့ အကောင်းဆုံးတွေထဲကမှ တစ်ခုပါပဲ။ ဘာသာစကား ၁၈ မျိုးပါဝင်ပါတယ်။ ကိုယ်ရှာချင်တဲ့ ဘာသာစကားကို အလွယ်တကူရှာဖွေနိုင်ပြီး စကားလုံးတွေကို ဘာသာပြန်ပေးရုံမက ဘယ်နေရာမှာ ဘယ်လိုသုံးနိုင်တယ်က အစဖော်ပြပေးထားပါတယ်။

Type - English/ Multilingual

Devices - iOS/ Android

Price - Free

 

  1. Merriam-Webster 

Merriam-Webster ကတော့ ၁၈၂၈ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အင်္ဂလိပ်စာအဘိဓာန်များတွင် လူသိအများဆုံးထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အနှစ် ၂၀၀ နီးပါးကြာပြီးနောက် Mobile App များဖြင့် စတင်အသုံးပြုနိုင်လာတဲ့အခါ အသံနဲ့ရှာဖွေမှု ပြုလုပ်တဲ့နေရာမှာ(Voice Search) အထူးသဖြင့် အားသာပါတယ်။ စကားလုံးတစ်လုံးကို စာလုံးမပေါင်းတတ်ရင်တောင် အသံထွက်သိရုံနဲ့ ရှာဖွေနိုင်ပါတယ်။ ထို့အပြင် App တွင် Word of the Day နှင့် Vocabulary Quiz လေးတွေပါ ထည့်သွင်းပေးထားပါသေးတယ်။

Type - English

Devices - iOS/ Android

Price - Free/ with in-app purchases

 

  1. Kids Picture Dictionary

သင့်ကလေးငယ်က ဖေဖေ၊မေမေခေါ်တတ်တဲ့ အရွယ်ကနေ စကားလုံးလေးတွေကို စတင်မြည်းစမ်းမယ့် အချိန်ရောက်ပြီဆိုရင်တော့ ဒီ အဘိဓာန်လေးကိုသာ ဆောင်ထားလိုက်တော့နော်။ ဒီအဘိဓာန်မှာဆိုရင် ကလေးတွေရဲ့ အာရုံကို ဖမ်းစားနိုင်မယ့် စိတ်ဝင်စားစရာ ရုပ်ပုံကားချပ်လေးများနဲ့ ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ ကိုယ်ပိုင်အသံထွက်ကိုပါ မှတ်တမ်းတင်နိုင်ပြီး ပြန်လည်စစ်ဆေးနိုင်မှာပါ။ 

Type - Kids

Devices - iOS/ Android

Price - Free/ with in-app purchases

 

  1. Urban Dictionary 

သင်ကဘယ်လောက်ပဲ ဘာသာစကားလေ့လာရာမှာ ကျွမ်းကျင်ပိုင်နိုင်နေပါစေ ဘာသာစကား တစ်ခုရဲ့ ဗန်းစကား၊ ခေတ်စကားအသုံးအနှုန်း နဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံတွေကိုတော့ ခေတ်နဲ့အမီ လိုက်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါဆိုရင်တော့ Urban Dictionary ကိုသာ ချက်ချင်း ဒေါင်းလုပ်ပ်ဆွဲထားလိုက်တော့နော်။ ဒီ အဘိဓာန်ဟာဆိုရင် နာမည်ကြီး ဝက်ဘ်ဆိုဒ်ကို အခြေခံပြီး App ကိုရေးဆွဲထားတာပါ။ ဘာသာစကားလေ့လာနေသူတိုင်းအတွက် ဗန်းစကားများကို စုံစုံလင်လင်သိရှိခွင့်ရမယ့် အဘိဓာန်တစ်ခုပါ။

Type - Slang

Devices - iOS/ Android

Price - Free



 

  1. BBC Learning English 

EFL ဘာသာရပ်ကို လေ့လာတက်ရောက်နေသူတွေအတွက် မရှိမဖြစ် ဆောင်ထားရမယ့် အဘိဓာန်တစ်ခုပါ။ အင်္ဂလိပ်စာကို Level တိုင်းအတွက် လေ့လာနိုင်ပါတယ်။ သတင်းအကြောင်း လေ့လာနေသူတွေအတွက်လည်း အထူးသင့်တော်ပါတယ်။ ဝက်ဘ်ဆိုဒ်တွင် လေ့လာနိုင်သလို App ဖြင့်လည်း လေ့လာနိုင်ပါတယ်။ 

Type - English as foreign language

Devices - iOS/ Android

Price - Free

 

