Sales Hotline : 09448001653       Download App



ကမ္ဘာကျော် သင်ကြားရေး ပလက်ဖောင်းတစ်ခုဖြစ်တဲ့ HP Life မှာ သင်တန်းတွေ အခမဲ့တက်ကြမယ်

 

ကမ္ဘာကျော် နာမည်ကြီး သင်ကြားရေးပလက်ဖောင်းတစ်ခုဖြစ်တဲ့ HP Life မှာ သင်တန်းတွေကို အခမဲ့တက်ရောက်ပြီး Certificate ပါ အခမဲ့ရယူနိုင်ပါပြီ။ HP Life ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ စွန့်ဦးတီထွင်သူများ၊ လုပ်ငန်းပိုင်ရှင်များ၊ ကျောင်းသား၊ကျောင်းသူများအတွက် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေးပရိုဂရမ်တွေကို သင်ကြားပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပါ။

 

ဒီတစ်ခေါက်မှာဆိုရင်လည်း Finance, Marketing, Operations, Communication, Startup/Innovate စတဲ့ Categories အောက်ကပညာရပ်တွေကို အခမဲ့ တက်ရောက်လေ့လာလို့ ရမှာပါ။ ဒီသင်တန်းတွေအားလုံးက နိုင်ငံတကာပညာရေးကို သင်ကြားရတဲ့အတိုင်း ဖြစ်စေဖို့ ဒီဇိုင်းဆွဲထားပါတယ်။ 

 

အိမ်မှာ အင်တာနက်နဲ့ ကွန်ပြူတာတစ်လုံးရှိရုံဖြင့် HP Life က သင်တန်းတွေကို တက်ရောက်ပြီး နိုင်ငံတကာပညာရေးဆိုတာ ဘာလဲ လေ့လာနိုင်ပါပြီ။ သင်တန်းတွေအားလုံးက ကိုယ်တိုင် Self-Learning ဖြစ်လို့ ကိုယ်အဆင်ပြေတဲ့ အချိန်ကို ရွေးချယ် တက်ရောက်နိုင်ပါတယ်။

 

Video Lectures တစ်ခုချင်းစီတိုင်းက စိတ်ဝင်စားစရာကောင်းပြီး Assessment ပုံစံမျိုးလည်း ပါဝင်ပါတယ်။ သင်တန်းတစ်ခုချင်းစီတိုင်းက သင့်ကို ယုံကြည်မှုရှိလာစေပြီး ကျွမ်းကျင်မှု အသစ်တွေကိုပါ ရရှိလာစေပါလိမ့်မယ်။ သင်တန်း Categories အနေနဲ့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ၅ မျိုးရှိပြီး အဲဒီအောက်မှာ သင်တန်းပေါင်း (၃၂) ခုကျော် ပါရှိပါတယ်။

 

ဒါဆိုသင်တန်းနဲ့ ပတ်သက်ပြီး အသေးစိတ် ကြည့်လိုက်ကြရအောင်_

 

  • Host Institute: HP Life

  • E-learning Platform: Hp Life ( Global Training Program)

  • Access Mode: Online

  • Who is Eligible: All World Wide Students

Courses Covered by HP Online 2023:

  • Finance

  • Marketing

  • Operations 

  • Communication

  • Startup/Innovate

 

သင်တန်းနဲ့ ပတ်သက်ပြီး ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Self-Learning ဖြစ်သောကြောင့် ကိုယ်အဆင်ပြေတဲ့ အချိန်တက်ရောက်နိုင်ခြင်း

  • သင်တန်းပြီးဆုံးချိန်တွင် Free Certificate ရရှိနိုင်ခြင်း

  • အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ တရုတ်၊ ပေါ်တူဂီ၊ အာရဗီ၊ ဟိန္ဒီ ဘာသာစကား (၇) မျိုးဖြင့် သင်ယူနိုင်ခြင်း

  • Registration Fee 100% Free ဖြစ်ပြီး သင်တန်းကြေးကုန်ကျမှု မရှိခြင်း

 

ဘယ်လိုလူတွေ လျှောက်ထားလို့ရလဲ?

  • နိုင်ငံတကာမှ ကျောင်းသားတိုင်း လျှောက်ထားလို့ ရပါတယ်။

  • ပညာအရည်အချင်း/အသက်အရွယ် မကန့်သတ်ထားပါ

  • Register လုပ်ဖို့အတွက် ကန့်သတ်ချက်များ မရှိပါ။

 

သင်တန်းလျှောက်ထားဖို့အတွက် Deadline မရှိပါဘူး။ တစ်နှစ်ပတ်လုံး ကြိုက်တဲ့အချိန် လျှောက်လို့ ရပါတယ်။

 

ဘယ်လိုလျှောက်ထားရမလဲ?

  • Official Website ကို သွားပြီး သင်နဲ့ အကိုက်ညီဆုံး နယ်ပယ်ကို ရွေးချယ်ပါ။ (Category ရွေးပါ။ )

  • ပြီးရင်တော့ အဲဒီ Category အောက်မှာရှိတဲ့ သင်တန်း Topic တွေကို ရွေးချယ်ပါ။

  • သင်တန်းရွေးချယ်ပြီးရင်တော့ Register လုပ်ပြီး တက်လို့ရပါပြီ။

 

လျှောက်ထားရမည့်လင့်ခ် > https://www.life-global.org/

Official Website Link > https://www.life-global.org/

Latest Post University / College Vocational Read 550 times