  1. iAbidan

ဒါကိုတော့ တော်တော်များများသိကြလိမ့်မယ်လို့ထင်ပါတယ်။ အင်္ဂလိပ် - မြန်မာ/ မြန်မာ - အင်္ဂလိပ် ကို လွယ်လွယ်ကူကူ ရှာဖွေနိုင်ပါတယ်။ App ရေးဆွဲသူကလည်း မြန်မာနိုင်ငံသားဖြစ်လို့ မြန်မာလူမျိုးတွေ အသုံးပြုရလွယ်ကူစေဖို့ကို အခြေခံပြီးရေးဆွဲထားပါတယ်။ ဝေါဟာရစုံလင်တာမို့ သင့်ရဲ့ဖုန်းထဲမှာ မရှိမဖြစ်ဆောင်ထားသင့်ပါတယ်။

Type - English/Myanmar

Devices - iOS/ Android

Price - Free

 

  1. Eng-Mm Dictionary

မြန်မာနိုင်ငံက ရေးဆွဲထားတဲ့ App ပါ။ စကားလုံး/ဝေါဟာရများကို အင်္ဂလိပ် - မြန်မာ/ မြန်မာ - အင်္ဂလိပ်လွယ်လွယ်ကူကူ ရှာဖွေနိုင်ပါတယ်။ စကားလုံးတိုင်းရဲ့ အသုံးပြုပုံ၊ သာဓကစာကြောင်းသံတူကြောင်းကွဲ၊ ဆန့်ကျင်ဘက်စကားလုံးတွေကိုပါ တစ်ခါတည်း တွေ့ရှိရမှာပါ။ ဒါ့အပြင် စကားအသုံးအနှုန်းတွေကို Category အလိုက်ပါ ခွဲခြားလေ့လာနိုင်သလို Word Quiz လေးတွေကိုပါ ဆော့နိုင်ပါသေးတယ်။ 

Type - English/Myanmar

Devices - iOS/ Android

Price - Free

 

  1. Chinese English Dictionary

တရုတ်ဘာသာစကားကို လေ့လာနေတဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ တရုတ်ဘာသာစကားနဲ့ဆိုင်တဲ့ အကြောင်းအရာမျိုးစုံကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းဖော်ပြထားပါတယ်။ သင်က တရုတ်လူမျိုးဖြစ်ပြီး အင်္ဂလိပ်စာဝေါဟာရကို လေ့လာချင်တယ်၊ တိုးတက်ချင်တယ်ဆိုရင်လည်း ဒီအဘိဓာန်လေးက အဆင်ပြေစေမှာပါ။

Type - Chinese/English

Devices - Android

Price - Free/ with in-app purchases

 

  1. Dictionary Linguee

စကားလုံးတစ်လုံးကို ရှာဖွေလိုက်ရုံနဲ့ ဘာသာစကားမျိုးစုံနဲ့  တစ်နေရာတည်းမှာ သိရှိချင်တယ်ဆိုရင်တော့ ဒီအဘိဓာန်ကိုသာ ဆောင်ထားလိုက်ပါ။ ဘာသာစကားတိုင်းရဲ့ ကွဲပြားခြားနားမှုကို တစ်နေရာတည်းမှာ လေ့လာနိုင်မှာပါ။ ဝေါဟာရအဘိဓာန်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ပေါင်း၄၀၀ ကျော်နဲ့ ရေးဆွဲထားတဲ့ App မို့လို့ မကောင်းမှာတော့ ပူစရာမရှိပါဘူး

 Type - English/ Multilingual

Devices - iOS/ Android

Price - Free

 

  1. Gre Vocabulary Builder - Test Prep

 

Gre Vocabulary Builder ကတော့ ရိုးရိုးအဘိဓာန်မျိုးမဟုတ်ပဲ စာမေးပွဲဖြေဆိုမယ့်သူတွေ၊ ဘာသာစကားဆိုင်ရာ စမ်းသပ်စစ်ဆေးမှုတွေအတွက် အထူးရေးဆွဲ ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ဝေါဟာရတွေကို အပိုင်းလိုက်ခွဲခြားသတ်မှတ်ပေးထားပြီး လေ့လာမှုအပိုင်းမှာ ဂိမ်းဆော့သလိုမျိုး အဆင့်တစ်ခုဖြတ်ကျော်ပြီးရင် နောက်ထပ် ခက်ခဲတဲ့ အဆင့်တစ်ခုကို ရောက်ရှိသွားမှာပါ။ SAT နဲ့ TOEFL ဖြေဆိုမယ့်သူများအတွက် အထူးသင့်တော်ပါတယ်။ 

 Type - Test Prep

Devices - iOS/ Android

Price - Free

 

Knowledge Read 883 times